ကိုဗစ္ နဲ႔ ပတ္သတ္ၿပီး ႏိုင္ငံေတာ္ အစိုးရရဲ႕ ေပၚလစီ ေျပာင္း သြားပါၿပီ ….

Posted on

အခုက ပိတ္ဆို႔ထားတဲ့ေပၚလစီမ်ိဳး မဟုတ္ေတာ့ပဲ စည္းစနစ္ နဲ႔ ဖြင့္ခ်ပါေတာ့မယ္။ မၾကာခင္မွာ ၂ပတ္ အိမ္မွာေနခိုင္းမယ္ ေရာဂါကူးစက္မႈ စက္ဝန္းကို ရသေလာက္ျဖတ္မယ္။ ဒါၿပီးတာနဲ႔ ဖြင့္ခ်ေတာ့မယ္။ စားေ သာ က္ ဆိုင္ေတြ၊ ခရီးသြားလာမႈေတြ၊ ဘာသာေရးဌာနေတြ ဖြင့္ႏိုင္သေလာက္ ဖြင့္ေပးေတာ့မယ္။

ဒီအခ်ိန္မွာ အေရးႀကီးတာက က်ေနာ္တို႔ တစ္ေယာက္ခ်င္းရဲ႕ စည္းကမ္းလိုက္နာမႈ ျဖစ္ပါတယ္။ ဆင္ေျခေတြ ေနာက္မွ ေပးပါ။ အရင္ဆုံးစည္းကမ္းလိုက္နာၾကပါ။ အစိုးရက အိမ္မွာေနဖို႔ ေျပာရင္ ဘာအေၾ ကာင္းျ ပ ခ်က္ရွိရွိ အိမ္မွာေနေပးၾကပါ။ ထြက္လို႔ ဖမ္းဖမ္း မဖမ္းဖမ္း ဘယ္သူထြက္ထြက္ မထြက္ထြက္ ကိုယ္ကေတာ့ လိုက္နာပါ။

ဒါက အားလုံးေကာင္းဖို႔ ခင္ဗ်ားကိုယ္တိုင္လဲ ေကာင္းဖို႔ျဖစ္ပါတယ္။ Mask တပ္ဆို တပ္ပါ။ ေဆးစစ္ၿပီးမွ ခရီးသြားဆို ေဆးစစ္ျဖစ္ေအာင္ စစ္ပါ။ က်ေနာ္တို႔ေ႐ြးတဲ့အစိုးရကို က်ေနာ္တို႔ရၿပီးေနာက္မွာ အစိုးရ ၫႊန္တဲ့ လ မ္း ကို တန္းတန္းမတ္မတ္လိုက္ဖို႔လည္း လိုပါတယ္။ ေခါင္းေဆာင္က ဘယ္ေလာက္ေကာင္းေကာင္း ေနာက္လိုက္ေကာင္းပါမွလည္း တိုင္းျပည္တစ္ျပည္က လိုရာ ပန္းတိုင္ေရာက္ႏိုင္မွာ …

Thorn Nay Soe

unicode

အခုက ပိတ်ဆို့ထားတဲ့ပေါ်လစီမျိုး မဟုတ်တော့ပဲ စည်းစနစ် နဲ့ ဖွင့်ချပါတော့မယ်။ မကြာခင်မှာ ၂ပတ် အိမ်မှာနေခိုင်းမယ် ရောဂါကူးစက်မှု စက်ဝန်းကို ရသလောက်ဖြတ်မယ်။ ဒါပြီးတာနဲ့ ဖွင့်ချတော့မယ်။ စားေ သာ က် ဆိုင်တွေ၊ ခရီးသွားလာမှုတွေ၊ ဘာသာရေးဌာနတွေ ဖွင့်နိုင်သလောက် ဖွင့်ပေးတော့မယ်။

ဒီအချိန်မှာ အရေးကြီးတာက ကျနော်တို့ တစ်ယောက်ချင်းရဲ့ စည်းကမ်းလိုက်နာမှု ဖြစ်ပါတယ်။ ဆင်ခြေတွေ နောက်မှ ပေးပါ။ အရင်ဆုံးစည်းကမ်းလိုက်နာကြပါ။ အစိုးရက အိမ်မှာနေဖို့ ပြောရင် ဘာအြေ ကာင်းြ ပ ချက်ရှိရှိ အိမ်မှာနေပေးကြပါ။ ထွက်လို့ ဖမ်းဖမ်း မဖမ်းဖမ်း ဘယ်သူထွက်ထွက် မထွက်ထွက် ကိုယ်ကတော့ လိုက်နာပါ။

ဒါက အားလုံးကောင်းဖို့ ခင်ဗျားကိုယ်တိုင်လဲ ကောင်းဖို့ဖြစ်ပါတယ်။ Mask တပ်ဆို တပ်ပါ။ ဆေးစစ်ပြီးမှ ခရီးသွားဆို ဆေးစစ်ဖြစ်အောင် စစ်ပါ။ ကျနော်တို့ရွေးတဲ့အစိုးရကို ကျနော်တို့ရပြီးနောက်မှာ အစိုးရ ညွှန်တဲ့ လ မ်း ကို တန်းတန်းမတ်မတ်လိုက်ဖို့လည်း လိုပါတယ်။ ခေါင်းဆောင်က ဘယ်လောက်ကောင်းကောင်း နောက်လိုက်ကောင်းပါမှလည်း တိုင်းပြည်တစ်ပြည်က လိုရာ ပန်းတိုင်ရောက်နိုင်မှာ …

Thorn Nay Soe

Leave a Reply

Your email address will not be published. Required fields are marked *