ကင်ဆာ ဖြစ်လျှင် အသားကြီး၊ ငါးကြီး မစားရဘူး ဆိုတာ ဟုတ်ပါ သလား
Posted on
အသားဆိုတဲ့ နေရာ မှာ
3. ပဲ အမျိုးမျိုး
4. ကြက်ဥ၊ ဘဲဥ၊ ငုံးဥ
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
unicode
အဖြေ ကတော့ လုံးဝ မဟုတ်ပါ။
အသားဆိုတဲ့ နေရာ မှာ
1. အဖြူရောင် အသား – ကြက်သား၊ ငါး၊ ငါးဖယ်၊ ပုဇွန်
2. အနီရောင် အသား – ဝက်သား၊ အမဲသား၊ ဆိတ်သား
3. ပဲ အမျိုးမျိုး
4. ကြက်ဥ၊ ဘဲဥ၊ ငုံးဥ
5. နို့ နှင့် နို့ ထွက် ပစ္စည်း
ဒီအသားတွေ ထဲ မှာ အနီရောင် အသား ကို တပါတ် ၂ ကြိမ်လောက် ကျွေးရင် ရပါတယ်။ မကျွေးလဲ ရပါတယ်။ အနီရောင် အသား စားတာများရင် တော့ တချို့သော ကင်ဆာ တွေ ဖြစ် နိုင်ချေ များတာတွေ တော့ ရှိပါတယ်။
အဖြူ ရောင် အသား၊ ပဲ၊ ဥ၊ နို့ တွေ ကတော့ နေ့စဉ် စားပေးရပါမယ်။
အကြ မ်းဖျင်း တရက် ကို ၁၀ ကျပ်သားလောက် စားပေးသင့်ပါတယ်။ အသားစားတာ နည်းလျှင် သို့မဟုတ် သက်သက်လွတ် စားရင် တော့ ဥ အမျိုးမျိုး၊ ပဲ အမျိုးမျိုး၊ နို့ နှင့် နို့ ထွက် ပစ္စည်း တွေ ကို များများ စားပေးပါ။
ကြက်ဥ ကတော့ အကာ စားမယ် ဆို ၃ -၄ လုံး စားလို့ ရသလို၊ အသားစားတာ နည်းရင် ဒီထက်ပိုစားလို့ရပါတယ်။
အနှစ်က တော့ တရက် တစ်လုံး ဆို ရပါပြီ။
အသား၊ ငါး ချက်ရင် ကျက်အောင် ချက်စား ဖို့လိုအပ်ပါတယ်။
ငါးခြောက်၊ အသားခြောက်တွေ ထက် အသား အစစ် က ပိုကောင်းပါတယ်။
လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်
Leave a Reply
Your email address will not be published. Required fields are marked *