သင်တို့ ရွေးချယ် လိုက်တဲ့ ရုပ်ပုံ တွေကပြောပြမယ့် သင်တို့စုံတွဲရဲ့အချစ်ရေး အကြောင်း

Posted on

သင်တို့ရဲ့ပျော်ရွင်စရာကောင်းတဲ့ အချစ်ရေး ကို ရုပ်ပုံ တွေကဆင့်ပြောပြတာဟာ နည်းနည်းတော့ထူးဆန်းသလိုဖြစ်နိုင်ပါတယ်။

အဆိုပါ ရုပ်ပုံ တွေဟာ လူမှု စိတ်ပညာရှင် တွေရဲ့ ခန့်မှန်းချက်ဖြစ်တာကြောင့် သင်တို့စုံတွဲ နဲ့ ဆင်တူတဲ့ ရုပ်ပုံ ကို

လက်နဲ့ထိပြီး သင်တို့ရဲ့အချစ်ရေး အခြေအနေကို ဖတ်ရှုနိုင်ပါတယ်။

( 1 )သင်တို့စုံတွဲ လိုပါပဲ…

အမျိုးသမီး လေးဟာ သူမရဲ့ချစ်သူ အတွက် ဂုဏ်ယူနေပြီးတော့ အဲဒီ့အကြောင်းကို တစ်ကမ္ဘာလုံးသိအောင် ပြောပြချင်နေပါတယ်။

သူမ ကအရမ်းကို လွတ်လပ် ပျော်ရွင်နေပြီးတော့ ပတ်ဝန်းကျင် ကဘယ်လိုပဲထင်ထင် သူမကဂရုစိုက်မှာမဟုတ်ပါဘူး။

သူမရွေးချယ်ထားတဲ့ ချစ်သူ က သူမအတွက်အကောင်းဆုံးလို့ ထင်နေပြီးတော့ သင်တို့ရဲ့ဆက်ဆံရေး က နှစ်ယောက်စလုံး အရမ်းကို ပွင့်လင်း ပါတယ်။

( 2 )လူတော်တစ်ယောက်ရဲ့နောက်မှာ ထက်မြက် တဲ့ မိန်းမ တစ်ယောက်ရှိနေတယ် ဆိုတဲ့စကားဟာ သင်တို့စုံတွဲ ကိုပြောတာပါ။

သူမ ဟာ ပြဿနာ တွေနဲ့ စိတ်ရှုပ်စရာတွေကြုံလာရင်တောင်မှ ချစ်သူ ကိုကူညီပေးနေမယ့်သူပါ။

သူမရဲ့ချစ်သူ ကို အမြင့်ဆုံးကိုတက်လှမ်းနိုင်ဖို့အတွက် အချိန်တိုင်း ဘေးကနေကူညီပေးနေမယ့်သူလေးပါ။

( 3 ) သေချာပါတယ်…

သင်တို့နှစ်ယောက်ရဲ့ ချစ်သူ ဘ၀ မှာ ယောက်ျားလေး ကအမြဲတမ်းခေါင်းဆောင်ပါပဲ။ သူက တာဝန်ယူချင်စိတ်ရှိပြီးတော့ စိတ်နဲနဲကြီးပါတယ်။

ဒါပေမယ့် မိန်ကလေး ရဲ့ အေးဆေးတည်ငြိမ်တဲ့စရိုက်ကြောင့် သင့်တို့ရဲ့ဆက်ဆံရေး ဟာ ညီမျှနေပြီး ပျော်ဖို့ကောင်းပါတယ်။ သင်တို့ရဲ့ဆောင်ပုဒ် က “ခေါင်းဆောင် တတ်သူနဲ့ မျှတသူ” ပါ။

( 4 )သင်တို့နှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အရမ်း ကိုရင်းနှီးကြသလို ချစ်သူ ချင်းယုံကြည်မှုပြင်ထန်သူများဖြစ်ပါတယ်။

ယောက်ျားလေး ဖြစ်သူဟာ သူ့ရဲ့ကောင်မလေး ကို ဘယ်လိုဒုက္ခတွေပဲကြုံကြုံ ရှေ့ကနေမားမားမတ်မတ် ကူညီနေမှာဖြစ်ပြီးတော့ …

သူမဖြစ်ချင်တာမှန်သမျှ သူကထောက်ပံ့ပေးသွားမှာပါ။ သင်တို့နှစ်ယောက်ရဲ့ အချင်းချင်းလေးစားဖို့နဲ့ အကြွင်းမဲ့ ယုံကြည်မှု ဟာ သင်တို့ရဲ့အချစ်ရေး အပေါ်မှာ အခြေခံနေပါတယ်။

(5 ) သင်တို့နှစ်ယောက်ဟာ အရမ်း ကိုအတွဲညီပြီးတော့ တစ်ယောက်နဲ့တစ်ယောက်နာလည်မှုရှိတဲ့ စုံတွဲ လေးဖြစ်ပါတယ်။

သင်တို့စုံတွဲ ရဲ့ အတူရှိနေကြတဲ့ မိနစ်တွေတိုင်းဟာ ပျော်စရာတွေနဲ့ပြည့်စေပြီးတော့ …

တစ်ယောက်ရဲ့ကိစ္စတိုင်း ကိုတစ်ယောက်က လိုက်လုပ်နေတတ်ပါတယ်။ တယောက်ကိုအမြဲတမ်းပွေ့ဖက်ထားချင်လောက်အောင် ချစ်ကြတဲ စုံတွဲ လေးဖြစ်ပါတယ်။

( 6 )သင်တို့စုံတွဲ ကတော့ တစ်ယောက်နဲ့တစ်ယောက်ကြင်နာမှုတွေကို အများသူတွေသိအောင် မဖော်ပြတဲ့ စုံတွဲ လေးဖြစ်ပါတယ်။

ဒါပေမယ့် တစ်ယောက် ရဲ့ ဆန္ဒ တွေ၊ စိတ်သဘောထားတွေ၊ စိတ်ဝင်စားမှု တွေကို တစ်ယောက်ကအမြဲလေးစားနေတဲ့ သူတွေဖြစ်ပါတယ်။

သင်တို့ရဲ့ အချစ် တွေကို ဖေ့ဘွတ် ပေါ်မှာမမြင်တွေ့နိုင်ပေမယ့် တစ်ယောက်ကိုတစ်ယောက် အဆုံးမဲ့ ချစ်ခြင်းသင်္ကေတတွေကတော့ ရင်ထဲမှာရှိနေပါတယ်။

( 7 )သင့်တို့စုံတွဲ မှာ အရမ်းကိုကောင်းမွန်တဲ့ ဆယ်ဖီပုံ တွေ သန်း နဲ့ချီရှိပါတယ်။ သင်တို့နှစ်ယောက်ရဲ့ကြင်နာမှု ကို အများပြည်သူကို သိစေချင်ပါတယ်။

သင့်ရဲ့သူငယ်ချင်း တွေကလည်း အရမ်းကိုလှပပြီး လိုက်ဖက် တဲ့ စုံတွဲ လေးလို့ အားကျနေကြပါတယ်။

သင်တို့ရဲ့အချစ်ရေး ဟာ ဘယ်တော့မှပျင်းစရာမကောင်းသလို အမြဲတမ်းရင်ခုန်နေရမယ့် အနာဂတ်တွေရှိနေပါတယ်။

Source-Brightside #TB_naung_naung / Credit : H2H

Leave a Reply

Your email address will not be published. Required fields are marked *