သင့်ရဲ့ ချက် ပုံစံ က ပြောပြနေ တဲ့ သင့်ရဲ့ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အချက် အလက်များ”

Posted on

လူ တွေ တစ် ယောက် နဲ့ တစ် ယောက် မ တူ ညီ ကြ သ လို ပဲ ချက် ပုံ စံ တွေ လည်း အ မျိုး မျိုး ကွဲ ပြား ကြ ပါ တယ်။လူ တစ် ယောက် ရဲ့ ခန္ဓာ ကိုယ် အ စိတ် အ ပိုင်း တွေ က နေ တ ဆင့် သူ့ ရဲ့ ပု ဂ္ဂိုလ် ရေး ဆိုင် ရာ အ ချက် အ လက်တွေ ကို သိ ရှိ နိုင် ပြီး ထို အ စိတ် အ ပိုင်း တွေ ထဲ မှာ ချက် လည်း ပါ ဝင် တယ်။

(1) Protruding navel (ချက်ပြူး)

ယခုလို ချက်အပြင်ကိုပြူးထွက်နေတဲ့ ချက်ပုံစံကို ပိုင်ဆိုင်ထားသူတွေဟာ အလွန်ခေါင်းမာတဲ့ သဘောထားရှိသူတွေ ဖြစ်ကြပြီး စိတ်ဓါတ်လည်း အလွန်ကြံ့ခိုင်ကြပါတယ်။

အချ စ်ရေးနဲ့ ပ တ်သတ်ပြီး အာရုံစိုက်ခံရဖို့အတွက် ရှာဖွေနေတတ်ပြီး အချစ်ရဲ့စွမ်းအားကို အမွှန်းတင်ဖို့ အသင့်ရှိနေသူတွေပါ။ ဒါပေမယ့် လက်တွဲဖော်အစစ်အမှန်ကို ရှာဖွေဖို့အ တွက် ကေ တာ့ အခြားသူတွေထက် ပိုခက်ခဲနိုင်ပါတယ်။

(2) Large and deep navel (ကြီးပြီး နက်တဲ့ချက်)

ယခုလို ချက်ပုံစံမျိုး ပိုင်ဆိုင်ထား သူတွေဟာ သဘောထားကြီးပြီး အပေးအကမ်းရက်ရောသူတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ကိုယ်ပိုင်အတွေ့အကြုံတွေအပေါ် အခြေခံပြီး ကြင် နာ တဲ့နှ လုံး သား ရှိသူတွေဖြစ်ကြပါတယ်။

သို့သော်လည်း သူတို့ဟာ လူ့အဖွဲ့အစည်းရဲ့အလိုကျ ကိုယ့်ကိုယ်ကို ပြောင်းလဲမှာမဟုတ်သလို ကိုယ်ပိုင်ဘဝမှာပဲ အသက်ရှင်ရပ်တည်တတ်ကြပါတယ်။

(3) Small and shallow navel (သေးပြီးတိမ်တဲ့ချက်)

ယခုလို ချက်အမျိုးအစားကို ပိုင်ဆိုင်ထားရင်တော့ ကိုယ့်ရဲ့ခြေလှမ်းတိုင်းကို အရမ်းသတိထားရမယ်လို့ ဆိုလိုပါတယ်။

အဆိုပါ ချက်ပိုင်ရှင်တွေရဲ့ ပတ်ဝန်းကျင်မှာ သဘောထားအတုအယောင်နဲ့ လူတွေပေါများနေပြီး ကံကောင်းတာတစ်ခုက လူတွေရဲ့စိတ်ကိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အရည်အချင်းရှိနေပါတယ်။ အထူးသဖြင့် ကိုယ်နဲ့အရင်းနှီးဆုံးလူတွေကိုပဲ ယုံကြည်တာအကောင်းဆုံးပါ။

(4) Downward navel(အောက်ဖက်ရောက်နေတဲ့ချက်)

ယခုလို ချက်ပုံစံကို ပိုင်ဆိုင်ထားရင်တော့ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ရှိတဲ့ ပစ္စည်းဥစ္စာတွေအပေါ် စိတ်ဝင်စားမှုနည်းပြီး အနည်းငယ်ပျင်းတဲ့စရိုက် ရှိကြပါတယ်။

ဒါပေမယ့် သင့်ရဲ့ပျင်းရိမှုကပဲ ဘယ်လိုအလုပ်မျိုးကိုမဆို စမတ်ကျကျလုပ်နိုင်ပြီး လွယ်ကူစေတဲ့နည်းလမ်းတွေကို ရှာဖွေပေးပါလိမ့်မယ်။

(5) Ovel navel shape (ဘဲဥပုံချက်)

ယခုလို ချက်ပိုင်ရှင်တွေဟာ များပြားတဲ့အရာတွေအပေါ်မှာ အရမ်းကိုအလေးအနက်ထားလွန်းသူတွေဖြစ်ကြပြီး လက်တွေမကျတဲ့ အမူအကျင့်တွေကြောင့် စိတ်မချမ်းမသာဖြစ်ရတဲ့ အခိုက် အ တန့်တွေများပါတယ်။

ဒါပေမယ့် ကောင်းတာတစ်ခုက အလုပ်အပေါ် စိတ်ရောကိုယ်ပါမြှပ်နှံထားသူတွေ ဖြစ်ကြပြီး အရမ်းကိုတက်ကြွသူတွေ ဖြစ်ကြပါတယ်။ ဒါပေမယ့် စိတ်တော့ သိပ်မရှည်ကြပါဘူး။

(6) Wide belly button (ကျယ်ပြန့်သောချက်)

အဆိုပါ ချက်ပိုင်ရှင်တွေဟာ ဘယ်လိုလူနဲ့ပဲတွေ့ဆုံပါစေ၊ အလွန်သတိထားပြီး ဆက်ဆံတတ်တဲ့စရိုက်ရှိနေပြီး သူစိမ်းတစ်ယောက်ကိုတွေ့တဲ့အခါတိုင်း အလွန်အမ င်းအ ကဲ ခတ် တတ် ကြ ပါတယ်။ သူတို့နဲ့အရမ်းရင်းနှီးပြီး စိတ်ချရတဲ့သူတွေကိုသာ ယုံကြည်တတ်ကြပါတယ်။

LM_Naung_Naung

Credit:Lifestyle_Myanmar

Leave a Reply

Your email address will not be published. Required fields are marked *