ဆူ ပွက် လာေ နသော မြေထဲ ပင် လယ် အရှေ့ ခြမ်း တင်းမာ မှုကြီး

Posted on

ဩဂုတ်လ ၁၂ ရက်နေ့တွင် Oruc Reis လို့ အမည် ပေးထားတဲ့ တူရကီ ၏ ပင်လယ်ရေအောက် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေရေး သင်္ဘောကြီးသည် ဖ ရီးဂိတ် စစ်သင်္ဘော ငါးစီး ခြံရံကာ မြေထဲပင်လယ် ထဲ ကို ဝင်ရောက်လာခဲ့ပါတယ်။ အနီးအနားရှိ ဂရိ သီးသန့် စီးပွားရေး ဇုံကို ကာကွယ်ပေးနေတဲ့ The Lim nos စစ်သင်္ဘော အိုကြီး တစီးက လည်း တူရကီ ရဲ့ လုပ်ရပ်ကို မလှမ်းမကမ်းက နေ စောင့်ကြည့်နေခဲ့ပါတယ်။ ဒီလို စောင့်ကြည့်နေရင်းက သင်္ဘော တွေ ကွေ့ ကာ ဝိုက်ကာ သွား ရင်းက တိုက်မိကုန်ပါတယ်။

နှစ်နိုင်ငံစလုံးက ဒီ အဖြစ်အပျက် ကို ဖုံးဖိ ထားကြဖို့ ကြိုးစားခဲ့ပေမယ့် ဂရိစစ်သင်္ဘော ကက်ပတိန်မှ မိမိတို့၏ သင်္ဘောသည် အိုမင်း ဟောင်နွမ်းနေပြီ ဖြစ်ေ သ်ာလည်း ရေကြောင်းပိုင်နက်ကို ကာကွယ်နိုင်ခဲ့လို့ ကြွားဝါ ပြောဆိုခဲ့ရာမှ လူသိရှင်ကြား ဖြစ်သွားခဲ့ရပါတယ်။ ဒါတင် မကသေးပဲ ဂရိကာကွယ်ရေး ဝန်ကြီး ကနေ The Limnos စစ်သင်္ဘော ကက်ပတိန် ကို ချီးကျူးဂုဏ်ပြုစကား ပြောလိုက်တဲ့ အတွက် တူရကီတို့ ဒေါသအိုး ပေါက်ကွဲခဲ့ရပါတယ်။ နောက်ထပ် ဒီလို ဖြစ်လာ ရင် မိမိတို့ မှ လက်တုံ့ပြန်ရလိမ့်မယ်လို့ တူရကီ သမ္မတ တေယစ် အာဒိုဂန်က ကြုံးဝါးလိုက်ပါတယ်။

ဂရိ နဲ့ တူရကီ ဖရီးဂိတ် စစ်သင်္ဘောများ မြေထဲပင်လယ် အတွင်း ထိခိုက်ခဲ့မှုသည် နေတိုးမဟာမိတ် နှစ်နိုင်ငံအကြား အဆိုးဝါးဆုံး ထိတ်တိုက် တွေ့မှုကြီး လို့ သုံးသပ်ခဲ့ ကြပါတယ်။

ပြင်သစ် သမ္မတ မာကရွန်မှ ဂရိဝန်ကြီးချုပ်ထံ ဖုန်းဆက်ပြီး မြေထဲ ပင်လယ် ဒေသအတွင်း မိမိတို့ ဖက်မှ ဂျက်တိုက်လေယာဉ် နှစ်စီး နဲ့ စစ်သင်္ဘော နှစ်စီးကို ယာယီ စေလွှတ်ပေးမယ်လို့ အသိပေးခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာကြဖို့ အတွက် ဖြစ်တယ်လို့ အကြောင်းပြခဲ့ပါ တယ်။

ဂရိ နဲ့ တူရကီ နှစ်နိုင်ငံတို့ အဖို့ ၁၉၉၆ မှာ အေဂျီယံ ကျွန်းတန်းများ အရေး နဲ့ ပတ်သက်ပြီး စစ်ဖြစ်လုနည်းပါး အခြေအနေ ဆိုက်ရောက်ခဲ့ဖူးပါတယ်။ နော က်ပိုင်းမှာ ရန်စောင်မှုတွေ ဆက်ဖြစ်လာနေပြီး ၂၀၁၇ ခုနှစ်အတွင်း ဂရိ လေကြောင်းပိုင်နက်ထဲကို တူရကီ စစ်လေယာဉ်တွေ အကြိမ်ပေါင်း ၃,၀၀၀ ခန့် ကျူးေ ကျာ်ဝင်ရောက် လာခဲ့တယ်လို့ ဂရိက ပြောလာပါတယ်။

၁၉၇၄ ခုနှစ် အတွင်း ဆိုက်ပရပ်ကို တူရကီ တို့ ဝင်ရောက်ကျူးကျော်ခဲ့ရာက ဆိုက်ပရပ်ကျွန်း အရေး နဲ့ ပတ်သက်ပြီး နှစ်နိုင်ငံအကြား သဘော ကွဲလွဲမှုများက လည်း စတင်လာခဲ့ပါတယ်။ လက်ရှိ တင်းမာမှုများကတော့ နယ်မြေ အငြင်းပွားမှု နဲ့ ပတ်သက်လှခြင်း မရှိပဲ စွမ်းအင်၊ လုံခြုံရေး နဲ့ ဝါဒရေးရာ ပိုင်းတွေနဲ့ ပိုပြီး သက်ဆိုင်နေပါတယ်။

တူရကီ က လောလောဆယ်မှာ ဆီရီးယား မှ လစ်ဗျား အထိ စစ်မျက်နှာ ဖြန့်ကျက် လာတဲ့အတွက် ဥရောပ နိုင်ငံတွေ အပြင် အရှေ့အလယ်ပိုင်းက ပြိုင်ဖက် နိုင်ငံတွေနဲ့ပါ ထိတ်တိုက် တွေ့လာနေပါတယ်။

ပြီးခဲ့တဲ့ ဆယ်နှစ်လောက်တုန်းက အရှေ့အလယ်ပိုင်းရှိ စွမ်းအင် အငတ်မွတ်ဆုံး အစ္စရေးက နိုင်ငံအတွင်း ရေနံ အရင်းအမြစ်များကို ရှာဖွေတွေ့ရှိခဲ့ပြီလို့ ထုတ်ြေ ပာ လာပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက် ၁,၆၄၅ မီတာ အကွာမှာ ကုဗမီတာ ဘီလီယံပေါင်း ၄၅၀ ပမာဏရှိ သဘာဝဓါတ်ငွေ့တွေ တွေ့ရှိ ခဲ့တယ်လို့ ဆိုပြီး လဗိုင်ယာသန် သဘာဝ ဓါတ်ငွေ့တွင်းလို့ အမည်ပေးခဲ့ပါတယ်။

၂၀၁၅ မှာ အီတလီ ရေနံ နဲ့ သဘာဝဓါတ်ငွေ့ ကုမ္ပဏီကြီး ဖြစ်တဲ့ Eni ကနေ အီဂျစ် ကမ်းလွန်မှာ ဧရာမ သဘာဝဓါတ်ငွေ့တွင်းကြီး တခု ထပ်မံတွေ့ရှိ လြာ ပန်ပါ တယ်။ အလားတူပဲ ဆိုက်ပရပ်အနီးမှာလည်း အလားတူ တွေ့ရှိလာခဲ့ပါတယ်။ အီဂျစ်၊ အစ္စရေး နဲ့ ဆိုက်ပရပ်စ် သုံးခု ပေါင်းရင် ပမာဏ အားဖြင့် ၂.၃ တြီလီယံ ကုဗမီတာ ခန့် ရှိမယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။

ဒီပမာဏက ဥရောပ စွမ်းအင် ဖူလုံရေး အတွက် စိတ်ချရလောက်ပေမယ့် အနေအထား များကြောင့် ဒေသတွင်းရှိ နိုင်ငံအတော်များများက ဥရောပ ကို ရေနံ တင်ပို့နိုင်ရေး နဲ့ ရုရှား ဓါတ်ငွေ့တွေကိုသာ အောင့်အီး သုံးနေရတဲ့ နိုင်ငံတွေအပေါ် မဟာဗျူဟာ အရ အထက်စီးရလာနိုင်တဲ့ အနေအထားတွေကြောင့် အလုအယက် စိတ်အားထ က်သန်လာကြတာလည်း ဖြစ်ပါတယ်။

သို့သော်လည်း ထိုအရေး အတွက် ပူးပေါင်းဆောင်ရွက်ကြရမည့်အစား မြေထဲပင်လယ် မှာ အချင်းချင်း အားပြိုင်မှုတွေ ဖြစ်ပေါ်လာပါတယ်။ ယခုအချိန်ထိ ဓါ တ်ငွေ့ ဟူ၍ မြူတမှုန်မျှပင် ရှာမတွေ့သေးတဲ့ တူရကီကလည်း ဒီတိုင်း ကြည့်မနေနိုင်တော့ပဲ တိုင်းတာ ရှာဖွေရေး သင်္ဘောတွေကို ဂရိရဲ့ နိုင်ငံတကာ အသိ အမှတ်ပြု သီးသန့်စီးပွားရေး ဇုံထဲ အတင်း ကာရော စေလွှတ် လာခဲ့တာလည်း ဖြစ်ပါတယ်။

တူရကီအဖို့ နေမထိထိုင်မသာ ဖြစ်လာစေတဲ့ နောက်ထပ်အကြောင်း တခုကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ အတွင်း အစ္စရေး၊ ဆိုက်ပရပ်စ် နဲ့ ဂရိတို့က ဥရောပ ကို တင်ပို့နိုင်ရေး အတွက် ကီလိုမီတာ ၁,၉၀၀ အရှည်ရှိ ပင်လယ်ရေအောက် သဘာဝဓါတ်ငွေ့ပိုက်လိုင်းတခုကို တူရကီကို ကွေ့ဝိုက်ပြီး တည်ဆောက်ဖို့ သေ ဘာတူညီလိုက်ကြတဲ့ အတွက် ဖြစ်ပါတယ်။ ဒါ့အပြင် တူရကီကို ဖယ်ထုတ်ပြီး ဆိုက်ပရပ်စ်၊ အစ္စရေး၊ ဂရိ၊ အီတလီ၊ ဂျော်ဒန် နဲ့ ပါလက်စတိုင်းတို့က မြေထဲပင် လယ် အရှေ့ခြမ်း ဓါတ်ငွေ့ ဖိုရမ် ဆိုတဲ့ ကလပ်တခု ဖွဲ့စည်းလိုက်ပြန်ပါတယ်။

တူရကီကလည်း ဒီတိုင်းတော့ လက်ပိုက်ကြည့်မနေပဲ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလအတွင်း ကုလ ထောက်ခံတဲ့ လစ်ဗျား အစိုးရ နဲ့ ရေကြောင်းဆိုင်ရာ နယ်နမိတ် တိုးချဲ့ဖို့ သဘောတူညီချက် လက်မှတ် ရေးထိုး လိုက်ပါတယ်။ ဒီကိစ္စက ဂရိ ရဲ့ ရေကြောင်းပိုင်နက်ကို ခြိမ်းခြောက်လာခဲ့ပါတယ်။ ဂျာမဏီက ဝင်ရောက် စေ့စပ်ေ ပးဖို့ ကြိုးစားပေမယ့် ဂရိ က အီဂျစ်နဲ့ သီးခြားစာချုပ် ချုပ်ဆိုလိုက် တာကြောင့် ပျက်ပြားသွားခဲ့ပြန်ပါတယ်။ ဂရိ-အီဂျစ် ရေကြောင်းနယ်နမိတ် စာချုပ် သည် တူရကီ-လစ်ဗျား သဘောတူညီချက်ကို တိုက်ရိုက် ဆန့်ကျင်လိုက်တဲ့ သဘော သက်ရောက်သွားစေခဲ့ပါတယ်။ ဒီအတွက် တူရကီ က အဆိုပါ နယ်န မိတ်ထဲသို့ မြေငလျင် တိုင်းတာရေး သင်္ဘောကို စစ်သင်္ဘောတွေ ခြံရံပြီး စေလွှတ်ခဲ့တာလည်း ဖြစ်ပါတယ်။

နောက်တချက် မြေထဲပင်လယ်ကြီးကို ပွက်ပွက်ဆူစေခဲ့တာကတော့ လစ်ဗျား အရေးနဲ့ ပတ်သက်ပြီး တူရကီ က ဝင်ရောက် စွက်ဖက်လာနေတာကြောင့် ပြင် သစ်နဲ့ ထိတ်တိုက်တွေ့လာပြန်ပါတယ်။ ဇွန်လ အတွင်း လစ်ဗျား အစိုးရထံ လက်နက်များ တင်ပို့နေတဲ့ သံသယ နဲ့ သင်္ဘောတစီးကို ပြင်သစ်တို့ တ က်ရောက် ရှာဖွေမယ့် အရေးကို တူရကီက စစ်သင်္ဘောသုံးစီးက ဝင်ရောက် ဟန့်တားလာခဲ့ပါတယ်။ ပြင်သစ်က အလျော့မပေးတဲ့ အတွက် တူရကီတို့ နောက်ြ ပန်ဆု ပ်သွားေ ပမယ့် ပြင်သစ်သည် ဂရိ အပါအဝင် အခြားနိုင်ငံများနဲ့ ပေါင်းပြီး မိမိတို့အား အုပ်စုဖွဲ့ ဆန့်ကျင့်လာပြီလို့ ယူဆခဲ့ပါတယ်။

တူရကီက နေတိုး မဟာမိတ်နိုင်ငံတနိုင်ငံကို ဗြိတိန်မှ ဝင်ရောက်စွက်ဖက်ဖို့ လက်ရှောင်ချင်နေတာရယ်၊ ဂျာမဏီကလည်း သူ့နိုင်ငံထဲ တူရကီက ဒုက္ခသည်တွေ လွှတ်လိုက်မှာ စိုးနေတာရ ယ်ကို ရိပ်စားမိတဲ့ အတွက် ထင်တိုင်းကျဲလာနေတာ ဖြစ်ပါတယ်။

ယခင်ကတော့ ဒီလို အနေအထားမှာ အမေရိကန်က ဝင်ပါလာလေ့ ရှိပေမယ့် လက်ရှိမှာ မဟုတ်တော့ပါဘူး။ အခုလို ကမ္ဘာအနှံ့ တင်းမာမှုတွေ ဖြစ်လာတာ ကလည်း အမေရိကန် ဦးဆောင်ပြဠာန်းခဲ့တဲ့ ကမ္ဘာ့ အုပ်ချုပ်ရေး စနစ်ကြီး ပျက်ပြားလာတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။

ဒီအတွက် ဥရောပနိုင်ငံတွေက မိမိတို့ ကိစ္စကို မိမိတို့ ဖြေရှင်းရတော့မယ် ဆိုတဲ့ အသိနဲ့ ပြင်သစ် သမ္မတ မာကရွန် က ဩဂုတ်လ ၂၀ ရက်နေ့မှာ ဂျာမန် အဓိ ပတိ မစ္စက် မာကယ်ကို မြေထဲပင်လယ်ကမ်းစပ်ရှိ သမ္မတ အပန်းဖြေ အိမ် ကို ဖိတ်ခေါ်ပြီး တူရကီရဲ့ ထင်တိုင်းကြဲလာမှုအတွက် စစ်အင်အား အပြင် စေ့စပ် နားချတဲ့ နည်းလမ်းနှင့် ပေါင်းစပ်ကျင့်သုံးဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလို နည်းလမ်းတွေသုံးပြီး ဂရိ နဲ့ တူရကီကို စေ့စပ်ဆွေးနွေးရေး၊ စားပွဲဝိုင်းကို ပြန်လာကြရေး နဲ့ အငြင်းပွား ဒေသမှာ လောလောဆယ် ရေနံရှာဖွေရေး များ ရပ်ဆိုင်းထားနိုင်ရေး စတင်ဖို့ပဲ ဖြစ်ပါတယ်။

သို့သော်လည်း လက်ရှိ ရေနံဈေးနှုန်းတွေ ကျဆင်းလာနေတာကြောင့် ရေနံ ကုမ္ပဏီကြီးတွေက ဂရိကမ်းလွန်မှာ ရေနံတူးဖေါ်ရေး စတင်ဖို့ လက်တွန့်နေကြဆဲ ဖြစ် ပါတယ်။ နောက်တကြောင်းကလည်း လေထုသန့်စင်ရေး အထောက်အကူ ပြု စွမ်းအင်ကို ကူးပြောင်းဖို့ ဆောင်ရွက်နေမှုများကလည်း အားကောင်း လာနေ ပါ တယ်။ ၎င်းတို့ အချင်းချင်း မည်မျှပင် အငြင်းပွားနေကြစေကာမူ အဓိက ရင်းနှီးမြုပ်နှံမယ့် ရေနံ ကုမ္ပဏီကြီးတွေ လက်တွန့်နေတာကြောင့် မြေထဲပင်လ ယ်အော က်ရှိ သဘာဝ ဓါတ်ငွေ့များသည် ကာလကြာမြင့်စွာ အရာမယွင်းပဲ ဆက်လ က်ရှိနေဦးမှာ ဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *