ဆေးလိပ်ဖြတ် မယ် ဆို သင့်ခန္ဓာကိုယ် က ဘယ်လို ပြောင်းလဲ သွား မလဲ

Posted on




၎-၉ပတ်အကြာမှာဆို အရင်ကလို ချောင်းလေးတဟန့်ဟန့် လုပ်ရတာမျိုးရယ်၊ အသက်ရှုတိုတောင်းတာရယ်က ပြန်ပုံမှန် ဖြစ်လာပါမယ်။







unicode

၁-ဆေးလိပ်ကို စဖြတ်ပြီး မသောက်ဘဲနေတဲ့မိနစ် ၂၀ အတွင်း ခန္ဓာကိုယ်အပူချိန်က သာမာန် ပြန်ဖြစ်သွားပါတယ်။

၂-၁၂ နာရီအကြာမှာတော့ ကိုယ်တွင်း ကာဗွန်မိုနောက်ဆိုက်ပါဝင်မှုက ပုံမှန် အခြေအနေ ကိုပြန်ပြောင်းပါတယ်။

၃-၂ပတ်အကြာမှာတော့ သွေးလှည့်ပတ်မှုနဲ့ နှလုံးလုပ်ဆောင်မှု အခြေအနေ ပြန်လည်တိုးတက်လာပါမယ်။

၄-၉ပတ်အကြာမှာဆို အရင်ကလို ချောင်းလေးတဟန့်ဟန့် လုပ်ရတာမျိုးရယ်၊ အသက်ရှုတိုတောင်းတာရယ်က ပြန်ပုံမှန် ဖြစ်လာပါမယ်။

၅-၁နှစ်အကြာဆို ယခင် သောက်ရှုနေတုန်းကာလထက် နှလုံးရောဂါ ဖြစ်နိုင်နှုန်းက ၅၀%လျော့ကျမှာပါ။

၆-၅နှစ်အကြာမှာ ယခင်သောက်ရှုနေတုန်း ကာလထက် ပါးစပ်၊ လည်ချောင်း၊ ဆီးအိမ်ကင်ဆာဖြစ်နှုန်း တော်တော်များများ လျော့ကျသွားပါပြီ။

၇-၁၀နှစ်အကြာမှာ ယခင် သောက်ရှုနေတုန်းကာလထက် သေနှုန်းများတဲ့ အဆုတ်ကင်ဆာရောဂါဖြစ်နိုင်ခြေ ၅၀%လျော့သွားပါပြီ။

၈-၁၅နှစ်အကြာမှာ လုံးဝဆေးလိပ်မသောက်ဘူးတဲ့ လူရဲ့နှလုံးအတိုင်း ကျန်းမာသွားပါပြီ။နှလုံးရောဂါဖြစ်နှုန်းက လုံးဝဆေးလိပ်မသောက်တတ်တဲ့ သူတွေနဲ့ တူသွားပါပြီ။

ဒီလိုကောင်းကျိုးတွေ အများကြီးရှိနေတဲ့အတွက်ဆေးလိပ်ကို အချိန်မှီဖြတ်နိုင်ဖို့ အရေးကြီးပါတယ်။

Credit -ကျန်းမာရေး အသိအတိုအထွာများ

Leave a Reply

Your email address will not be published. Required fields are marked *