လှပကြွရွလွန်းပြီး သေချာထိန်းသိမ်းထားတဲ့ ခန္ဓာကိုယ် အလှတရား ၊ ပရိတ်သတ်တွေတိုင်းက ချစ်ခင်အားကျရလောက်တဲ့ကျော့ရှင်းမှုနဲ့ ပြည့်စုံလွန်းသူလို့ ဆိုရရင်တော့ မင်းသမီး သင်ဇာဝင့်ကျော် ကိုပဲ ညွှန်ပြရမှာဖြစ်ပါတယ်။
မတ်မတ် သင်ဇာ လို့အများကချစ်စနိုးနဲ့ ခေါ်ကြတဲ့ သင်ဇာဝင့်ကျော် ဟာ ကျော့ရှင်းလှပလွန်းတဲ့ ခန္ဓာကိုယ်အလှကြောင့် နောက်ပိုင်းမှာ ပရိတ်သတ်များအကြား ပိုပြီးနာမည်ကျော်ကြား လူကြိုက်များလာတာဖြစ်ပါတယ်။
အနုပညာနဲ့ပတ်သက်ရင် အရမ်းကိုဝါသနာပါတဲ့ မတ်မတ်သင်ဇာက သူမ ကိုယ်တိုင်သီဆိုပြီး သူမနဲ့ သူမချစ်သူတို့ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ တေးသီချင်းဗီဒီယိုအကြောင်း အမြည်းလေးချကျွေးလာပါတယ်။ ထိုတေးသီချင်းမှာ သိပ်မကြာခင်မှာ ထွက်ရှိမှာမို့ သူမကို အားပေးဖို့လည်း ပရိတ်သတ်ကိုပြောကြားထားပါသေးတယ်။ သူမနဲ့ သူမချစ်သူတို့လည်း ဘယ်လောက်တောင် ရိုဦးမလဲဆိုတာ စိတ်ဝင်စားစရာအင်မတန်ကောင်းနေပြီမို့ ပရိတ်သတ်ကြီးများကြည့်ရှုခံစားနိုင်အောင် ဖော်ပြလိုက်ရပါတယ်။
photo_ thinzar wint kyaw”s fb acc
crd