လူတိုင်း မသိသေးတဲ့ ဘီယာ ရဲ့ အထူး အသုံးဝင် ပုံများ

Posted on

၁ ။ ဆံပင်ကို အရှည်မြန်စေတယ်

ဘီယာမှာ ဗီတာမင်ဘီနဲ့ ဆီလီကွန် ပါဝင်တာကြောင့် ဆံသားကို အားပြည့်စေပြီး ဆံသားလှပ ကျန်းမာစေပါတယ် ။ ဆံပင်ပေါ်သို့ ဘီယာတစ်ခွက်ကို လောင်းပြီး ဦးရေပြားကို နှိပ်နယ်ပေးပါ ။ ၅မိနစ်ခန့်ကြာမှ ခေါ်င်းပြန်လျှော်ပေးပါ ။ ဆံသားများ တောက်ပတာကို တွေ့မြင်ရပါမယ် ။

၂ ။ အသားအရေတင်းရင်းစေတယ်

ဘီယာမှာ အသားအရေ နုပျိုစေသော ဓာတ်တိုးဆန့်ကျင် အာနိသင် ရှိတာမို့ အရေပြား အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါတယ် ။ ထို့ပြင် အရေပြားဆဲလ်တွေကို အားကောင်းစေပြီး အေ ရး အကြောင်း ဖြစ်ခြင်းမှလဲ ကာကွယ်ပေးပါသေးတယ် ။ ဘီယာ ထမင်းစားဇွန်း တစ်ဇွန်းကို ကြက်ဥအကာနဲ့ သံလွင်ဆီ ၃စက်ခန့် ရောပါ ။ ထို့နောက် မျက်နာကို လိမ်းပေးပြီး ၁၀မိနစ် ထား ပါ ။

၃ ။ အိပ်ပျော်စေတယ်

ဘီယာမှာ ပါဝင်သော hop flower ကို ညအိပ်မပျော်သော ရောဂါများတွင် သဘာဝ အိပ်ပျော်ဆေးအဖြစ် ထည့်သွင်း အသုံးပြုပါတယ် ။ သင့်ခေါင်းအုံးတွေကို ဘီယာနဲ့ ရေ ဆတူ ရော ထားေ သာ အရည်ဖြင့် လျှော်ပေးပါ ။ ထိုခေါင်းအုံးဖြင့် အိပ်ပါက မြန်မြန်အိပ်ပျော် ပါလိမ့်မယ် ။

၎ ။ ခြေထောက်ညောင်းခြင်းကို ပြေလျော့စေတယ်

ဇလုံတစ်ခုမှာ ဘီယာအေးအေးကို ဖြည့်ပါ ။ ထို့ထဲသို့ ခြေထောက်ကို မိနစ်အနည်းငယ် နှစ်ပါ ။ သင့်ခြေထောက်ကို အညောင်းပြေစေပါတယ် ။

၅ ။ အသားများ နှပ်ရာတွင် အသုံးဝင်ခြင်း

အသားများကို ဘီယာနှင့် နှပ်ခြင်းဖြင့် အရသာမပျက်စေပဲ ပိုမိုနူးအိစေပါလိမ့်မယ် ။ သင်အသုံးပြုလိုသော အသားကို ဗူးတစ်ခုတွင် ထည့်ပါ ။ ထိုထဲသို့ ဘီယာနည်းနည်းထည့်ပြီး ရေခဲသေ တာ ထဲတွင် တစ်ညအိပ်ထားပါ ။ နောက်တစ်နေ့မှာ အရသာ ကောင်းမွန်ပြီး နူးအိတဲ့ အသားတွေကို ရရှိမှာပါ ။

၆ ။ ပရိဘောဂများ အရောင်လက်စေခြင်း

ဘီယာခပ်နွေးနွေးကို အဝတ်စတစ်ခုတွင် သုတ်ပါ ။ ထိုအဝတ်ဖြင့် သစ်သား ပရိဘောဂများကို ပွတ်တိုက်ပေးပါ ။

၇ ။ ယင်ကောင်တွေကို ပြေးစေတယ်

ဘီယာကို ခွက်တစ်လုံးတွင် ထည့်ပါ ။ ထိုခွက်ကို အလူမီနီယမ်ပြားဖြင့် ဖုံးပါ ။ ထို အလူမီနီယမ်ပြားကို အပေါက်ငယ်လေးတွေ ဖောက်ထားဖို့ လိုပါတယ် ။ ထိုအပေါက်ကနေတဆင့် ယင်ေ ကာ င်တွေ ခွက်ထဲသို့ ကျသွားမှာ ဖြစ်ပါတယ် ။

၈ ။ သတ္တုများကို အရောင်တောက်ပစေခြင်း

ဘီယာတွင် အက်စစ်ပါဝင်မှု နည်းပါးတာမို့ သင့် လက်ဝတ်ရတနာများနဲ့ စတီးအိုးများကို ပြောင်လက်အောင် အသုံးပြုနိုင်ပါတယ် ။ အဝတ်စတစ်ခုကို ဘီယာဖြင့်စိမ်ပြီး ပွတ်တိုက်ပေးရုံပဲ ဖြစ် ပါတယ် ။

၉ ။ သံကြေးများကိုဖယ်ရှားပေးခြင်း

ဘီယာတွင်ပါသော အက်စစ်များက သံကြေးများကို ဖြိုခွဲပေးပါတယ် ။ သံကြေးတက်သော အရာပေါ်သို့ ဘီယာကိုလောင်းပြီး မိနစ်အနည်းငယ်ထားပါ ။

ယခုပြောပြတဲ့ သင်မသိသေးတဲ့ လူတိုင်းမသိသေးတဲ့ ဘီယာရဲ့ အထူးအသုံးဝင်ပုံများလည်း စာဖတ်ရင်း ရလာတဲ့ ဗဟုသုတပါ ။ စာမဖတ်၊ ဗဟုသုတ မရှာခဲ့ရင် ခုလိုကူညီနိုင်မှာ မဟုတ်ပါ ဘူး ။ယခုတင်ဆက်ပေးသော အကြောင်းအရာလေးကို သဘောကျတယ်ဆိုရင် ပြန်လည်မျှဝေပေးဖို့အတွက် တောင်းဆိုပါရစေ ။ လူကြီးမင်းတို့ရဲ့ အားပေးမှုတျွေက ကျွန်တော် ၊ကျွ န်မတို့အ တွက် ဆက်လက်တင်ဆက်ပေးဖို့အတွက် ခွန်းအားသစ်တွေရရှိပါတယ် ။ထို့ကြောင့် ကျွန်တော်၊ကျွန်မတို့ကို ကူညီတဲ့အနေနဲ့ ပြန်လည်မျှဝေပေးကြပါနော် ။ ယခုလို အချိန်ပေး ဖတ်ရှုပေး တဲ့ စာဖတ်ပ ရိသတ်ကြီးကို လေးစားစွာဖြင့် အထူးပင် ကျေးဇူးတင်ရှိပါတယ် ။ ဆက်လက်တင်ပြပေးဖို့အတွက် ကြိုးစားပါအုန်းမည် ။ခရက်ဒစ်

Leave a Reply

Your email address will not be published. Required fields are marked *