ဗန်းမော် ကွန်ပျူတာ ကျောင်းသားတွေ ထွင်လိုက်တဲ့ အပူချိန် တိုင်း ပုံရိပ်ကင်မရာ

Posted on




ဗန်းမော်ပွင့်သစ်

unicode

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်က ကွန်ပျူတာတက္ကသိုလ်က ကျောင်းသားတွေ တီထွင်လိုက်တဲ့ ကိုဗစ် ရောဂါစစ်ဆေးတဲ့ အပူချိန်တိုင်းကင်မရာအား နေရာသုံး နေရာမှာ လှူဒါန်းခဲ့တယ် လို့ သိရပါတယ်။

ကင်မရာရှေ့ကို ဖြတ်သန်း ရောက်ရှိလာသူတွေရဲ့ ပုံရိပ်ကို ကင်မရာက ဖမ်းယူပြီး အပူချိန်ကိုတိုင်းတာတွက်ချက်နိုင်တာကြောင့် အချိန်ကုန်သက်သာပြီး ထိရောက်တဲ့ တီထွင်မှု တစ်ခုဖြစ်ခဲ့ပါတယ်။

ကင်မရာကနေ ရရှိလာတဲ့ ရုပ်ပုံတွေကို Computer Monitor Screen နဲ့ ဖော်ပြပေးနိုင်ခြင်း၊ Camera မှာ ထည့်သွင်းထားတဲ့ Memory Card နဲ့လည်း မှတ်တမ်းတင်ပေးနိုင်ခြင်းအပြင် လျှ ပ် စစ် မီး မ ရရှိတဲ့ နေ ရာေ တွမှာလည်း ဓာတ်ခဲကိုအသုံးပြုနိုင်ဖို့အတွက် အထူးတီထွင်ပြုလုပ်ထားတဲ့ တန်ဖိုးနည်းအဆင့်မြင့် ပြည်တွင်းထွက် ကင်မရာဖြစ်တယ်လို့ ဆိုပါတယ်။

ဗန်းမော်ပွင့်သစ်

Leave a Reply

Your email address will not be published. Required fields are marked *