ကျောက်ကပ်ကို(Kidney) လို့ခေါ်တယ်။ကျွန်တော် ကျောက်ကပ်နဲ့ပတ်သက်တာတွေကို အဘယ့်ကြောင့် မကြာခဏ ပြောဆို၊ရေးသား ဖော်ပြပေးနေရသလဲဆိုရင်
ကျွန်တော်တို့မြန်မာနိုင်ငံမှာ တစ်နှစ်ထက်တစ်နှစ် ကျောက်ကပ်ပျက်စီးပြီး အသက် သေဆုံးနေကြရတဲ့ လူတွေ တော်တော်များလာနေပါတယ်။
သတ္တဝါတွေရဲ့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကျောက်ကပ်ဟာ ပျက်စီးစပြုလာပြီဆိုတာနဲ့အချိန်မှီကုသပါ။အချိန်လွန်မှ ကုသရင်တော့ ပြန်ကောင်းလာနိုင်ဖို့ ရာခိုင်နှုန်း နည်းပါးလာပါတယ်။
ကျောက်ကပ်ပျက်စီးသွားပြီဆိုရင် အင်္ဂလိပ်ဆေး၊မြန်မာတိုင်းရင်းဆေးများလည်း မကယ်နိုင်ကြပါ။
ကျွန်တော် ယခုဖော်ပြပေးမည့် သဘာဝ ဆေးနည်းက ကျောက်ကပ်ရောင်ခြင်း၊ကျောက်ကပ်မှာ ကျောက်တည်ခြင်းနှင့်ကျောက်ကပ်ပျက်စီးစပြုခြင်းများအတွက် စွဲသောက်ရင် တကယ် လ က်ေ တွ့ပျောက်ကင်းသက်သာနိုင်သည့် ဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။
ကျွန်တော် ဖော်ပြပေးမည့်ဆေးနည်းက အရမ်းလွယ်ပါတယ်။ကျောက်ဖရုံသီးကို Ash Gourd (Winter Melon)လို့ခေါ်ကြပါတယ်။
ကျွန်တော်တို့ ငါးဟင်းလျာထဲမှာထည့်ချက်စားတဲ့ ဗမာ နံနံပင်ကို(Parsley) လို့ခေါ်ပါတယ်။
ပြောချင်တာက ကျောက်ဖရုံသီး တစ်စိပ်ကို အခွံခွာပြီး အတွင်း အသား အဖတ်ကိုရယူ၍ ဖန်ခွက်တစ်ခွက်စာခန့်အရည်ညှစ်ယူပါ။
ထိုနည်းတူစွာ နံနံပင်ကိုလည်း ဖန်ခွက်တစ်ခွက်စာခန့် အရည်ညှစ်ယူပါ။
၎င်း အရည်နှစ်မျိုးကို ရောစပ်ပြီး တစ်ခါသောက်ရင် ဖန်ခွက်တစ်ခွက် တစ်နေ့ကို (၂)ကြိမ် သောက်သုံးပေးပါက ကျောက်ကပ်ရောဂါကို သက်သာပျောက်ကင်းစေပါတယ်။
ဆိုလိုတာက အခုပေးတဲ့ဆေးနည်းဟာ ပျက်စီးစပြုနေသော ကျောက်ကပ်အတွက်ဖြစ်ပြီး..လုံးဝပျက်စီးသွားပြီဖြစ်တဲ့ကျောက်ကပ်အတွက်မဟုတ်ပါ။
ကျောက်ဖရုံသီးနဲ့  နံနံပင်ဟာ ကျောက်ကပ် ကျန်းမာရေးအတွက် အလွန်အထောက်အကူပြုပါတယ်။မယုံမရှိပါနဲ့ ကျွန်တော်ပြောတဲ့အတိုင်း ယနေ့ကစပြီး စွဲသောက်ကြည့်ပါ
ခရစ်ဒစ်