စည်းမျည်းတွေ ထုတ်ပြီး ကြပ်မတ်ဖို့ ခေါင်းရှောင် နေကြတဲ့ သူတွေ နဲ့ နယ်တွေပါ ကူးစက်မှု မြင့်လာတဲ့ အဖြစ်
Posted on
Soe Myint
unicode
ကူးစက်မှု ကာကွယ်ထိန်းချူပ်ရေး အရေးကြီးသလား ကိုဗစ် ကူးစက်မှု ထိန်းချုပ်ရန် “မေတ္တာရပ်ခံ” “ညွန်ကြားချက်ထုတ်” မလုံလောက်ကြောင်း ကူးစက်ခံရသည့် ကိန်းဂဏ န်း များ နှင့် ဒေသ အနှံ့ (ကျေးလက်တောရွာအထိ) ကူးစက်ခံနေရမှု ညွန်ပြနေပါပြီ။ ကုသဆေး မရှိသေးသော်လည်း ဖြစ်နိူင်ခြေ နည်းလမ်းမျိူးစုံနှင့် “အင်တိုက်အားတိုက်” ကု သ ရေး လုပ်ငန်းတွေ ဆောင်ရွ က်ေ န ပါတယ်။ သို့သော် ဆေးရုံတက်သူနှင့် ဆင်းသူ အချိူးမညီနိူင်၍ လူနာ အရေအတွက် စုပုံလာသလို ထိတွေ့သူအရေအတွက်က တိုးတိုးလာပါပြီ
ယခုရက်ပိုင်း “မန္တလေး” နှင့် “ပဲခူး” မှာ ကူးစက်မှု အလျှင် အမြန် တိုးလာနေပါတယ်။ ရန်ကုန်ကို နမူနာကြည့်လျှင် ၂ လ ၃ လအတွင်း ၆% ကနေ ၉% အကြား တက် လို က်ကျလိုက် ဖြစ်နေပါတယ်။ အပြည့်အဝ လော့ဒေါင်း လုပ်ရန်လည်း မြန်မာနိူင်ငံအတွက် စိန်ခေါ်မှု များစွာရှိပါတယ်။ Home Stay အကြိမ်များစွာ ကြော်ငြာ ခဲ့သော်လည်း ကူး စ က်မှု ရပ်တန့်မှု မရှိပါ။ Home Stay စည်းကမ်းကို စောင့်ကြပ်ကြည့်ရှု အကောင်အထည်ဖော်မည့် “သီးခြားအဖွဲ့အစည်း” မရှိပါ။ ကိုဗစ်ကော်မတီလိုလို ကျန်းဦးစီးလိုလို ထွေ အုပ်လိုလို စည်ပင်လိုလို.. ခေါ င်းေ ဆာ င်ပျောက်နေပါ၏။
၁၄ ရက် မပြတ်သားနိုင်၍ တို့တိတို့တိ နဲ့ ရက်ပေါင်း ၁၄၀ ဖြစ်ပါတော့မယ်။ ၁၄ ရက် အလုပ်မလုပ်လျှင် ဘာစားမလဲထင်မိ၍ ကိုဗစ်ကြောက်ပြီး ကျီးလန့်စာစားနှင့် ရက်ပေါင်း ၁၄၀ နီးက ပ် လာပါပြီ။ ကျွန်ုပ်တို့ ဘယ်လိုလုပ်ကျမလဲ။ ပူးတွဲပုံလေးက ယခုလောက်ကူးစက်မှု မမြန်သေးသည့် ပထမလှိုင်းက ကူးစက်ပုံလေးပါ။ ယခုကူးစက်မှုနှုန်း ကတော့ ဤပုံ၏ ၂ ဆလော က်ဖြ စ်နေပါပြီ။
Soe Myint
Leave a Reply
Your email address will not be published. Required fields are marked *