နား/ႏွာေခါင္းေရာဂါ မ်ား အတြက္ က်ီးအာပင္

Posted on

က်ီးအာပင္ အေအးပိုင္းေဒသမွအပ ျမန္မာႏိုင္ငံ အႏွံ႔အျပားတြင္ ေပါက္ေရာက္သည္။ သဘာဝအေလ်ာက္ အေလ့က်ေပါက္ေရာက္သည္။

♥ အပင္

ႏြယ္ပင္ႀကီးမ်ိဳးျဖစ္သည္။ ပင္စည္ သန္မာ၍ ေအာက္ပိုင္း၌ သစ္မာျ ဖစ္သည္။ အကိုင္းျဖာသည္။ ေျမာင္းပါသည္။ ရင့္ေသာ ပင္စည္သည္ မြဲေျခာက္ေျခာက္အေရာင္ျဖစ္ၿပီး ၾကမ္းေသာ အေျပာ က္အ စက္မ်ား ရွိသည္။ ႏြယ္ႏွာေမာင္း ၃ ခုျဖာသည္။

♥ အ႐ြက္

႐ြက္လႊဲ တစ္႐ြက္ခ်င္း ထြက္သည္။ ႐ြက္ျပားေခ်ာ၍ ႀကီးသည္။ ႐ြက္ရင္း ႏွလုံးပုံရွိၿပီး အဝိုက္ညီသည္။ ႐ြက္ထိပ္ခြၽန္၍႐ြက္နားမ်ား ေခြးသြားစိပ္ က်ဲက်ဲပုံရွိၿပီး ႐ြက္ညႇာအလြန္ရွည္ကာ အလယ္ တြင္ ေျမာင္းပါရွိသည္။

♥ ပန္းပြင့္

ပန္းခိုင္ေပၚတြင္ အျဖဴေရာင္ပန္းပြင့္ ေလးမ်ား ပြင့္၏ ။တန္ခူးလမွ နယုန္လအတြင္း ပြင့္သည္။

♥ အသီး

အေစ့မ်ား ခြံမာသီး ျဖစ္သည္။ ၁၁/၂ -၂ လက္မခန႔္ အခ်င္း ရွိ၍ လုံးဝိုင္းသည္။ မွည့္ေသာအခါ အနီေရာင္ ျဖစ္သည္။လိေမၼာ္ေရာင္အစင္း ၁၀ စင္း ခန႔္ရွိသည္။ အသီးခြံ ထူသည္။ ဝါေခါင္ ၊ ေတာ္သလင္း လတြင္ သီးသည္။

♥ အျမစ္

အျမစ္သည္ ေျမတြင္းသို႔ နက္႐ိူင္းစြာသြား၍ ျမစ္ဥေပါင္း မ်ားစြာႏွင့္ ဆက္စပ္လ်က္ရွိ၏။

► အသုံးဝင္ပုံ

အသီး ၊ အျမစ္။

♥ အာနိသင္

ျမန္မာေဆးက်မ္းမ်ားအလိုအရ က်ီးအာသီးသည္ ခါးသည္ ၊ အနည္းငယ္ ခ်ိဳသည္၊ သိမ္ေမြ႕ေသာ အရသာ ရွိသည္။ ႏွလုံးႏွင့္ မသင့္ ေခ်။ အရည္သည္ ဝမ္းသင္ေစသည္။

► အသီးအသုံးျပဳပုံ

၁ ။ က်ီးအာသီးကိုႀကိတ္၍ အုန္းဆီႏွင့္ ေရာက်ိဳၿပီး ခပ္ေႏြးေႏြး ထည့္ေပးက နားကိုက္နာႏွင့္ ႏွာေခါင္းတြင္ ျဖစ္ေသာ အနာမ်ားကို ေပ်ာက္ေစသည္။ ႏွာပုပ္ေရာဂါတြင္ ႏွာေခါင္း ထဲသို႔ ယင္း ဆီကို အစက္လိုက္ ထည့္ေပးရ၏ ။

၂ ။ ၎အသီးေျခာက္ကို ေခ်၍ ေဆးလိပ္ ၊ ေဆးတံတြင္ ထည့္ေသာက္ခဲ့ေသာ္ ပန္းနာ၊ ရင္က်ပ္ေရာဂါေပ်ာက္ကင္း၏ ။

၃ ။ အသီးကို လည္ေခ်ာင္းေရာဂါ ၊ အစာမေၾကေရာဂါ ၊ ေခ်ာင္းဆိုးေရာဂါ ၊ ကု႒ႏူနာေရာဂါ ၊ နာတာရွည္ ေရာဂါ ၊အစာအိမ္ႏွင့္ စပ္လ်ဥ္းေသာေရာဂါမ်ား အတြက္ အသုံးျပဳသည္။

► အျမစ္အသုံးျပဳပုံ

၁ ။ က်ီးအာျမစ္ကို ေသြး၍ လွ်ာတြင္ ပြတ္ေပးလွ်င္တစ္ခဏခ်င္းပင္ သလိပ္ကို ေၾကေစ၏ ။ အျမစ္သက္သက္ အမႈန႔္ကိုထိပ္ကပ္နာ ေရာဂါ၌ ရႉရ၏ ။

၂ ။ အျမစ္ဥကိုျပဳတ္၍ ပ်ားရည္ႏွင့္ ေသာက္က ဆီးေအာင့္ နာ ေပ်ာက္၏ ။

♥ မည္သူမဆိုလြတ္လပ္စြာကူးယူေဖၚျပႏိုင္ပါသည္။ ♥

♥ က်န္းမာေရးဗဟုသုတတိုးပြါးေစရန္ Like,share, ,Credit ေပးျခင္းျဖင့္လည္းကူညီႏိုင္ပါသည္။ ♥ျမန္မာေဆးဖက္ဝင္ အပင္မ်ား သုတေမာင္မွ ကူးယူေဖာ္ျပပါသည္။

unicode

ကျီးအာပင် အအေးပိုင်းဒေသမှအပ မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။ သဘာဝအလျောက် အလေ့ကျပေါက်ရောက်သည်။

♥ အပင်

နွယ်ပင်ကြီးမျိုးဖြစ်သည်။ ပင်စည် သန်မာ၍ အောက်ပိုင်း၌ သစ်မာြ ဖစ်သည်။ အကိုင်းဖြာသည်။ မြောင်းပါသည်။ ရင့်သော ပင်စည်သည် မွဲခြောက်ခြောက်အရောင်ဖြစ်ပြီး ကြမ်းသော အပြော က်အ စက်များ ရှိသည်။ နွယ်နှာမောင်း ၃ ခုဖြာသည်။

♥ အရွက်

ရွက်လွှဲ တစ်ရွက်ချင်း ထွက်သည်။ ရွက်ပြားချော၍ ကြီးသည်။ ရွက်ရင်း နှလုံးပုံရှိပြီး အဝိုက်ညီသည်။ ရွက်ထိပ်ချွန်၍ရွက်နားများ ခွေးသွားစိပ် ကျဲကျဲပုံရှိပြီး ရွက်ညှာအလွန်ရှည်ကာ အလယ် တွင် မြောင်းပါရှိသည်။

♥ ပန်းပွင့်

ပန်းခိုင်ပေါ်တွင် အဖြူရောင်ပန်းပွင့် လေးများ ပွင့်၏ ။တန်ခူးလမှ နယုန်လအတွင်း ပွင့်သည်။

♥ အသီး

အစေ့များ ခွံမာသီး ဖြစ်သည်။ ၁၁/၂ -၂ လက်မခန့် အချင်း ရှိ၍ လုံးဝိုင်းသည်။ မှည့်သောအခါ အနီရောင် ဖြစ်သည်။လိမ္မော်ရောင်အစင်း ၁၀ စင်း ခန့်ရှိသည်။ အသီးခွံ ထူသည်။ ဝါခေါင် ၊ တော်သလင်း လတွင် သီးသည်။

♥ အမြစ်

အမြစ်သည် မြေတွင်းသို့ နက်ရိူင်းစွာသွား၍ မြစ်ဥပေါင်း များစွာနှင့် ဆက်စပ်လျက်ရှိ၏။

► အသုံးဝင်ပုံ

အသီး ၊ အမြစ်။

♥ အာနိသင်

မြန်မာဆေးကျမ်းများအလိုအရ ကျီးအာသီးသည် ခါးသည် ၊ အနည်းငယ် ချိုသည်၊ သိမ်မွေ့သော အရသာ ရှိသည်။ နှလုံးနှင့် မသင့် ချေ။ အရည်သည် ဝမ်းသင်စေသည်။

► အသီးအသုံးပြုပုံ

၁ ။ ကျီးအာသီးကိုကြိတ်၍ အုန်းဆီနှင့် ရောကျိုပြီး ခပ်နွေးနွေး ထည့်ပေးက နားကိုက်နာနှင့် နှာခေါင်းတွင် ဖြစ်သော အနာများကို ပျောက်စေသည်။ နှာပုပ်ရောဂါတွင် နှာခေါင်း ထဲသို့ ယင်း ဆီကို အစက်လိုက် ထည့်ပေးရ၏ ။

၂ ။ ၎င်းအသီးခြောက်ကို ချေ၍ ဆေးလိပ် ၊ ဆေးတံတွင် ထည့်သောက်ခဲ့သော် ပန်းနာ၊ ရင်ကျပ်ရောဂါပျောက်ကင်း၏ ။

၃ ။ အသီးကို လည်ချောင်းရောဂါ ၊ အစာမကြေရောဂါ ၊ ချောင်းဆိုးရောဂါ ၊ ကုဋ္ဌနူနာရောဂါ ၊ နာတာရှည် ရောဂါ ၊အစာအိမ်နှင့် စပ်လျဉ်းသောရောဂါများ အတွက် အသုံးပြုသည်။

► အမြစ်အသုံးပြုပုံ

၁ ။ ကျီးအာမြစ်ကို သွေး၍ လျှာတွင် ပွတ်ပေးလျှင်တစ်ခဏချင်းပင် သလိပ်ကို ကြေစေ၏ ။ အမြစ်သက်သက် အမှုန့်ကိုထိပ်ကပ်နာ ရောဂါ၌ ရှူရ၏ ။

၂ ။ အမြစ်ဥကိုပြုတ်၍ ပျားရည်နှင့် သောက်က ဆီးအောင့် နာ ပျောက်၏ ။

♥ မည်သူမဆိုလွတ်လပ်စွာကူးယူဖေါ်ပြနိုင်ပါသည်။ ♥

♥ ကျန်းမာရေးဗဟုသုတတိုးပွါးစေရန် Like,share, ,Credit ပေးခြင်းဖြင့်လည်းကူညီနိုင်ပါသည်။ ♥မြန်မာဆေးဖက်ဝင် အပင်များ သုတမောင်မှ ကူးယူဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *