unicode
ပရိသတ်ကြီးရေ သဘာဝမင်းသား လို့ပရိသတ်တွေ
တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချော မြင့်မြတ်ကတော့
သာယာပျော်ရွှင်စရာမိသားစုဘဝလေး ကို တည်ထောင် ထားတာဖြစ်ပြီး
ပရိသတ်တွေ အားကျ ချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်
သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင် သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး
အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။
မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ
ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး
ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး
မြင့်မြတ်ကတော့ မိသားစုတွေကို ပရိတ်ရှေ့ ချပြတာနဲလှပါတယ်။
မြင့်မြတ်ရဲ့ ဖခင် ယခုအချိန်မှာ Taxi မောင်းနေရပြီး
ဖုန်းဆက်တဲ့အချိန်မှာ သားကိုဖုန်းကိုင်စေချင်တဲ့အကြောင်းလေးပြောပြလာပါတယ်
မြင့်မြတ်ရဲ့ အဖေ ဦးမြင့် ကျော်က
“အခုလောလောဆယ် စားဖို့ အတွက် နဲ့ လစဉ်သွင်းရမယ့်
ငွေလေးတွေ ရှိနေတာကြောင့် လိုအပ်ချက် အရ မဖြစ်မနေ Taxi ကား မောင်းဖြစ်နေတာပါ။
ကိုယ့်ဘဝ ကို ရုန်းကန်နေတာပါ သား လုပ်တဲ့ သူက မိသားစု အပေါ်မှာ သိတတ် ပါတယ်။
အင်မတန်လည်း တော်တယ်။ Taxi မောင်းတယ် ဆိုပေမယ့် ကိုယ့်သား ရဲ့
ဂုဏ်သိက္ခာကို မထိခိုက်စေချင်လို့ သပ်သပ်ရပ်ရပ် ဝတ်စားပြီး မောင်းပါတယ်။
ဦးကြောင့် သား စိတ်အနှောက်အယှက် ဖြစ်စေမယ့် အလုပ်မျိုးတွေ ကို ရှောင်တယ်
သားကို များများတော့ မပြောချင်ပါဘူး.. အဖေ ဖုန်းဆက်ရင် သား ကိုင်စေချင်တယ်” လို့ ပြောလာခဲ့ပါတယ်
ပရိသတ်ကြီးအတွက် သရုပ်ဆောင်မြင့်မြတ် ရဲ့အဖေ ဦးမြင့်ကျော်ရဲ့
interview ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဖတ်ရှုအားပေးကြတဲ့ ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်နော်