အနံ႔ေပ်ာက္ သူမ်ား အနံ႔ျပန္ရ ခဲ့ရင္ အျခားသူကို မကူးႏိုင္ဘူး ဆိုတာ . .

Posted on

ယခု ရန္ကုန္တိုင္းမွာ အနံ႔ ႐ုတ္တရ က္ေပ်ာက္ လူနာေတြ မ်ားလာပါတယ္။ က်ေနာ့္ ကိုယ္ပိုင္အျမင္အရ ကိုဗစ္ ဘယ္ေလာက္ဆက္ၿပီး ပ်ံ႕မလဲဆိုတာက အနံ႔ေပ်ာက္လူနာေတြအေနနဲ႔ အျခား သူဆီမကူးေအာင္ ဘယ္ေလာက္ေနႏိုင္လဲအေပၚမွာ မူတည္ပါတယ္။ တကယ္လို႔ သင္ဟာ အနံ႔ေပ်ာက္ၿပီးဆိုရင္ ေအာက္က အခ်က္ေတြကို နားလည္ဖို႔လိုပါတယ္။

(၁) ဖ်ားတာ ေခ်ာင္းဆိုးတာ မရွိရင္ အနံ႔ေပ်ာက္လူနာ အမ်ားစုဟာ Covid-19 ေရာဂါေနာက္ဆက္တြဲ ဆိုး႐ြားတဲ့ ျပသနာေတြျဖစ္ေပၚေလ့မရွိပါ။ အနံ႔ တစ္ခုထဲ ေပ်ာက္တာဟာ ေဆး ပ ညာအရ good prognosis လို႔ေတာင္ ေျပာၾကပါတယ္။ ဆိုလိုတာက ကိုယ္ကိုယ္တိုင္အတြက္ စိုးရိမ္စရာသိပ္မရွိပါ။

(၂)အနံ႔ျပန္ရဖို႔ ေထြေထြထူးထူး ေဆးမလိုပါ။ သူ႔ဘာသာ တစ္ပတ္ေလာက္ အတြင္း အနံ႔ျပန္ရပါတယ္။

(၃)အနံ႔ေပ်ာက္လူနာမ်ားဟာ အနံ႔မေပ်ာက္ခင္ ၂ ရက္ကစၿပီး ၂ ပတ္အတြင္း အျခား လူမ်ားကို ကူးႏိုင္ပါတယ္။ အနံ႔ျပန္ရရင္လဲ ၂ ပတ္အထိ အျခားသူကို ကူးႏိုင္လို႔ သီးသန႔္ခြဲေနဖို႔ အေ ရးႀကီးပါတယ္။

(၄)အနံ႔ေပ်ာက္လူနာမ်ားဟာ အနံ႔ျပန္ရရင္မကူးႏိုင္ေတာ့ဖူးလို႔ ယူဆေနၾကပါတယ္။ ဒါဟာ အယူအဆ အမွားပါ။ (၂) ပတ္အထိကူးႏိုင္ပါတယ္။

(၅) အနံ႔ေပ်ာ က္ၿပီဆိုတာနဲ႔ အိမ္ကလူေတြနဲ႔ ခြဲေနပါ။ နီးစပ္ရာ fever clinic (သို႔) ေဆး႐ုံ ကို အေၾကာင္းၾကားၿပီး ကုသအႀကံေပးမႈကိုခံယူပါ။ လိုအပ္ရင္ fever clinic မ်ားမွ အနံ႔ေပ်ာက္စင္တာမ်ားသို႔ ပို႔ေပးပါလိမ့္မယ္။

(၆)က်ေနာ္တို႔ သတိေပး ခ်င္တာကေတာ့ အနံ႔မရတာ တခုပဲရွိတဲ့ လူနာေတြဟာ သူတို႔ကို ကုဖို႔ဆိုတာထက္ အျခားလူကိုမကူးေအာင္ ေနၾကဖို႔ပိုအေရးႀကီး တယ္ဆိုတာ ကိုသ တိေပး ခ်င္ တာပါ။ ဒါေၾကာင့္ အနံ႔ေပ်ာက္လူနာမ်ား သတိႀကီးႀကီးထားၿပီး သီးသန႔္ေနၾကမယ္ဆိုရင္ ကိုဗစ္ ဆက္လက္ကူးစက္မႈကို တားဆီးႏိုင္မွာ ျဖစ္ပါတယ္။

Crd

unicode

ယခု ရန်ကုန်တိုင်းမှာ အနံ့ ရုတ်တရက်ပျောက် လူနာတွေ များလာပါတယ်။ ကျနော့် ကိုယ်ပိုင်အမြင်အရ ကိုဗစ် ဘယ်လောက်ဆက်ပြီး ပျံ့မလဲဆိုတာက အနံ့ပျောက် လူနာ တွေ အနေနဲ့ အခြားသူဆီမကူးအောင် ဘယ်လောက်နေနိုင်လဲအပေါ်မှာ မူတည်ပါတယ်။ တကယ်လို့ သင်ဟာ အနံ့ပျောက်ပြီးဆိုရင် အောက်က အချက်တွေကို နားလည်ဖို့လိုပါတယ်။

(၁) ဖျားတာ ချောင်းဆိုးတာ မရှိရင် အနံ့ပျောက်လူနာ အများစုဟာ Covid-19 ရောဂါနောက်ဆက်တွဲ ဆိုးရွားတဲ့ ပြသနာတွေဖြစ်ပေါ်လေ့မရှိပါ။ အနံ့ တစ်ခုထဲ ပျောက်တာဟာ ဆေး ပညာအရ good prognosis လို့တောင် ပြောကြပါတယ်။ ဆိုလိုတာက ကိုယ်ကိုယ်တိုင်အတွက် စိုးရိမ်စရာသိပ်မရှိပါ။

(၂)အနံ့ပြန်ရဖို့ ထွေထွေထူးထူး ဆေးမလိုပါ။ သူ့ဘာသာ တစ်ပတ်လောက် အတွင်း အနံ့ပြန်ရပါတယ်။

(၃)အနံ့ပျောက်လူနာများဟာ အနံ့မပျောက်ခင် ၂ ရက်ကစပြီး ၂ ပတ်အတွင်း အခြား လူများကို ကူးနိုင်ပါတယ်။ အနံ့ပြန်ရရင်လဲ ၂ ပတ်အထိ အခြားသူကို ကူးနိုင်လို့ သီးသန့်ခွဲနေဖို့ အရေးကြီးပါတယ်။

(၄)အနံ့ပျောက်လူနာများဟာ အနံ့ပြန်ရရင်မကူးနိုင်တော့ဖူးလို့ ယူဆနေကြပါတယ်။ ဒါဟာ အယူအဆ အမှားပါ။ (၂) ပတ်အထိကူးနိုင်ပါတယ်။

(၅) အနံ့ပျောက်ပြီဆိုတာနဲ့ အိမ်ကလူတွေနဲ့ ခွဲနေပါ။ နီးစပ်ရာ fever clinic (သို့) ဆေးရုံ ကို အကြောင်းကြားပြီး ကုသအကြံပေးမှုကိုခံယူပါ။ လိုအပ်ရင် fever clinic များ မှ အနံ့ပျောက်စင် တာများသို့ ပို့ပေးပါလိမ့်မယ်။

(၆)ကျနော်တို့ သတိပေးချင်တာကတော့ အနံ့မရတာ တခုပဲရှိတဲ့ လူနာတွေဟာ သူတို့ကို ကုဖို့ဆိုတာထက် အခြားလူကိုမကူးအောင် နေကြဖို့ပိုအရေးကြီး တယ်ဆိုတာ ကိုသတိ ပေး ချ င် တာပါ။ ဒါကြောင့် အနံ့ပျောက်လူနာများ သတိကြီးကြီးထားပြီး သီးသန့်နေကြမယ်ဆိုရင် ကိုဗစ် ဆက်လက်ကူးစက်မှုကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *