အိမ္သုံးဆားနဲ႔ေရာဂါကို အျမစ္ကိုျပတ္မွာ

Posted on

၁။ ကေလးမ်ားဥတုအကူးတြင္ ခြၽဲပူထၿပီးေခ်ာင္းဆိုးရင္ ၾကပ္ေရာဂါျဖစ္လွ်င္ အိမ္သုံးဆားကို ကြမ္း႐ြက္တြင္

ကန္ေတာ့ထိုး၍ အထုပ္ငယ္ေလးမ်ားျပဳလုပ္ကာ သံျပားေပၚတြင္တင္၍ မီးအပူေပးျပာခ်ပါ

ထိုကြမ္း႐ြက္ + ဆား ျပာကိုသံပရာရည္ျဖင့္ ေဖ်ာ္၍ တိုက္ေပး၊ လ်က္ေပးလွ်င္ ေခ်ာင္းဆိုးရင္က်ပ္ေရာဂါ ေပ်ာက္ကင္းေစႏိုင္သည္။

၂။ လူႀကီးမ်ားေရခ်ိဳးမွားအပူငုပ္၍ ေခ်ာင္းဆိုးလွ်င္ အိမ္သုံးဆားဟင္းစားဇြန္းတစ္ဇြန္းကို ဒယ္အိုးျဖင့္

နီေအာင္ေလွာ္ ပူေနတုန္းသံပရာသီးတစ္လုံး အရည္ညႇစ္ခ်ေဖ်ာ္ၿပီး လ်က္ေပးပါ။

အပူငုပ္အသံဝင္ ေခ်ာင္းဆိုးေပ်ာက္ကင္းႏိုင္သည္။

၃။ ဥတုအကူးအေျပာင္းတြင္ ေလတိုက္အခိုးငုပ္၍ ခႏၶာကိုယ္အေရျပားတြင္ မိတ္ကဲ့သို႔ ယားဖုမ်ားထြက္လွ်င္

သနပ္ခါးအျမစ္ကို ဆားျဖင့္ေရာေသြးလိမ္းျခင္းျဖင့္ သက္သာေစႏိုင္သည္။

၄။ မိတ္အိုင္းကဲ့သို႔ ယားဖုႀကီးမ်ားထြက္လွ်င္ ခေရပြင့္ေျခာက္ကို ဆားအနည္းငယ္ျဖင့္ သနပ္ခါးေက်ာက္ပ်ဥ္တြင္ ေရာေသြးလိမ္းလွ်င္ ေပ်ာက္ကင္းႏိုင္သည္။

၅။ သာမန္မ်က္စိနာ မ်က္စိနီရဲသူမ်ား ဆားရည္ေဖ်ာ္၍ အရည္ၾကည္ကိုမ်က္စဥ္းခတ္ေပးလွ်င္ မ်က္စိနာျခင္း၊ နီရဲျခင္း၊ မ်က္သားယားျခင္းေပ်ာက္ကင္းႏိုင္သည္။

၆။ ႐ုတ္တရက္ ေရေႏြးေငြ႕ဟပ္မိလွ်င္ ဆီပူေလာင္လွ်င္ ဆားလက္တစ္ဆုပ္ခန႔္ကို ေရေအးတစ္ဖလားတြင္ေဖ်ာ္ၿပီး

စိမ္ေပးလွ်င္ အပူေလာင္ဖုအေရၾကည္ဖုမ်ားမထြက္ဘဲ ေပ်ာက္ကင္းႏိုင္သည္။

၇။ ဓာတ္ဆီ၊ ေရနံဆီ အဆီအမ်ိဳးမ်ိဳးႏွင့္ ဓာတုပစၥည္းတစ္မ်ိဳးမ်ိဳးပါးစပ္ထဲဝင္လွ်င္ ဆားရည္ေဖ်ာ္၍

မတ္ခြက္တစ္လုံးခန႔္ေသာက္ၿပီး အာေခါင္သို႔ လက္ထိုးအန္ပစ္လွ်င္ အဆိပ္သင့္ျခင္းမွ သက္သာေပ်ာက္ကင္းေစႏိုင္သည္။

၈။ ေျခဖဝါးအသားမာႏွင့္ ဂြၽတ္တတ္ေသာ ယားနာမ်ားကို ေရမခ်ိဳးမီမန္က်ည္းမွည့္ႏွင့္ ဆားေရာ၍ ပြတ္ေပးျခင္းျဖင့္ သက္သာေပ်ာက္ကင္းေစႏိုင္သည္။

၉။ ပု႐ြက္ဆိတ္ကိုက္ျခင္း၊ ၾကမ္းပိုးကိုက္ျခင္းေၾကာင့္ အေရျပားတြင္ အပိမ့္မ်ားထလွ်င္ ဆားႏွင့္ နႏြင္းမႈန႔္ကိုေရာ၍ ေရေဖ်ာ္လိမ္းေပးလွ်င္ သက္သာေစသည္။

၁ဝ။ ေလထိုးေလေအာင့္ျဖစ္လွ်င္ ဆားကိုေလွာ္ၿပီးေရွာက္ သီးအရည္ျဖင့္ အၾကမ္းပန္းကန္တစ္လုံးစာ တိုက္ေပးျခင္းျဖင့္ ထိုးေအာင့္ျခင္းမွ သက္သာေစႏိုင္သည္။

၁၁။အာခံတြင္းနံ႔နံလ်င္ နံနက္တိုင္းဆားရည္ျဖင့္အာလုပ္က်င္းပါ

၁၂။ခ်ိဳင္းေခြၽးနံ႔နံလ်င္ ေရမခ်ိဳးမွီ ဆားျဖင့္ခ်ိဳင္းကိုတမိနစ္ခန႔္ပြတ္ပါ

၃ရက္အတြင္းအနံ႔ဆိုးထြက္ျခင္းမွအၿပီးေပ်ာက္ကင္းသည္

unicode

၁။ ကလေးများဥတုအကူးတွင် ချွဲပူထပြီးချောင်းဆိုးရင် ကြပ်ရောဂါဖြစ်လျှင် အိမ်သုံးဆားကို ကွမ်းရွက်တွင်

ကန်တော့ထိုး၍ အထုပ်ငယ်လေးများပြုလုပ်ကာ သံပြားပေါ်တွင်တင်၍ မီးအပူပေးပြာချပါ

ထိုကွမ်းရွက် + ဆား ပြာကိုသံပရာရည်ဖြင့် ဖျော်၍ တိုက်ပေး၊ လျက်ပေးလျှင် ချောင်းဆိုးရင်ကျပ်ရောဂါ ပျောက်ကင်းစေနိုင်သည်။

၂။ လူကြီးများရေချိုးမှားအပူငုပ်၍ ချောင်းဆိုးလျှင် အိမ်သုံးဆားဟင်းစားဇွန်းတစ်ဇွန်းကို ဒယ်အိုးဖြင့်

နီအောင်လှော် ပူနေတုန်းသံပရာသီးတစ်လုံး အရည်ညှစ်ချဖျော်ပြီး လျက်ပေးပါ။

အပူငုပ်အသံဝင် ချောင်းဆိုးပျောက်ကင်းနိုင်သည်။

၃။ ဥတုအကူးအပြောင်းတွင် လေတိုက်အခိုးငုပ်၍ ခန္ဓာကိုယ်အရေပြားတွင် မိတ်ကဲ့သို့ ယားဖုများထွက်လျှင်

သနပ်ခါးအမြစ်ကို ဆားဖြင့်ရောသွေးလိမ်းခြင်းဖြင့် သက်သာစေနိုင်သည်။

၄။ မိတ်အိုင်းကဲ့သို့ ယားဖုကြီးများထွက်လျှင် ခရေပွင့်ခြောက်ကို ဆားအနည်းငယ်ဖြင့် သနပ်ခါးကျောက်ပျဉ်တွင် ရောသွေးလိမ်းလျှင် ပျောက်ကင်းနိုင်သည်။

၅။ သာမန်မျက်စိနာ မျက်စိနီရဲသူများ ဆားရည်ဖျော်၍ အရည်ကြည်ကိုမျက်စဉ်းခတ်ပေးလျှင် မျက်စိနာခြင်း၊ နီရဲခြင်း၊ မျက်သားယားခြင်းပျောက်ကင်းနိုင်သည်။

၆။ ရုတ်တရက် ရေနွေးငွေ့ဟပ်မိလျှင် ဆီပူလောင်လျှင် ဆားလက်တစ်ဆုပ်ခန့်ကို ရေအေးတစ်ဖလားတွင်ဖျော်ပြီး

စိမ်ပေးလျှင် အပူလောင်ဖုအရေကြည်ဖုများမထွက်ဘဲ ပျောက်ကင်းနိုင်သည်။

၇။ ဓာတ်ဆီ၊ ရေနံဆီ အဆီအမျိုးမျိုးနှင့် ဓာတုပစ္စည်းတစ်မျိုးမျိုးပါးစပ်ထဲဝင်လျှင် ဆားရည်ဖျော်၍

မတ်ခွက်တစ်လုံးခန့်သောက်ပြီး အာခေါင်သို့ လက်ထိုးအန်ပစ်လျှင် အဆိပ်သင့်ခြင်းမှ သက်သာပျောက်ကင်းစေနိုင်သည်။

၈။ ခြေဖဝါးအသားမာနှင့် ဂျွတ်တတ်သော ယားနာများကို ရေမချိုးမီမန်ကျည်းမှည့်နှင့် ဆားရော၍ ပွတ်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေနိုင်သည်။

၉။ ပုရွက်ဆိတ်ကိုက်ခြင်း၊ ကြမ်းပိုးကိုက်ခြင်းကြောင့် အရေပြားတွင် အပိမ့်များထလျှင် ဆားနှင့် နနွင်းမှုန့်ကိုရော၍ ရေဖျော်လိမ်းပေးလျှင် သက်သာစေသည်။

၁ဝ။ လေထိုးလေအောင့်ဖြစ်လျှင် ဆားကိုလှော်ပြီးရှောက် သီးအရည်ဖြင့် အကြမ်းပန်းကန်တစ်လုံးစာ တိုက်ပေးခြင်းဖြင့် ထိုးအောင့်ခြင်းမှ သက်သာစေနိုင်သည်။

၁၁။အာခံတွင်းနံ့နံလျင် နံနက်တိုင်းဆားရည်ဖြင့်အာလုပ်ကျင်းပါ

၁၂။ချိုင်းချွေးနံ့နံလျင် ရေမချိုးမှီ ဆားဖြင့်ချိုင်းကိုတမိနစ်ခန့်ပွတ်ပါ

၃ရက်အတွင်းအနံ့ဆိုးထွက်ခြင်းမှအပြီးပျောက်ကင်းသည်

Leave a Reply

Your email address will not be published. Required fields are marked *