အနံပျောက်တာ နဲ့ Q ဝင်ပါ (ရပ်ကွက်ဆေးခန်း မှာ ဆေးသွား ထိုးပြီး အနံ့ပြန်ရအောင် မလုပ်ကြပါနဲ့)

Posted on

“ဟဲ့ မိသက်! … အနံ့ပျောက်တာများထူးထူးခြားခြား Q တွေ ဘာတွေ ဝင်လို့အေ။ တုံးချက်။ ဟိုလမ်းထိပ်က ဆေးခန်းသွားပြချေ ။ ဆရာ ဆေးထိုး ဆေးပေးလိုက်တာ ငါဆို (၃) ရက်နဲ့ အ နံ့ပြန်ရနေပြီဟဲ့ ”

အိပ်ပေါက်နဲ့ ဖားကောက်ခြင်းများ

ကိုဗစ် ကူးစက်ခံရလျှင် အနံ့မ ရဝေဒနာ ခံစားရပါသည်။ တချို့လူနာတွေဘက်ကကြည့်လျှင် အနံ့လေးမရတာ ဘာအရေးလဲ မိသက်ရေပေါ့။ သို့ပေမယ့် မိသက်အိမ်မှာ အဖွားရှိသည် ။ အ သက် ၈၀ စွန်းစွန်း ဆီးချို နှလုံး သွေးတိုး ရောဂါကိုစုံလို့။ အ ဖွားကို ကူးလို့မဖြစ် ။ တီဗီထဲပြတာ မိသက်ကောင်းကောင်း နားထောင်သည်။ ရောဂါအခံရှိသူတွေပဲ သေဆုံးကြတယ်တဲ့။ ရှိ တာမှ ၁၀ ပေ ပတ်လည် သာသာ အိမ်မှာ အဖွားကို မကူးအောင် ဘယ်လို နေရမယ်မသိ ။ ဒါနဲ့ပဲ မိသက် အဖျားဆေးခန်းသွားပြသည်။

အဖျားဆေးခန်းက အနံ့မရစင်တာ ပို့ပြီး စစ်ဆေးပေးသည်။ Positive ။ အဖွားကိုကယ်ဖို့ မိသက် (၂) ပတ်ကြူ ရသည်။ အမယ် အခုတော့ ကြူတယ်ဆိုတာ ဘဲဘဲနဲ့မဟုတ်တော့။ အ ခန်းတ စ်ခန်းထဲ သီးသန့် ၁၄ ရက်နေတာကို ကြူတယ်တဲ့။ လူတေများ စတန့်ထွင်ချက်။

ကြူနေ တုံးမှာ မိငွေတို့ ဘကြီးဆုံးပြီဆိုတဲ့သတင်းကို ကြားရသည်။ အိမ်မှာဖျားနေတာကို တုတ်ကွေးပဲဆိုပြီးနေတာ ။ အနံ့ရနေတာနဲ့ပဲ တုတ်ကွေးထင်ပြီး နေလိုက်တာ တဲ့။ ဆေးရုံရောက်ဆို အောက်စီဂျင်တွေ ၅၀ ဆိုလား ဖြစ်ပြီး ဆုံးတာတဲ့တော့။ P တဲ့။ မိငွေစကားကို နားထဲကြားယောင်မိသည်။

“အသက်ရယ်…. လမ်းထိပ်ကဆရာလေးကပြောတာ… အနံ့မရတာများကောင်းသွားမယ်တဲ့။ဆရာပေးတဲ့ ဆေးထိုး ဆေးစား (၃) ရက်ပဲဟဲ့။ နင်ရူးနေလို့ ကြူမှာလား။ ငါ့လို ဉာဏ်ရှိစမ်းပါ။ အ ခု နင် P ရင် အိမ်လဲ လေ့ဒေါင်းကျမယ်။ အကုန်ပြသနာတက်မှာ။ ငါဆို ဆရာကုပေးတာ ဘယ်သူမှတောင်မသိပဲ အနံ့ပြန်ရနေပြီလေ ။ မတုံးစမ်းပါနဲ့အေ”

သက်ပြင်းချမိသည်။ စိတ်ထဲမကောင်း။ ဒါနဲ့ ၁၄ ရက် ကြူပြည့်သွားသည်။ ကြူကထွက်တော့ ဘဲဘဲက ကြူမပြီးသေး။ ကဲဘယ်တတ်နိုင်မလဲ သူမကြိုတော့လဲ ကိုယ့်ဘာသာပြန်ရုံ။ အိမ်ရှေ့မှာ ကြိုေ နတဲ့ ဖွားဖွားက သနပ်ခါးအဖွေးသားနဲ့။ အမယ်။

ကိုယ့်ပေါင်ကိုယ်လှန်ထောင်းပါရစေ။ အနံ့မရတာ ဖျားနေကြတာကို ကောင်းသွားမယ် ဆေးထိုး ဆေးစားဆိုပြီး ကုပေးနေသော ရပ်ကွက်ဆေးခန်းလေးများရှိပါသည်။

အနံ့မရတာ ဖျား တာဟာ လူ ၁၀၀ မှာ ၉၀ အတွက် အသက်အန္တရယ်မဖြစ်ပါ။ သို့ပေမယ့် သူတို့ကို စနစ်တကျ မကြူ လျှင် ကောင်းသွားမယ်ဆိုပြီး ဆေးခန်းမှာကုပေးလျှင် အိမ်က အသ က် ကြီး လူကြီးတွေ အသက်အန္တရာယ်ရှိပါတယ်။

တာဝန်ရှိလူကြီးတွေလဲသိဖို့ လူနာတွေလဲ သိဖို့ ရည်ရွယ်ပါတယ်။

မိသက်ရေ….. ပြန်လာပြီလား သမီးလေး…အဖွားအသံက သာယာလျက်။

Dr Myat Min Oo

Leave a Reply

Your email address will not be published. Required fields are marked *