မုန်တိုင်း လက်ကျန် လေပွေလှိုင်း များ၏ အရှိန်ကြောင့် မြန်မာပြည် နေရာအနှံ့အပြား မိုးရွာမည်

Posted on




unicode

အရှေ့ဘက်မှ ရွေ့လျားလာသော မုန်တိုင်းလက်ကျန် လေေ ပွလှိုင်း များ၏ အရှိန်ကြောင့် အောက်တိုဘာလ ၂၈ ရက်မှ ၃၁ ရက်အတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင် ကြောင်း မိုးေ လ ဝ သနှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ လေပွေလှိုင်းများ၏ အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေး တို င်း ဒေသကြီး၊ မကွေးတို င်းေ ဒ သကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ချင်းပြည် နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေ သကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခို င်ြ ပည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် တနင်္သာရီ တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့ အပြား မိုးထစ်ချုန်း ရွာနိုင်ကြောင်း သိရသည်။

ထို့ပြင်မြ စ်ရေကြီးမှုအနေဖြင့် ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှု အခြေအနေအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၃)လ က်မ ခန့် ကျော် လွ န်ေ ရာက်ရှိနေပြီး အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အောက်သို့ ပြန်လည်ကျဆင်း နိုင်ကြောင်း ထုတ်ပြန် ထားသည်။

ချင်းတွင်းမြစ်ရေသည် ဖောင်းပြင်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီး အဆိုပါမြစ်ရေသည် လက်ရှိရေမှတ်မှ နောက်(၁)ရက်အတွင်း ပေဝက်ခန့် ဆက်လက် တက် လာ နိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *