၉၅% အထိ အစွမ်းထက်တဲ့ ကိုဗစ် ကာကွယ်ဆေးသစ် အကြောင်း ကို ဒေါက်တာ ခင်ခင်ကြီး ပြောပြီ

Posted on





unicode

အမေရိကန် ကုမ္ပဏီ Moderna က ထုတ်လုပ်သော ကာကွယ်ဆေးဟာ ကိုဗစ်ကို ၉၅% ထိ ကာကွယ် နိုင်ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။ အဆိုပါကာကွယ်ဆေးကို လူ ပေါင်း ၃၀, ၀၀၀ တွင် စမ်းသပ်နေတာဖြစ်ပြီးတော့ လေးပတ်ခြားပြီး နှစ်ကြိမ်ထိုးရမှာဖြစ်ပါတယ်နော်။ အဆိုပါ တွေ့ရှိချက်ဟာ ပထမစမ်းသပ်သော လူ ၉၅ ဦး၏ ရလဒ်အပေါ် ထုတ် ပြန်ခြင်း ဖြစ် ပါတယ်။ ကာကွယ် ဆေးထိုးသူများထဲတွင် လူ ၅ ယောက်သာ ကိုဗစ်ဖြစ်ပြီး လူ ၉၀ သည် ရလဒ် ကောင်းမွန်သဖြင့် ၉၄.၅% ရှိပါတယ်။ အဆိုပါစမ်းသပ်မှုမှာ ရော ဂါပြင်းထန်သူ ၁၁ ဦးပါ ဝင် ပါသည်။ ကာကွယ်ေ ဆး၏ အာနိသင် မည်မျှကြာမည်နှင့် ပတ်သက်ပြီး မသိရသေးပါသို့သော် ရောဂါအန္တရာယ်ရှိသော အသက်ကြီးသူများတွင် ရော ဂါ ကာကွယ်နိုင်မှု ရသည်ဟူသော ေ တွ့ရှိ ချက်ကတော့ အားတက်စရာ ဖြစ်ပါတယ်။ အန္တရာယ်ကင်းရှင်းမှု ရှိသလားဆိုသည်နှင့် ပတ်သက်ပြီး သိသာ ထင်ရှားသော တွေ့ ရှိချက် မထွက်ပေါ် သေးသော် လည်း ၁၀၀ % အန္တရာ ယ်က င်းသည်ဟု မပြောနိုင်ပါ။ ဥပမာ ပါရာစီတ မောမောပန်းခြင်း ခေါင်းကို က်ခြင်း ဆေးထိုးသည့်နေရာ နာကြင်ခြင်း က တော့ ရှိနိုင်ပါ တယ်။ Pfizer ကာကွယ်ဆေးနှင့် နှိုင်းယှဉ်ပြရလျှင် နှစ် ခုစလုံးသည် ပိုး၏ မျိုးရိုးဗီဇ တစိတ်တပိုင်းကို ရယူပြီး တော့ ကိုယ်ခံအားတ က်အောင် ဆော င်ရွက် တာကတော့ တူပါသည်။ကနဦး ထွက်ပေါ်လာသည့် ရလဒ်အရတော့ Pfi zer/B i oN Tech မှထုတ်သောကာကွယ်ဆေးသည် ၉၀% ကာကွယ်နိုင်ပြီး Moderna မှ ထုတ်သော ကာကွယ်ဆေးသည် ၉၅% ကာကွယ်နိုင်ပါတယ်။

နှစ်မျိုးလုံးသည် ဆက်လက် သုတေသန ပြုလုပ်နေပြီး တော့ ပြီးဆုံးသည့်အခါ နောက်ပိုင်း ရလဒ်များ ပြောင်းလဲဖွယ်ရှိပါတယ်။ သို့သော် Moderna မှ ထုတ်သော ကာကွယ်ဆေး၏ အား သာချက်အကြီးစားမှာ ကာကွယ်ဆေးသိုလှောင်ရာ တွင် အနှုတ် ၂၀ စင်တီဂရိတ်တွင် ၆ လအထိ ထားသိုနိုင်ခြင်း ဖြစ်ပါတယ်။ Pfizer မှကာကွယ်ဆေးကမူ အနှုတ် ၇၅ စင်တီဂရိတ်တွင် ထားသိုရသဖြင့် အလွန်အေးသော အခြေအနေဖြစ်ရန် ultra-cold storage လိုအပ်ခြင်း ဖြစ်သဖြင့် နိုင်ငံများစွာအတွက် စိန်ခေါ်မှုအကြီးစား ဖြစ်ပါတယ်။ရုရှားမှ ထုတ်သော Sputnik ကာကွယ်ဆေးသည် ၉၂% ကာကွယ်မှုရသည်ဟု အစောပိုင်းဒေတာများအရသိရပါတယ်။ဒါဆို ဘယ်အချိန်ကာကွယ်ဆေးရမလဲ။

ဒါကတော့ သင်ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာနေတယ် အသက်ဘယ်လောက်ရှိပြီလဲဆိုသည် အပေါ်မူတည်နေပါတယ်။ Moderna ကမူ ရှေ့အပတ်များအတွင်း အမေရိကန် အာဏာ ပိုင်များထံ အတည်ပြုခွင့်ပြုချက်တောင်းခံပြီးတော့ တိုင်းပြည်အတွင်း ကာကွ ယ်ဆေး သန်း ၂၀ ရရှိအောင် ဆောင်ရွက်မည် ဖြစ်ပါတယ်။ဗြိတိန် အစိုးရကလည်း Moderna မှ တာဝ န်ရှိ သူများနှင့် ညှိနှို င်းမှု များ ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ ၎င်းတို့၏ အစီအမံတွင် အန္တရာ ယ်ရှိသည့် အသက်ကြီးသူများကို ဦးစားပေးထိုးနှံရန် ဆော င်ရွက် ထားပါ တ ယ်။ကာကွယ်ဆေးက ဘယ်လို အလု ပ် လုပ်တာလဲ။ ယခုကာ ကွယ်ဆေးသည် RNA vaccine ဖြစ်ပြီး ကိုဗစ် ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇ တစ်စိတ်တစ်ပိုင်းကို ရယူထားပြီး ခန္ဓာကို ယ်တွ င်း ထိုးသွင်းပေးခြင်းဖြစ်ပါသည်။ခန္ဓာကိုယ်၏ ခုခံ အား စနစ် အလုပ်လုပ်နိုင်စေရုံ ဆောင်ရွက်ထားတာဖြစ်ပြီး ဗိုင်းရပ်စ်တစ်ခုလုံး အသုံးပြုခြ င်းမဟုတ်ပါ ဒီလိုဆောင်ရွက်ခြင်းဖြင့် သွေးအတွင်း ကိုယ်ခံအားစနစ်တွင် T ဆဲလ်ဟုခေါ်သော ပဋိ ပစ္စည်း ထွက်ပေါ်လာစေခြင်းဖြင့် ကိုဗစ်ဗိုင်းရပ်စ်ကို တန်ပြန်တိုက်ထုတ်နိုင်ခြင်း ဖြစ်စေ ပါမည်။ ယခုတွေ့ရှိချက်သည် ကနဦး တွေ့ရှိချက်ဖြစ်ပြီးတော့ အဆိုပါ Moderna ကာကွယ်ဆေးနှင့် ပတ် သက်ပြီး ရှေ့ဆက်လက်လုပ်ဆောင်ရန် ကိစ္စများစွာ ကျန်ရှိနေပါသေးတယ်။

source;ဒေါက်တာခင်ခင်ကြီး

Leave a Reply

Your email address will not be published. Required fields are marked *