ကားနံပါတ်ချိန်း ထားလျှက် ကားပဲတွေ့ပြီး လူထူး ဆန်းစွာ ပျောက်ဆုံး နေတဲ့ လူပျောက်မှု


ပျောက်ဆုံးသူ နာမည်က –

ကိုကျော်ကျော် အသက် – (၄၂) နှစ်

အဘအမည် – ဦးသာအောင်

အလုပ်အကိုင် – သုထက်ကျော် အထည် ဆိုင် မုဒုံမြို့။

ဖြစ်စဉ်အကျဉ်းကတော့ လွန်ခဲ့တဲ့ (15.6.2020)ရက်နေ့ တုန်း က ကိုေ ကျာ်ကျော် ဟာ Bago 6L-8595 ယာဉ်ဖြင့် မြဝတီသွားမည်ဟုပြောကာ အိမ်မှ ထွက်သွားပြီးကတည်းက ပျောက်ဆုံးသွားပါသည်။

နေအိမ်မှ ထွက်သွားပြီး (၁၀)ရက်ခန့် အကြာတွင် အဆက် အသွယ်လဲ လုံးဝ မရတော့ပဲ ကားရောလူပါ ….ပျောက်ဆုံးနေကြောင်း လူမှုကွန်ယက်ပေါ် ကြေငြာတင်လိုက်သောအခါ ….

အိန္ဒူ ရဲစခန်းမှ ပိုင်ရှင်မဲ့ ကားတစ်စီး အား လွန်ည ရွာတွင် တွေ့ရှိ၍ထိန်းသိမ်း ထားကြောင်း ဆက်သွယ် လာသဖြင့် အပိုင်ရဲစခန်းချင်း ချိတ်ဆက်ပြီး သွားရောက်စီစစ် ရာ ကိုကျော်ကျော် ယူဆောင်သွားသော ကား မှန်ကြောင်း စစ်ဆေး တွေ့ရှိရပါသည်။

ထူးခြားသည်မှာ ကားနံပါတ် ပြောင်းလဲ ထားခြင်းဖြစ်သည်။ ကားနံပါတ် Bago 6L-8595 နံပါတ်မှ 3J-4587 ဖြစ်နေသည် ကို စစ်ဆေးတွေ့ရှိရပါသည်။

အိန္ဒူ နယ်မြေရဲစခန်းမှ ပြောပြချက် အရ ၎င်းကားအား (15.6.2020)ရက်နေ့ မွန်းလွဲပိုင်းက လွန်းညရွာတွင် ပိုင်ရှင်မဲ့ ရပ်ထား သည်ကို တွေ့ရှိရ၍ ရွာသူ ရွာသားများမှ ဘယ်အချိန် ပိုင်ရှင် လာပြန်ယူမလဲဟူ၍ စောင့်ကြည့်နေခဲ့ကြောင်း ….

(၃)ရက်ခန့်ကြာသည်အထိ ပိုင်ရှင် မပေါ်ပဲ ရပ်ထားသည်ကို တွေ့ရှိရ၍ ရဲစခန်းထံသို့ အပ်နှံပေး ခဲ့ကြောင်း သိရပါသည်။ ယခု ကားပြန် ရပြီး ဖြစ်သော်လည်း လူမှာမူအဆက်အသွယ် လုံးဝ မရပဲ ထူးဆန်းစွာေ ပျာက်ဆုံးနေသဖြင့် ….

တစုံတခု ပရောဂေ ကြာင့်များလား အန္တရာယ် တခုခု ကြုံတွေ့နေရသည်များလား ….အဖွဲ့အစည်းတခုခုကများ ဖမ်းခေါ်သွားသလား ဆို သည်ကို အထူးစိုးရိမ်လာ၍ လူမှုကွန်ယက်မှတဆင့် အကူအညီ တောင်းခံလာခြင်း ဖြစ်ပါသည်။

ပျောက်ဆုံးသည်မှာ (၂)ပတ်ကျော် ကြာလာပြီးဖြစ်ပြီး မိသားစုဝင် များ အရမ်းစိုးရိမ်နေကြပါ၍ သိရှိသူများ တွေ့ရှိသူများ သတင်းတခု ခုရသူများအနေဖြင့် အောက်ပါ ဖုန်းနံပါတ် များသို့ ကူညီဆက်သွယ်ေ ပးနိုင်ပါရန် အကူအညီတောင်း မေတ္တာရပ်ခံ အပ်ပါသည်။

ဆက်သွယ်ရန်ဖုန်း – 09 76300 9943 / 09 76616 5821