ကိုဗစ်ကို အဆုံးသတ် အနိုင်ယူမယ့် မေတ္တာတရား (ဒီလိုချစ်ခြင်း တရားတွေ ရှိနေ သရွေ့ ကိုဗစ် အနိုင် မရစေရဘူး)

Posted on

၃၀ ရက်နေ့ ကတော့ မှတ်မှတ် ရရပါပဲ …

နေ့ခင်းဘက် ထမင်းစားသောက်ပြီး ခဏ အနားယူနေတုန်း ကိုယ်တာဝန်ကျတဲ့ Positive လူနာတွေထားတဲ့တိုက်ဘက်က အခန်း၎ခန်းလောက်က ရေမီးအဆင်မပြေတာလေးတွေကို ဖုန်းနဲ့ လှမ်ြးေ ပာပြကြတော့ တစ်ခြားလုပ်စရာကျန်တာလေးတွေပါပေါင်းလုပ်ဖို့အတွက် လူ၃ယောက် PPE ဝတ်ပြီးအထဲဝင်ကြမယ်၊ ၂ယောက်က အပြင်မှာနေပြီး အထဲက ၃ယောက်လိုအပ် တာေ လးေ တွကူညီပေး ကြမယ်ဆိုပြီး တာဝန်ကိုယ်စီခွဲယူလိုက်ကြတယ် …

PPE ဝတ်ပြီး Positive လူနာတွေထားတဲ့ လေးထပ်ေ ဆာင်ရဲ့အပေါ်ဆုံးအ လွှာကိုအသွားမှာ အမှတ်တမဲ့ ကိုရင်လေးတစ်ပါးကိုတွေ့ မိလိုက်တော့ ကျနော့်စိတ်ထဲဟာခနဲဖြစ်သွားမိတယ်၊ အရင့်အရင်ရက်တွေမှာ တစ်ခြားကလေးငယ်လေးတွေကိုတော့တွေ့မိတယ်၊ ကျနော် Volunteer ဝင်လုပ်ပေးနေတဲ့ ၁၈ ရက်နေ့ကနေ ဒီနေ့အချိန်အထိ ရိုးမရိပ်သာ Covid Center က Positive အဆောင်တွေမှာ အခုလို ကိုရင်လေးတွေကို မတွေ့မိသလို ရောက်လာလိမ့်မယ်လို့လဲ ထင်မထားခဲ့မိဘူး၊ ခေါင်းထဲမှာလဲ ကိုရင်လေးအတွက် ညစာဘယ် လိုစီစ ဉ်ပေး ထားမ လဲသိ ချင်လိုက်တာ၊ အဆင်ကောပြေမှ ပြေရဲ့လား၊ ကိုရင်လေးကိုလှူဖို့အတွက် ငါ့မှာဘာမုန့်ရှိလောက်လဲဆိုတဲ့အတွေးက မရပ်တော့ဘူး …

တွေးရင်းတွေးရင်းနဲ့ ညကဆရာဝန်ကြီးပေးထားတဲ့ အအေးပုလင်း နဲ့ မုန့်ပုံးကိုသတိရမိတော့ ကိုရင်လေးကိုပြန်လှူလိုက်မယ်ဆိုတဲ့စိတ်နဲ့ ကိုယ်လုပ်စရာရှိတဲ့အလု ပ်လေးတြွေ မန်မြန် သွက်သွ က်လု ပ်ပြီး ပြန်အဆင်းမှာ ကိုရင်လေးနေတဲ့အခန်းနံပါတ်ကို မေးလာခဲ့လိုက်တယ် … ညဘက်ရေမိုးချိုး ထမင်းစားသောက်အပြီး အကို၊ အမအချို့နဲ့ ကိုရင်လေး အကြောင်းစ ကားစပ်မိတော့ သူ တို့လဲ တစ်ခြားကေ လးင ယ်ငယ်လေးတွေ ဝရန်တာမှာဆော့ကစားနေကြတာတွေ့မိကြောင်းနဲ့ လှူမယ်ဆိုရင်သူတို့ဆီကမုန့်တွေပါယူလို့ရကြောင်းပြောတာနဲ့ ချက်ချင်းမု န့်တွေစုလိုက်တာ ကလေး ဆယ်ယောက်စာေ လာက်ရသွားတယ် …

အဲ့ဒါနဲ့ ဆရာဝန်တွေနေတဲ့ အခြမ်းဘက်သွားပြီး ကိုရင်လေးနေတဲ့ တိုက်နားဝန်းကျင်မှာရှိတဲ့ ကလေးလေးတွေရဲ့ နာမည်စာရင်းကိုတောင်းကြည့်လိုက်တော့ နှစ်ဆယ့် သုံးယောက်ေ လာက် ရှိေ နတာသိခဲ့ရတယ်၊ အခန်းထဲပြန်ရောက်ချိန်မှာ စုထားတဲ့မုန့်ထက် ကလေးအရေအတွက်ကများနေကြောင်းပြန်ပြောပြတော့ အခန်းထဲကအကိုတစ်ယောက်က တစ်ခြားအခန်း၃ခန်းက အင် ဂျင် နီယာအကို၊ အမတွေဆီကိုပါသွားပြီး Positive ဖြစ်နေတဲ့ ကလေးလေးတွေကို ကိုယ်ရထားတဲ့ဝေစုထဲက မုန့်လေးတွေပြန်လှူဖို့ စီစဉ်ထားကြောင်းနဲ့ ပါဝင် ကြ အုန်းမလား ဆိုပြီးလို က်ေ မးေ ပးတယ်၊ ချက်ချင်းဆိုသလိုပဲ မုန့်တွေလာပေးကြတာ ကျနော့်ကုတင်နဲ့အပြည့်ဖြစ်သွားတယ်ဗျ …

မနက်ဘက် Pဆောင်တွေဆီကို ထမင်းသွားပို့ပေးမဲ့ Volunteer တွေနဲ့ တစ်ခါတည်းထည့်ပေးလိုက်နိုင်အောင် မောင်နှမတတွေ ရလာတဲ့မုန့်လေးတွေကို စာရင်းလုပ်၊ အညီအမျှခွဲပြီး ထည့်ေ ပးမ ယ့်အိတ်လေးတွေမှာ ကလေးလေးတွေရဲ့ နာမည်နဲ့ အားပေးစကားရေးတဲ့သူကရေး၊ ခွဲထားတဲ့မုန့်လေးတွေထည့်တဲ့သူကထည့်၊ အိတ်လေးတွေပြန်ပိတ်ပြီး အဆောင်နံပါတ်အတို င်းအိတ် တ စ်ခုထဲ စုထည့်တဲ့သူကထည့်နဲ့ ဝိုင်းလုပ်လိုက်ကြတာ ည၁၂ခွဲလောက်မှပြီးသွားတယ် …

အိပ်ယာထဲအရောက် ကလေးလေးတွေအတွက် ကိုယ်လုပ်ပေးထားတာလေးတွေ ပြန်တွေးရင်း ခံစားရတဲ့ပီတိက ပြောမပြတက်အောင်ဖြစ်ရတယ်၊ ကလေးဆိုတာ မုန့်ကြိုက်တ က်တဲ့အ မျိုး ဆိုေ တာ့ မုန့်လေးတွေရရင် ပျော်သွားကြမယ့် သူတို့လေးတွေရဲ့ မျက်နှာကိုလဲ မြင်ယောင်ကြည့်မိတယ်၊ တစ်ချိန်ထဲမှာပဲ ကိုယ်တာဝန်ယူရမယ့် ၁၃ ဆောင်မှာ ကိုယ်လက်လှမ်း မှီတဲ့ အေ ဆာင် ၄ ခုလောက်က ကလေးလေးတွေကိုပဲ မုန့်လေးတွေ ပြန်လည်ဝေမျှခွင့်ရတဲ့အတွက် ကျန်သွားတဲ့အဆောင်က ကလေးတွေအတွက် တွေးမိပြီး စိတ်မကောင်းပြန်ဘူး၊ ဖြစ်နိုင်ရင် အကုန် လုံးကို ဝေမျှပေးချင်တာပါ …

ထပ်တွေးမိတာလေးက ကိုယ်ရထားတဲ့ဝေစုလေးတွေထဲက မုန့်လေးတွေကိုစုပြီး ညီလေး၊ ညီမလေးတွေအတွက် ပြန်လည်ဝေမျှခွင့်လေးရတာတောင် ပီတိတွေဒီလောက်ဖြစ်နေရရင် ကျနော် တို့လို Volunteer တွေ၊ Q ဝင်နေရတဲ့သူတွေနဲ့ Positive လူနာတွေ အရသာရှိရှိ အဟာရပြည့်ပြည့်ဝဝ စားနိုင်ဖို့ အနောက်ကနေ ပံ့ပိုးကူညီလှူဒါန်းပေးနေကြတဲ့ အလှူရှင်တွေဆိုရင် ဘယ်ေ လာ က်တောင်များ ကြည်နူးပီတိတွေ ဖြစ်နေကြမလဲဆိုတာကို ခံစားမိလာတယ်ဗျာ …

အခုလို တစ်ဆင့် ပြန်လည်မျှဝေလှူဒါန်းခွင့်ရတဲ့အတွက်လဲ အနောက်ကနေ ပံ့ပိုးကူညီလှူဒါန်းပေးကြတဲ့ အလှူရှင်မိသားစုအားလုံးကို ကျေးဇူးအထူးတင်မိပါတယ် … Positive ဖြစ်နေတဲ့ ညီေ လး ၊ ညီမလေးတွေလဲ ရောဂါအမြန်ဆုံး သက်သာပျောက်ကင်းပြီး ကျန်းကျန်းမာမာနဲ့ အရင်လို ခုန်ပေါက်ပြေးလွှားဆော့ကစားနိုင်ကြပါစေ … ( ကိုယ့်ကိုယ်ကို ရောဂါဖြစ် လို့ဖြစ်ေ နကြမှန်းေ တာင် မသိရှာပဲ Positive လူနာအဆောင်ရဲ့ ဝရန်တာလေးတွေမှာ ပြေးလွှားဆော့ကစားနေကြတာကိုမြင်ရတာ ရင်ထဲမကောင်းလွန်းလို့ပါ )

ကျနော်တို့အားလုံး ဒီကပ်ရောဂါကြီးကို မေတ္တာတရားတွေနဲ့ အတူတူ ကျော်ဖြတ်ကြရအောင်လား ! …

ချစ်ခြင်းများစွာဖြင့် –

Tin Tun Oo
TU_Magway, Chauk
We ❤ Yangon Engineer Team

Leave a Reply

Your email address will not be published. Required fields are marked *