ကိုဗစ္လူနာေတြ ကို အိမ္မွာပဲ ထားၿပီး အေျခအေန ေစာင့္ၾကည့္တဲ့စနစ္ ရန္ကုန္မွာ စမည္

Posted on

ေရာဂါလကၡဏာမရွိတဲ့ ကိုဗစ္ပိုးေတြ႕လူနာေတြကို ေနအိမ္မွာပဲ သီးျခားထားရွိၿပီး ဗီဒီယိုေကာလ္ စနစ္နဲ႔ ပုံမွန္ဆက္သြယ္ကာ ေရာဂါအေျခအေန ေစာင့္ၾကပ္ၾကည့္ရႈမယ့္အစီအစဥ္ကို ရန္ကုန္ တိုင္း မွာ စတင္ေဆာင္႐ြက္သြားမယ္လို႔ က်န္းမာေရးတာဝန္ရွိသူေတြ ေဆြးေႏြးေနၾကတယ္လို႔သိရပါတယ္။ ဒီဇင္ဘာ (၁၅) ရက္က ျပဳလုပ္တဲ့ ရန္ကုန္တိုင္းအတြင္းက ကိုဗစ္ ကုသေရးဌာန (၁၄) ခု ရဲ႕ စီမံခန႔္ခြဲမႈ အုပ္ခ်ဳပ္မႈ တာဝန္ခံဆရာဝန္ႀကီးေတြနဲ႔ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးတို႔ ဗီဒီယိုေဆြးေႏြးမႈ နဲ႔ ေတြ႕ဆုံေဆြးေႏြးရာမွာ အဆိုပါ အစီအစဥ္ကို ထည့္ သြင္းေ ဆြးေႏြး ခဲ့ၾကတာျဖစ္ပါတယ္။

ကိုဗစ္ပိုးေတြ႕လူနာေတြကို ေဆး႐ုံ (ဒါမွမဟုတ္) ကုသေရးဌာနမွာ ရက္အတိုင္းအတာတစ္ခု ထိထားရွိၿပီးေနာက္ သူတို႔ရဲ႕ ေရာဂါအေျခအေန၊ အသက္အ႐ြယ္၊ ေရာဂါအခံရွိ၊မရွိ အေျခအေန၊ ေနအိမ္အေျခအေန၊ အတူေနမိသားစု အေရအတြက္ အနည္းအမ်ား၊ သီးျခားအခန္းမွာ ခြဲၿပီး ေနထိုင္ႏိုင္တဲ့ အေျခအေန စတာေတြ အေပၚမူတည္ၿပီး ေနအိမ္ မွာပဲ သီးျခားထားရွိျခင္း ျပဳ လုပ္သြားဖို႔နဲ႔ လူနာေတြကို ဗီဒီယိုေကာလ္ စနစ္နဲ႔ ပုံမွန္ဆက္သြယ္ကာ ေရာဂါအေျခအေန ေစာင့္ၾကပ္ၾကည့္ရႈသြားဖို႔ကို ေဆြးေႏြးခဲ့တာ ျဖစ္ပါတယ္။

ကိုဗစ္ကုသေရးဌာနေတြမွာ တက္ေ ရာက္ေနတဲ့ ကိုဗစ္ပိုးေတြ႕လူနာေတြထဲက ေရာဂါလကၡဏာႏွင့္ ေရာဂါအခံတို႔ မရွိဘဲ သင့္ေတာ္တဲ့ အိမ္အေျခအေနရွိတဲ့ သူေတြကို ကုသေရးဌာနေတြမွာ ရက္ အတိုင္းအတာတစ္ခု ထားရွိၿပီးေတာ့ အိမ္မွာသီးျခားေစာင့္ၾကည့္ကာ ဗီဒီယိုေကာလ္ နဲ႔ ပုံမွန္ဆက္သြယ္ၿပီး ေရာဂါအေျခအေန ေစာင့္ၾကပ္မယ့္ အစီအစဥ္ကို ရန္ကုန္တိုင္းမွာ ကန ဦးေ ရွ႕ေျပးစမ္းသပ္မႈပုံစံနဲ႔ ေဆာင္႐ြက္ဖို႔လည္း က်န္းမာေရးႏွင့္အားကစားဝန္ႀကီး ေဒါက္တာျမင့္ေထြးကလည္း အႀကံျပဳမွာၾကားခဲ့ပါတယ္။

အဲဒီလို ေဆာ င္႐ြ က္ရာမွာ လူနာနဲ႔ လူနာရဲ႕ မိသားစုေတြရဲ႕ စည္းကမ္းလိုက္နာမႈ အေျခအေနကို ေစာင့္ၾကပ္ၾကည့္ရႈဖို႔ သက္ဆိုင္ရာၿမိဳ႕နယ္ ကိုဗစ္ ထိန္းခ်ဳပ္ေရးနဲ႔ အေရးေပၚတုံ ႔ျပန္ေ ရးေ ကာ္ မ တီဝင္ေတြနဲ႔ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ဝန္ထမ္းေတြက ေဆာင္႐ြက္ေစလိုတယ္လို႔လည္း ျပည္ေထာင္စုဝန္ႀကီးက ဆိုပါတယ္။

ဒါ့အျပင္ လူနာရဲ႕ ေရာဂါအေျခအေနေတြကို ေစာင့္ၾကပ္ၾကည့္ရႈဖို႔ အတြက္ သက္ဆိုင္ရာၿမိဳ႕နယ္ ဆရာဝန္ေတြက ဦးစီးတာဝန္ယူေဆာင္႐ြက္ေစလိုတယ္လို႔လည္း ေဒါက္တာျမင့္ေထြးက ေျပာ ပါတယ္။ ကိုဗစ္ေရာဂါဟာ အသက္ရႈလမ္းေၾကာင္းေတြကတစ္ဆင့္ လ်င္ျမန္စြာကူးစက္တာေၾကာင့္ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးလုပ္ငန္းေတြမွာ အခ်ိန္နဲ႔ တစ္ေျပးညီဆုံးျဖတ္ခ်ဖို႔လည္း လိုအ ပ္ၿပီး ဆုံးျဖတ္ခ်က္ေနာက္က်ပါက မ်ားစြာေသာေနာက္ဆက္တြဲဆိုးက်ိဳးေတြရရွိႏိုင္တယ္လု႔ိလည္း သိရပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ကိုဗစ္ကုသဖို႔ အတြက္ ေဝဘာဂီေဆး႐ုံႀကီး၊ ေတာင္ဥကၠလာပေဆး႐ုံ၊ ေဖာင္ႀကီးကုသေရးဌာနစတဲ့ ေဆး႐ုံေတြအျပင္ ေအာင္ျမင့္မိုရ္ကိုဗစ္စင္တာ၊ ႐ိုးမရိပ္သာစင္တာ၊ ဧရာဝ တီ စင္တာ၊ အင္းယားကိုဗစ္စင္တာ၊ Happy Center စတဲ့ ကုသေရးဌာနေတြ အျပင္ တပ္မေတာ္က စီစဥ္ထားတဲ့ ကိုဗစ္ကုသေရးေဆး႐ုံေတြအပါအဝင္ (၂၂) ေနရာ ရွိတယ္လို႔လည္း သိရ ပါတယ္။

crd

unicode

ရောဂါလက္ခဏာမရှိတဲ့ ကိုဗစ်ပိုးတွေ့လူနာတွေကို နေအိမ်မှာပဲ သီးခြားထားရှိပြီး ဗီဒီယိုကောလ် စနစ်နဲ့ ပုံမှန်ဆက်သွယ်ကာ ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုမယ့်အစီအစဉ်ကို ရန်ကုန် တိုင်း မှာ စတင်ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေ ဆွေးနွေးနေကြတယ်လို့သိရပါတယ်။ ဒီဇင်ဘာ (၁၅) ရက်က ပြုလုပ်တဲ့ ရန်ကုန်တိုင်းအတွင်းက ကို ဗစ် ကုသရေးဌာန (၁၄) ခု ရဲ့ စီမံခန့်ခွဲမှု အုပ်ချုပ်မှု တာဝန်ခံဆရာဝန်ကြီးတွေနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့ ဗီဒီယိုဆွေးနွေးမှု နဲ့ တွေ့ဆုံဆွေးနွေးရာမှာ အဆိုပါ အစီ အစဉ်ကို ထည့် သွင်းေ ဆွးနွေး ခဲ့ကြတာဖြစ်ပါတယ်။

ကိုဗစ်ပိုးတွေ့လူနာတွေကို ဆေးရုံ (ဒါမှမဟုတ်) ကုသရေးဌာနမှာ ရက်အတိုင်းအတာတစ်ခု ထိထားရှိပြီးနောက် သူတို့ရဲ့ ရောဂါအခြေအနေ၊ အသက်အရွယ်၊ ရောဂါအခံရှိ၊မရှိ အခြေ အနေ၊ နေအိမ်အခြေအနေ၊ အတူနေမိသားစု အရေအတွက် အနည်းအများ၊ သီးခြားအခန်းမှာ ခွဲပြီး နေထိုင်နိုင်တဲ့ အခြေအနေ စတာတွေ အပေါ်မူတည်ပြီး နေအိမ် မှာပဲ သီးခြား ထား ရှိခြင်း ပြု လုပ်သွားဖို့နဲ့ လူနာတွေကို ဗီဒီယိုကောလ် စနစ်နဲ့ ပုံမှန်ဆက်သွယ်ကာ ရောဂါအခြေအနေ စောင့်ကြပ်ကြည့်ရှုသွားဖို့ကို ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ကုသရေးဌာနတွေမှာ တက်ေ ရာက်နေတဲ့ ကိုဗစ်ပိုးတွေ့လူနာတွေထဲက ရောဂါလက္ခဏာနှင့် ရောဂါအခံတို့ မရှိဘဲ သင့်တော်တဲ့ အိမ်အခြေအနေရှိတဲ့ သူတွေကို ကုသရေး ဌာန တွေမှာ ရက် အတိုင်းအတာတစ်ခု ထားရှိပြီးတော့ အိမ်မှာသီးခြားစောင့်ကြည့်ကာ ဗီဒီယိုကောလ် နဲ့ ပုံမှန်ဆက်သွယ်ပြီး ရောဂါအခြေအနေ စောင့်ကြပ်မယ့် အစီအစဉ်ကို ရ န်ကု န် တိုင်းမှာ ကန ဦးေ ရှ့ပြေးစမ်းသပ်မှုပုံစံနဲ့ ဆောင်ရွက်ဖို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးကလည်း အကြံပြုမှာကြားခဲ့ပါတယ်။

အဲဒီလို ဆော င်ရွ က်ရာမှာ လူနာနဲ့ လူနာရဲ့ မိသားစုတွေရဲ့ စည်းကမ်းလိုက်နာမှု အခြေအနေကို စောင့်ကြပ်ကြည့်ရှုဖို့ သက်ဆိုင်ရာမြို့နယ် ကိုဗစ် ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ေ ရးေ ကာ် မ တီဝင်တွေနဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဝန်ထမ်းတွေက ဆောင်ရွက်စေလိုတယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ဆိုပါတယ်။

ဒါ့အ ပြင် လူနာရဲ့ ရောဂါအခြေအနေတွေကို စောင့်ကြပ်ကြည့်ရှုဖို့ အတွက် သက်ဆိုင်ရာမြို့နယ် ဆရာဝန်တွေက ဦးစီးတာဝန်ယူဆောင်ရွက်စေလိုတယ်လို့လည်း ဒေါက်တာမြင့်ထွေးက ပြော ပါတယ်။ ကိုဗစ်ရောဂါဟာ အသက်ရှုလမ်းကြောင်းတွေကတစ်ဆင့် လျင်မြန်စွာကူးစက်တာကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာ အချိန်နဲ့ တစ်ပြေး ညီဆုံး ဖြ တ် ချဖို့ လည်း လိုအ ပ်ပြီး ဆုံးဖြတ်ချက်နောက်ကျပါက များစွာသောနောက်ဆက်တွဲဆိုးကျိုးတွေရရှိနိုင်တယ်လု့ိလည်း သိရပါတယ်။

ရန်ကုန်မြို့မှာ ကိုဗစ်ကုသဖို့ အတွက် ဝေဘာဂီဆေးရုံကြီး၊ တောင်ဥက္ကလာပဆေးရုံ၊ ဖောင်ကြီးကုသရေးဌာနစတဲ့ ဆေးရုံတွေအပြင် အောင်မြင့်မိုရ်ကိုဗစ်စင်တာ၊ ရိုးမရိပ်သာစင်တာ၊ ဧ ရာဝ တီ စင်တာ၊ အင်းယားကိုဗစ်စင်တာ၊ Happy Center စတဲ့ ကုသရေးဌာနတွေ အပြင် တပ်မတော်က စီစဉ်ထားတဲ့ ကိုဗစ်ကုသရေးဆေးရုံတွေအပါအဝင် (၂၂) နေရာ ရှိတ ယ် လို့လည်း သိရ ပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *