ဘိုးဘြားေတြ ကို အမွည့္ေႁခြ ေနတဲ့ ကိုဗစ္ (ဒီကမာၻေျမ ကေန ထြက္သြားပါေတာ့)

Posted on

က်စရာ မ်က္ရည္လဲ မက်န္ေတာ့ပါ.. အဘြား ဆန္ျပဳတ္လား၊ ငွက္သိုက္ လား၊ ၾကက္ေပါင္းရည္လား၊ Ensure လား ဘာေသာက္ခ်င္လဲအဘြား.. ဆန္ျပဳတ္ အရင္ေသာက္မယ္.. ၿပီး ရင္ ငွက္သိုက္ နဲ႔ ၾကက္ေပါင္းရည္ နဲ႔ Ensure ေသာက္မယ္.. က်ေနာ္ၿပဳံးမိ.. Good အဘြားအာ့လိုစားႏိုင္လို႔ ေကာင္းတာျမန္တာ.. ဆန္ျပဳတ္ေလးကို ငါးေၾကာ္ေလးႏႊင္ၿပီးခြံ႕။ စားလို က္ တာ ကုန္ေရာ Fish is better than meat ေနာ္သား Yeah it’s rich of omega 3 & good for elderly patients Right right ေျပာေသးတယ္..

ေက်းဇူးတင္လိုက္တာ သားေလးရယ္.. သားေလးတို႔ေကြၽးလို႔ အဘြားအသက္ရွင္တာ.. ႏို႔မို႔ဆို အဘြား ငတ္ေသမွာ ေဝ့ကနဲ တက္လာတဲ့ မ်က္ရည္ အဘြားမျမင္သြားဘူး.. အဘြား သား က ၅၁ ႏွစ္နဲ႔ ဒီလ ၆ ရက္ေန႔ကဆုံးသြားတယ္.. အဘြားညီမ ႏွစ္ေယာက္က ဟိုဖက္ centre မွာေလ.. ဟုတ္အဘြား.. fighting ေနာ္.. ေအးပါ သားရယ္.. I Try အ ဘြား အ သက္ရွင္ခ်င္ေသးလို႔ ညက်ရင္လဲ ေကြၽးေနာ္ သားက ခနေန Duty ထြက္မွာ ေသခ်ာမွာခဲ့မယ္ေနာ္.. Please order them သားရယ္..

စားႏိုင္၊ေသာက္ႏိုင္တာရယ္ ဆရာဝန္‌ေတြရဲ႕ ၂၄ နာရီမျပတ္ ကုသမႈေတြရယ္၊ သူနာျပဳေတြ ရဲ႕ ျပဳစုမႈေတြ ရယ္ေၾကာင့္ မၾကာမီအခ်ိန္အတြင္း ေဆး႐ုံဆင္းရေတာ့မယ္လို႔ ထင္ခဲ့တာေလ။ ခု ဆုံးသြားၿပီတဲ့.. အခ်ိန္နဲ႔အမွ် ဆိုးသြားေစႏိုင္နဲ႔ေရာဂါ.. နင္အရမ္းရက္စက္တာပဲ ကိုဘစ္ရယ္ တကယ္အျပင္ထြက္ေပ်ာ္ပါးခဲ့တာ ငါတို႔ေလ.. ငါတို႔လူငယ္ေတြကိုက် အျပစ္မေပးဘဲ အျပစ္မရွိ၊ အိမ္ထဲေနတဲ့ ငါတို႔ ဘိုးဘြားေတြကိုမွ လုပ္ရက္တယ္ဟာ တစ္ရက္တစ္ရက္ ‌ထြက္သြားၾကတဲ့ အဘိုးအဘြားေတြအေၾကာင္း.. volunteer ေတြ စကားထိုင္ေျပာၾကရင္း ေျဖမဆည္ႏိုင္။ မ် က္ရည္ေတြလဲ မရွိေတာ့ပါဘူးဗ်ာ..

ခ်စ္ေသာ K Mask

unicode

ကျစရာ မျက်ရည်လဲ မကျန်တော့ပါ.. အဘွား ဆန်ပြုတ်လား၊ ငှက်သိုက် လား၊ ကြက်ပေါင်းရည်လား၊ Ensure လား ဘာသောက်ချင်လဲအဘွား.. ဆန်ပြုတ် အရင်သောက်မယ်.. ပြီး ရင် ငှက်သိုက် နဲ့ ကြက်ပေါင်းရည် နဲ့ Ensure သောက်မယ်.. ကျနော်ပြုံးမိ.. Good အဘွားအာ့လိုစားနိုင်လို့ ကောင်းတာမြန်တာ.. ဆန်ပြုတ်လေးကို ငါးကြော်လေးနွှင်ပြီးခွံ့။ စားလို က် တာ ကုန်ရော Fish is better than meat နော်သား Yeah it’s rich of omega 3 & good for elderly patients Right right ပြော သေး တယ်..

ကျေးဇူးတင်လိုက်တာ သားလေးရယ်.. သားလေးတို့ကျွေးလို့ အဘွားအသက်ရှင်တာ.. နို့မို့ဆို အဘွား ငတ်သေမှာ ဝေ့ကနဲ တက်လာတဲ့ မျက်ရည် အဘွားမမြင်သွားဘူး.. အဘွား သား က ၅၁ နှစ်နဲ့ ဒီလ ၆ ရက်နေ့ကဆုံးသွားတယ်.. အဘွားညီမ နှစ်ယောက်က ဟိုဖက် centre မှာလေ.. ဟုတ်အဘွား.. fighting နော်.. အေးပါ သားရယ်.. I Tr y အ ဘွား အ သက်ရှင်ချင်သေးလို့ ညကျရင်လဲ ကျွေးနော် သားက ခနနေ Duty ထွက်မှာ သေချာမှာခဲ့မယ်နော်.. Please order them သားရယ်..

စားနိုင်၊သောက်နိုင်တာရယ် ဆရာဝန်‌တွေရဲ့ ၂၄ နာရီမပြတ် ကုသမှုတွေရယ်၊ သူနာပြုတွေ ရဲ့ ပြုစုမှုတွေ ရယ်ကြောင့် မကြာမီအချိန်အတွင်း ဆေးရုံဆင်းရတော့မယ်လို့ ထင်ခဲ့တာလေ။ ခု ဆုံးသွားပြီတဲ့.. အချိန်နဲ့အမျှ ဆိုးသွားစေနိုင်နဲ့ရောဂါ.. နင်အရမ်းရက်စက်တာပဲ ကိုဘစ်ရယ် တကယ်အပြင်ထွက်ပျော်ပါးခဲ့တာ ငါတို့လေ.. ငါတို့လူငယ်တွေကိုကျ အပြစ်မပေးဘဲ အပြစ်မရှိ၊ အိမ်ထဲနေတဲ့ ငါတို့ ဘိုးဘွားတွေကိုမှ လုပ်ရက်တယ်ဟာ တစ်ရက်တစ်ရက် ‌ထွက်သွားကြတဲ့ အဘိုးအဘွားတွေအကြောင်း.. volunteer တွေ စကားထိုင်ပြောကြရင်း ဖြေမဆည်နိုင်။ မျ က်ရည်တွေလဲ မရှိတော့ပါဘူးဗျာ..

ချစ်သော K Mask

Leave a Reply

Your email address will not be published. Required fields are marked *