ပရဟိတကား နှင့် တိုက်မိ၍ သေဆုံးခဲ့သူ၏ ဈာပန တွင် အသင်းသား အားလုံး ဒူးထောက်တောင်းပန်

Posted on




crd

unicode

တနင်္သာရီတိုင်း၊ မြိတ်မြို့၌ ကိုဗစ် ရောဂါရှိသူနှင့် ထိတွေ့ခဲ့သူ တစ်ဦးကို လူမှုကူညီရေးအသင်းက သွားရောက်ခေါ်ဆောင်စဉ် မြို့အတွင်းရှိ မီးပွိုင့်တစ်ခု၌ ယာဉ်နှင့် ဆိုင်က ယ် တို က်မိရာ ဆိုင် ကယ်ယာဉ်မောင်း သေဆုံးခဲ့ပါတယ်။ အဆိုပါ သေဆုံးမှုကို မြိတ်မြို့ရှိ လူမှုကူညီရေးအဖွဲ့များရှိ လူမှုကူညီရေး အသင်းသူ/အသင်းသား များက သေဆုံးသူ၏ နော က် ဆုံး ခရီး၌ ခွင့်လွှ တ်ေ ပးရန် ဒူးထောက်၍ တောင်းပန်ခဲ့ကြပါတယ်။

“ကိုဗစ် ရောဂါရှိသူနဲ့ ထိတွေ့ခဲ့သူ တစ်ဦးကို သွားခေါ်တဲ့ ယာဉ် နဲ့ မီးပွိုင့်မှာ ဆိုင်ကယ်မောင်းတဲ့ ကောင်လေးနဲ့ တိုက်မိပြီး ကောင်လေး ဆုံးသွားတယ်။ ဆုံးသွားတော့ သူ့ရဲ့နာရေးမှာ နာေ ရးကူညီမှု အသင်းအားလုံးက ဒူးထောက်ပြီး သုသာန်အဝင်မှာ တောင်းပန်တာပါ”လို့ မြိတ်မြို့ တိုင်းဒေသကြီး အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဝင်းထွန်းက ပြော ပါတယ်။

ထို့အတူ အဆိုပါ သေဆုံးမှု ဖြစ်စဉ် အပေါ် မြိတ်မြို့ရှိ လူမှုရေးအဖွဲ့ အသင်းသူ/သားများက “စာနာ နားလည် ခွင့်လွှတ်နိုင်ကြပါစေဟု မျော်လင့်ရုံမှ တစ်ပါး အခြားမရှိပြီ။ စာနာ နား လ ည်ခွ င့်လွှတ်နိုင်ပါစေ။ ပြင်သင့်တာကို ပြင်ပါမယ်”စသည်ဖြင့် ၎င်းးတို့၏ လူမှုကွန်ရက် စာမျက်နှာ၌ ရေးသားထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *