လိုင်းပေါ် မှာ ဖွနေတဲ့ ဓာတ်ပုံ အကြောင်း မြောက်ဥက္ကလာဆေးရုံ အရေး‌ပေါ်ဌာန က ဆရာဝန် ရှင်းပြီ

Posted on

အဲ့နေရာက မြောက်ဥက္ကလာ အရေးပေါ်ဌာနရဲ့ Fever corner လို့ခေါ်တဲ့ နေရာပါ.. ၂၄ နာရီ ပတ်လုံး PPE ဝတ်ဆင်ထားပြီး အရေးပေါ် ဝန်ဆောင်မှုပေးနိုင်ဖို့ အရေးပ်ါဆရာဝန်တွေ ကို ယ်တိုင် အရေးပေါ်သူနာပြုတွေ ကိုယ်တိုင် လေးနာရီခြားတစ်ခါ လူလဲပြီးတော့ လုပ်ပေးနေကြတာပါ..






Dr. lae lae zaw (ED NOGH)

unicode

အဲ့နေရာက မြောက်ဥက္ကလာ အရေးပေါ်ဌာနရဲ့ Fever corner လို့ခေါ်တဲ့ နေရာပါ.. ၂၄ နာရီ ပတ်လုံး PPE ဝတ်ဆင်ထားပြီး အရေးပေါ် ဝန်ဆောင်မှုပေးနိုင်ဖို့ အရေးပါ်ဆရာဝန်တွေ ကို ယ်တိုင် အရေးပေါ်သူနာပြုတွေ ကိုယ်တိုင် လေးနာရီခြားတစ်ခါ လူလဲပြီးတော့ လုပ်ပေးနေကြတာပါ..

အဲ့လူနာတွေဟာ အရေးပေါ် စမ်းသပ်ကြည့်ရှု ကုသမှုတွေရရှိပြီးနောက် ဆေးရုံတင်ဖို့အတွက် ဆေးရုံပေါ်နေရာရဖို့ အတွက် စောင့်နေကြရတာပါ.. နေရာမရခင်ကာလမှာ အခြေအေ နဆိုးမ သွား ဖို့ ကျနော်တို့ အရေးပေါ်ဌာနက အကောင်းဆုံး ကြိုးစားနေကြတာပါ။ ဘာမှ မရတာထက်စာရင် ထိုင်ရက်နဲ့ အောက်စီဂျင် ရှူနေရလို့ သက်သာနေတာ ဘယ်လောက်ကောင်းလဲဗျာ ဟု တ်တ ယ်မလား။ ထိုင်ခုံတွေ အလှူခံရပါတယ် အောက်စီဂျင်အ်ုးတွေ အလှူခံရပါတယ်..

နေရာတွေ သီးသန့်ဆောင်တွေများ အမြဲပြည့်နေတော့ ကျနော် တို့ရဲ့ အရေးပေါ်လူနာတွေအတွက် အကောင်းဆုံး လုပ်ပေးထားတာပါ.. ဒါတောင် ပြင်းထန်လူနာတွေထားတဲ့ Fever room ဆိုတာ ရှိပါသေးတယ် အဲ့အခန်းက ပုံတွေကတော့ ကျနော်မတင်တော့ပါ အခုပုံကတော့ သတင်းအမှားလွှင့်တဲ့သူက အင်တာနက်မှာ တင်ပြီးသား မို့ ကျနော်တို့က ကျင့်ဝတ်နဲ့ အညီ မျ က်နှာေ လးတွေ အုပ်ပြီး ပြန်လည် ဖြေရှင်းတာပါ..

ကူရာကယ်ရာမဲ့လို့ ဆေးရုံတင်ရမယ့် ပြင်းထန်လူနာ ပစ်ထားလို့ လာခေါ်ရတယ် တို့ ဆေးရုံကနေ နှင်လွှ်တယ်တို့ ဆိုတာ လုံးဝမဟုတ်ပါဘူး.. မကူချင်နေပါ သတင်းအမှားတွေ မတင်ေ စချင် ပါ။ အောက်မှာ ကျနော်တို့ အရေးပေါ်ဌာနက ဖြေရှငိးတင်ပြထားတဲ့ မူရင်းပို့စ်လေးပါ။ ရှဲ ဆိုရင် သိပ်မသိမှာစိုးလို့ ကူးပြီးတင်လိုက် ပါတယ် (Zaw Thiha)

ဒီပုံကို အမျိုးမျိုး ရေးနေကြလို့ပါ။ တကယ်တော့ ဒီနေရာက ရေးရေးနေတဲ့ အရေးပေါ်ဌာန နောက်ဖက် က ကော်ရစ်ဒါပါ နောက်က အဆောင် နဲ့ ဆက်ထားတဲ့ ဒီနေရာရယ် ED ရဲ့ ပတ်ြ ခာလည်မှာ ဒီပုံထဲကလို စောင့်နိုင်အောင် တောင် တော်တော်လေး ပြင်ဆင်ပေး ခဲ့ကြရတာပါ ခုံတွေက အစ က ဒီလို မကောင်းပါဘူး နောက်မှီမပါ အဆင်မပြေတော့ ဒါလေးတွေ ရုံးပေါ်က ရလာ ချိန်မှာ ထားပေးတာပါ..

အောက်စီဂျင် အိုးတွေလည်း ဆေးရုံက ရတာနဲ့ မလောက်လို့ အလှူ ခံထားတာတွေပါ ပါပါတယ်။ အရေးပေါ်မှာ ဖျားနာခန်း ဆိုတာ ထားပြီး ၂၄ နာရီ ၇ ရက်ပတ်လုံး 24 နာရီ ပိတ်ရက် မရှိ ကြည့်ပေးနေတာပါ။ ဒီလူနာတွေက အရေးပေါ်က ရောဂါရာဇဝင်မေး သွေးဖောက် ဓာတ်မှန်ရိုက်ပေးပြီး လိုအပ်တဲ့ ကုသမှုတွေပေးပြီးချိန် မှာ သက်ဆိုင်ရာ အဆောင် ကို ဆေးရုံတက်ဖို့ အဆောင် ရမည့် အချိန်ကို စောင့်နေကြတာပါ။

Dr. lae lae zaw (ED NOGH)

Leave a Reply

Your email address will not be published. Required fields are marked *