အိမ္ မွာ ကေလး ႏွစ္ေယာက္ က်န္ခဲ့လို႔ ေဆး႐ုံ မသြားခ်င္ တဲ့ ကိုဗစ္လူနာ (ကိုဗစ္ျဖစ္ရင္ မိသားစုနဲ႔ ခြဲကို ခြဲရမွာပါ)

Posted on

ကိုဗစ္ +ive လူနာနံပါတ္(၅) ဖ်ားနာေရာဂါကု ေဆးခန္း။ ၁၅၊၁၁၊၂၀၂၀(တနဂၤေႏြေန႔) ယေန႔အတြက္ ၂၀ ေယာက္ေျမာက္၊ ေဆးခန္းပိတ္ခါနီးမွ ေရာက္လာတဲ့ လူလတ္ပိုင္း အမ်ိဳးသ မီး လူ နာ၊ ေယာက်္ားက ဆိုက္ကားနဲ႔ လာပို႔တယ္။ ဖ်ားတာ ၃ ရက္၊ ႏွာေစးေခ်ာင္းဆိုး၊ အနံ႔မရတာက ၂ ရက္ မို႔ ေဆးခန္းလာျပတာတဲ့။ ေယာက်္ားက ဒီေလါက္ေလးနဲ႔ လာျပရမလား ဆိုပီး စိ တ္တိုေနတယ္။ လာတာက ေန႔တိုင္း P ထြက္ေနတဲ့ ရပ္ကြက္က။ ကေလး ၂ ေယာက္ လူမမယ္ေလးေတြနဲ႔၊ ေပါင္းအိမ္သား ၄ ေယာက္ ရွိတယ္။ ဆရာဝန္က ရာဇဝင္ေမး ေရာဂါလကၡ ဏါ စစ္ေဆးပီးသံသယ လူနာသတ္မွတ္တယ္။ ေဆး႐ုံကို inform referal လုပ္၊ PUI.. ၅ ေယာက္ ေျမာက္ စာရင္းသြင္းၿပီး swab ယူဘို႔လုပ္တယ္။ အဲ့ဒီမွ ါဇာတ္လမ္း စတာဘဲ။ ကြ ၽန္ မမစစ္ဘူး၊ ေဆး႐ုံလဲ မသြားႏိုင္ဘူး၊ ေယာက်္ားကလည္းမၾကည္ဘူး၊ အိမ္မွာ ကေလး ႏွစ္ေယာက္ကလည္း အ႐ြယ္မေရာက္ေသး၊ အိမ္မွာ က်မရွိမွ ျဖစ္မွာတဲ့။ swab ယူတဲ့ သမီးေ လး က ဖုန္းနဲ႔ေျပာတယ္၊ ဘယ္လို လုပ္ရ မလည္းတဲ့။ p ထြက္ေနက်ရပ္ကြက္က လာတယ္၊ လကၡဏါေတြလည္းရွိတယ္၊ ေခ်ာ့ေမာ့ေျပာၿပီး ယူလို႔။

ခနေနေတာ့ ျပန္ဆက္တယ္။ ဘယ္လိုေခ်ာ့လို႔မွ မရဘူး၊ ငိုယိုပီး သူ႔ကို ေသာက္ေဆးဘဲ ေပးလိုက္ပါ။ ဘယ္မွလည္း မထြက္ေတာ့ပါဘူး၊ ကေလးေတြ ဒုကၡေရာက္မွာ မို႔ပါတဲ့။ ကဲ သမီးေရ မ ယူဘဲ ျပန္လႊတ္လို႔ေတာ့ မျဖစ္ဘူး၊ နဲနဲ ၿခိမ္းေျခာက္လိုက္၊ ဥပေဒအရ အေရးယူခံရမယ္၊ လာဖမ္းမယ္လို႔သာ ေျပာဆိုေတာ့မွ swab ယူလို႔ရတယ္။ ဟုတ္ကဲ့ နံပါတ္ ၅ အပါအဝင္ သံသယ လူ နာ ၅ေယာက္ စလုံး P ထြက္ပါတယ္။ Swab ယူတဲ့ သမီးေလး ေရာက္ လာပီးေတာ့ ဆရာႀကီးရယ္ သမီးရင္ထဲ မေကာင္းလိုက္တာ၊ အိမ္မွာလည္း ဘာမွ ရွိပုံမရဘူး၊ ထမင္းလည္း မ စား ရေသးဘူးနဲ႔ တူတယ္တဲ့။ ဆရာေဌးေအာင္က သူစားမဲ့ ထမင္းဘူးကို ေပးခိုင္းလိုက္တယ္။ ဆရာအာကာကလည္း က်ေနာ္တို႔ စုပီးေထာက္ပံ့ရေအာင္ ဆိုပီး ေငြလိုက္စုလို႔ရတဲ့ ၃ ေသာ င္းကို လိုအပ္တာသုံးဖို႔ ေပးလိုက္ၿပီး တိုင္းရင္းေဆး႐ုံကို ambulance နဲ႔ ပို႔ေပးရတယ္။

စိတ္ထဲလည္း မေကာင္းဘူး၊ မိသားစုရဲ႕ ေနာက္ဆက္တြဲျပသနာေတြလည္း မစဥ္းစားျခင္ေတာ့ဘူး။ ဒါ့ေၾကာင့္ သတိေပး၊ အသိေပးျခင္တာက ကိုဗစ္ေၾကာင့္ ေသတာ မေသတာက ေနာ က္ ထား။ လတ္တေလာ ကိုယ္ကိုယ္တိုင္ရဲ႕ ဒုကၡေရာ၊ အိမ္က မိသားစုေတြရဲ႕ ဒုကၡေရာ၊ တအိမ္လုံး ကေလးလူႀကီး ဘိုးဘြားမက်န္ Qဝင္ရမွာ ေတြေရာ…. ထည့္သြင္းစဥ္းစားၾကပါလို႔။ ကပ္ေ ရာ ဂါ အေပါင္းမွ ကင္းေဝးၾကပါေစ။ လူမႈဒုကၡမ်ားမွလည္း ကင္းေဝးၾကပါေစ။

Ne Myo

unicode

ကိုဗစ် +ive လူနာနံပါတ်(၅) ဖျားနာ ရောဂါကု ဆေးခန်း။ ၁၅၊၁၁၊၂၀၂၀(တနင်္ဂနွေနေ့) ယနေ့အတွက် ၂၀ ယောက်မြောက်၊ ဆေးခန်းပိတ်ခါနီးမှ ရောက်လာတဲ့ လူလတ်ပိုင်း အ မျိုးသ မီး လူ နာ၊ ယောကျ်ားက ဆိုက်ကားနဲ့ လာပို့တယ်။ ဖျားတာ ၃ ရက်၊ နှာစေးချောင်းဆိုး၊ အနံ့မရတာက ၂ ရက် မို့ ဆေးခန်းလာပြတာတဲ့။ ယောကျ်ားက ဒီလေါက်လေးနဲ့ လာ ပြရ မလား ဆိုပီး စိ တ်တိုနေတယ်။ လာတာက နေ့တိုင်း P ထွက်နေတဲ့ ရပ်ကွက်က။ ကလေး ၂ ယောက် လူမမယ်လေးတွေနဲ့၊ ပေါင်းအိမ်သား ၄ ယောက် ရှိတယ်။ ဆရာဝန်က ရာဇဝ င်မေး ရောဂါလက္ခ ဏါ စစ်ဆေးပီးသံသယ လူနာသတ်မှတ်တယ်။ ဆေးရုံကို inform referal လုပ်၊ PUI.. ၅ ယောက် မြောက် စာရင်းသွင်းပြီး swab ယူ ဘို့လုပ်တ ယ် ။ အဲ့ဒီမှ ါဇာတ်လမ်း စတာဘဲ။ ကွ ျန် မမစစ်ဘူး၊ ဆေးရုံလဲ မသွားနိုင်ဘူး၊ ယောကျ်ားကလည်းမကြည်ဘူး၊ အိမ်မှာ ကလေး နှစ်ယောက်ကလည်း အရွယ်မရောက်သေး၊ အိမ် မှာ ကျမရှိမှ ဖြစ်မှာတဲ့။ swab ယူတဲ့ သမီးေ လး က ဖုန်းနဲ့ပြောတယ်၊ ဘယ်လို လုပ်ရ မလည်းတဲ့။ p ထွက်နေကျရပ်ကွက်က လာတယ်၊ လက္ခဏါတွေလည်းရှိတယ်၊ ချော့ မော့ပြောပြီး ယူလို့။

ခနနေတော့ ပြန်ဆက်တယ်။ ဘယ်လိုချော့လို့မှ မရဘူး၊ ငိုယိုပီး သူ့ကို သောက်ဆေးဘဲ ပေးလိုက်ပါ။ ဘယ်မှလည်း မထွက်တော့ပါဘူး၊ ကလေးတွေ ဒုက္ခရောက်မှာ မို့ပါတဲ့။ ကဲ သမီးရေ မ ယူဘဲ ပြန်လွှ တ်လို့တော့ မဖြစ်ဘူး၊ နဲနဲ ခြိမ်းခြောက်လိုက်၊ ဥပဒေအရ အရေးယူ ခံရမယ်၊ လာဖမ်းမယ်လို့သာ ပြောဆိုတော့မှ swab ယူလို့ရတယ်။ ဟုတ်ကဲ့ နံပါတ် ၅ အပါအဝင် သံသယ လူ နာ ၅ယောက် စလုံး P ထွက်ပါတယ်။ Swab ယူတဲ့ သမီးလေး ရောက် လာပီးတော့ ဆရာကြီးရယ် သမီးရင်ထဲ မကောင်းလိုက်တာ၊ အိမ်မှာလည်း ဘာမှ ရှိပုံမရဘူး၊ ထမင်းလည်း မ စား ရသေးဘူးနဲ့ တူတယ်တဲ့။ ဆရာဌေးအောင်က သူစားမဲ့ ထမင်းဘူးကို ပေးခိုင်းလိုက်တယ်။ ဆရာအာကာကလည်း ကျနော်တို့ စုပီးထောက်ပံ့ရအောင် ဆိုပီး ငွေလိုက်စုလို့ရတဲ့ ၃ သော င်းကို လိုအပ်တာသုံးဖို့ ပေးလိုက်ပြီး တိုင်းရင်းဆေးရုံကို ambulance နဲ့ ပို့ပေးရတယ်။

စိတ်ထဲလည်း မကောင်းဘူး၊ မိသားစုရဲ့ နောက်ဆက်တွဲပြသနာတွေလည်း မစဉ်းစားခြင်တော့ဘူး။ ဒါ့ကြောင့် သတိပေး၊ အသိပေးခြင်တာက ကိုဗစ်ကြောင့် သေတာ မသေတာက နော က် ထား။ လတ်တလော ကိုယ်ကိုယ်တိုင်ရဲ့ ဒုက္ခရော၊ အိမ်က မိသားစုတွေရဲ့ ဒုက္ခရော၊ တအိမ်လုံး ကလေးလူကြီး ဘိုးဘွားမကျန် Qဝင်ရမှာ တွေရော…. ထည့်သွင်းစဉ်းစားကြပါလို့။ က ပ်ေ ရာ ဂါ အပေါင်းမှ ကင်းဝေးကြပါစေ။ လူမှုဒုက္ခများမှလည်း ကင်းဝေးကြပါစေ။

Ne Myo

Leave a Reply

Your email address will not be published. Required fields are marked *