မြင်းခြံမှာသတင်းတွေ ထွက်နေ လို့ ကေတီဗီ နဲ့ အနှိပ်ခန်းတွေကို မနက် ၂ နာရီ မှာ ရဲ ၀င်ဖမ်း လိုက် တဲ့ အခါ

Posted on

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ နိုဝင်ဘာ (၁၈) ရက်က KTV ဆိုင်၊ အနှိပ်ခန်း ဖွင့်လှစ်လုပ်ကိုင်သူများနှင့် လာရောက်သူများကို ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ (၁၈) ရက်၊ နံနက် (၄) နာရီခွဲတွင် KTV ဆိုင်နှင့် အနှိပ်ခန်း များ ဖွင့်လှစ်လုပ်ကိုင်နေကြောင်း သတင်းအရ မြင်းခြံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါ င်း အဖွဲ့က သက်သေများနှင့်အတူ မြင်းခြံမြို့၊ (၁၉) ရပ်ကွက်ရှိ Dream Garden KTV ဆိုင်နှင့် အနှိပ်ခန်းအား သွားရောက် စစ်ဆေးရာ အဆိုပါဆိုင်အတွင်း၌ ဆိုင်မန်နေဂျာဖြစ်သူ သာစည် မြို့နယ်၊ ပေါက်ချောင်းကျေးရွာနေ —နှင့် ဆိုင်ဝန်ထမ်း (၈) ဦး၊ KTV / အနှိပ်ခန်းများ သို့ လာရောက်သူ (၁၉) ဦးနှင့် သီချင်းသီဆိုပေးသူ (၂၄) ဦး၊ စုစုပေါင်း (၅၂)ဦး အား တွေ့ ရှိ ခဲ့သည်။

အလားတူ မြင်းခြံမြို့ (၁၈)ရပ်ကွက်ရှိ “ပန်းတော်ဝင်”KTV ဆိုင်နှင့် အနှိပ်ခန်း များအတွင်း၌ ဆိုင်မန်နေဂျာဖြစ်သူ ထနောင်းတိုင်ကျေးရွာနေ —၊ ဆိုင်ဝန်ထမ်း (၄) ဦး၊ လာရောက်ေ ပျာ်ပါး သူ (၈) ဦးနှင့် သီချင်းသီဆိုသူ (၁၄) ဦး စုစုပေါင်း (၂၇)ဦးတို့အား တွေ့ရှိခဲ့သည်။

သို့ဖြစ်၍ Dream Garden KTV ဆိုင်မှ ဆိုင်မန်နေဂျာ ပါ (၅၂) ဦးနှင့် “ပန်းတော်ဝင်”KTV ဆိုင်မှ ဆိုင်မန်နေဂျာ ပါ (၂၇) ဦးတို့အား မြင်းခြံမြို့မ ရဲစခန်း၌ သဘာဝေ ဘးအန္တ ရာ ယ် ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ -၂၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား

Leave a Reply

Your email address will not be published. Required fields are marked *