နှာခေါင်း အမြဲ တမ်း ပိတ်ပြီး အသက် ရှူ ကျပ်နေ လျှင် ကြက် ဟင်းခါးရွက်
Posted on
unicode
ဒီမနက်ခင်းတော့ နှာခေါင်း အမြဲတမ်းပိတ်နေပြီး အမြဲလိုလို အသက်ရှူရခက်ခဲလို့ နည်းအမျိုးမျိုးနဲ့ ဆေးထိုး ၊ ဆေးစား ၊ ဆေးသောက် လုပ်နေရတဲ့ အသိ ညီမလေးတစ်ယောက်နဲ့ စကား စပ်မိ ရင်း ၊သူမ လက်တွေ့ စမ်းသပ်ပြီး သက်သာပျောက်ကင်းခဲ့တဲ့ လွယ်ကူတဲ့ နည်းလေး တစ်ခုကို မျှဝေချင်ပါတယ် ။
အဲဒီ ညီမလေးရဲ့ အလုပ်ကလည်း အမြဲတမ်း အအေးပတ်ဖွဲ့ပြီး ရေနဲ့ မဖြစ်မနေ ထိစပ် နေရတဲ့ အလုပ်ကလေးပါ ။ ဆေးနည်းလေးက ကြက်ဟင်းခါးရွက် နှစ်ရွက်ခန့် ကြိတ်ချေပြီး အရည် ရေ အာင်ယူပါ ။ထိုအရည်ကို နှာခေါင်းထဲသို့ ထည့်ပြီး ရှူပေးပါ ။ စရှူပြီး သိပ်မကြာခင်မှာလည်ချောင်းတစ်လျှောက် နာကျင်သလို ခံစားရပြီး ၊တစ်ခါ နှာခေါင်းထဲမှာ တင်းကြပ် ပိတ်ဆို့ သွား တယ် လို့ိခံစားရပါမယ် ။
သိပ်မကြာခင် နှာချေလာ ပါမယ် ။ပြီးရင်နှာခေါင်းထဲက ပိတ်ဆို့နေတဲ့ နှပ် အခဲ ၊ အပုပ် တွေ ထွက်ကျ လာပါပြီး နေရ ထိုင်ရတာ အရင်ကထက်အသက်ရှူရ ကောင်းမွန်ပြီး ပေါ့ပါး သွားပါ တယ် လို့ဝမ်းမြောက်စွာ ဆိုပါတယ် ။ဒီလို ဝေဒနာ ခံစားရတဲ့ မိတ်ဆွေများ လိုအပ်ရင် အသုံးပြုကြည့်နိုင်ပါရန် မျှဝေပေးလိုက်ပါတယ် ။ အားလုံးပဲ အသက်ရှည် ကျန်းမာကြပါစေရှင်…။
စာဖတ်သူမိဘပြည် သူများအနေဖြင့် ကျွန်တော်တို့တင်ပြပေးထားသည်ကိုဖတ်၍ ဗဟုသုတအဖြစ်မှတ်သားစရာတစ်ခုခုကျန်ခဲ့မယ်ဆိုရင် အလွန်ဝမ်းမြောက်မိမှာပါ။ အခြား သူ များလည်း သိေ စရန်ြ ပန်လည်မျှဝေခြင်းဖြင့်ကျန်းမာ‌ရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်
Credit https://itechmedia.info/
Leave a Reply
Your email address will not be published. Required fields are marked *