ရှမ်းပြည်နယ်က ကျောက်ပန်းပြားပင်ကြီး ကို ပြည်နယ် အတွင်း အကြီးဆုံး အဖြစ်သတ်မှတ် လိုက်ပြီ







unicode

ယခု သတင်းကို ( Pyi Myanmar ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

ရင်စို့လုံးပတ် ၁၉ ပေ ၁၀လက်မ ရှိသော ကျောက်ပန်းပြား ပင်ကြီးကို ပြည်နယ် အတွင်း အကြီးဆုံး အဖြစ်သတ်မှတ်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ် နေအိမ် ဝင်းအတွင်း တည်ရှိသော ရင်စို့လုံးပတ် ၁၉ ပေ ၁၀လက်မ အရွယ်ရှိသည့် ကျောက်ပန်းပြားပင်ကြီးကို ပြည်နယ်အတွင်းရှိ ကျောက်ပန်းပြားပင်များထဲတွင် အကြီးဆုံးအဖြစ် ရှမ်းပြည်နယ်သ စ်တော ဦးစီးဌာနကယခုလ ၂၁ ရက်က မှတ်တမ်းတင်နိုင်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကျောက်ပန်းပြားပင်သည် အမြဲစိမ်းအပင်အ မျိုးအစားဖြစ်ပြီး ပင်လယ်ရေ မျက်နှာပြင်အထက် ၁၆၀ပေမှ အစပြု၍ ၉၅၁၀အထိ ပေါက်ရော က်နိုင်ပြီး ၁၉၀ ပေ အမြင့်ထိ ကြီးထွားနိုင် ကာ အဆောက်အဦနှင့် ပရိဘောဂများတွင် သုံးစွဲသည့်အပြင်ခဲတံ ပြုလုပ်ရာတွင် အကော င်းဆုံးသစ် ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် သစ်တော ဦးစီးဌာနသည် ယခုအခါ အကြီးဆုံး တောင်ဇလပ်ပင်၊ ချယ်ရီပင်၊သရက္ခန်ပင်၊သနပ်ခါးပင်နှင့် ကျောက်ပန်းပြားပင် များကို မှတ်တမ်းတင်ထားကာ ၎င်းအပင် များထက် အရွယ်အစားကြီးမားသည့် အပင်ကြီးများ တွေ့ရှိပါက လက်ရှိ အကြီးဆုံး ဖြစ်မှု အဆင့် ကို လိုအပ်သလို ပြင်ဆင် သွား မည်ဖြစ်ကြောင်းသိရသည်။

swh(ဓာတ်ပုံ-ရှမ်းပြည်နယ်သစ်တောဦးစီးဌာန)

Add a Comment

Your email address will not be published. Required fields are marked *