ဆင်းရဲ့မစင်နဲ့ ထုတ်လုပ်ထားတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီတွေထဲက တစ်ခု

Posted on

ယခုလတ်တလော ရေပန်းစားနေတာကတော့ ကမ္ဘ့ာဈေးအကြီးဆုံးကော်ဖီအဖြစ်နာမည်ကြီးနေတဲ့ ဆင်ရဲ့ မစင်နဲ့ ပြုလုပ်ထားတဲ့ ကော်ဖီပဲ ဖြစ်ပါတယ်။ ဒီကော်ဖီကိုတော့ ထိုင်းနိုင်ငံက စတ င် ခဲ့တာ ဖြစ်ပြီး ဆင်တွေကို အရည်သွေးကောင်းတဲ့ ကော်ဖီစေ့တွေကို သူတို့ရဲ့အစာထဲ ထည့်သွင်းရော စပ်ကျွေးမွေးတာပဲ ဖြစ်ပါတယ်။

ဆင်တွေရဲ့ အစာချက်ချိန်ဟာ ကျန်တဲ့ သတ္တဝါတွေထက် ပိုကြာမြင့်ပြီး အစာစားပြီး ၁၅နာရီလောက်မှ မစင်ပြန်စွန့်ကြတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကော်ဖီစေ့တွေဟာ ဆင်တွေရဲ့ ဝမ်း ဗိုက် ထဲမှာ အချိန်ကြာမြင့်စွာရှိနေပြီး ကော်ဖီရဲ့ မူလအခါးဓာတ်ကို လျော့ချပေးလိုက်တာပဲ ဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဆင်တွေ မစင်စွန့်မယ့်အချိန်ကို စောင့်ကြည့်ပြီး ထိုမစင်ထဲမှ ကော်ဖီစေ့များကို ပြန်လည်ရွေးယူကြတာပဲ ဖြစ်ပါတယ်။ ရွေးပြီးသွားတဲ့ ကော်ဖီစေ့တွေကို အခြောက်လှန်းပြီး ဈေး ကွက်မှာ ရောင်းချကြတာပဲ ဖြစ်ပါတယ်။ ထိုကော်ဖီမှုန့် တစ်ကီလိုဂရမ်ကို ဒေါ်လာ ၁၁၀၀ အထိတောင်ရှိပြီး နိုင်ငံတစ်ကာ အဆင့်မြင့် ဟိုတယ်တွေမှာတော့ ထိုကော်ဖီတစ်ခွက်ရဲ့ ဈေးနှု န်းဟာ ဒေါ်လာ ၅၀ တန်ဖိုးရှိပါတယ်။

သတင်းအရင်းမြစ်: Bloggers Arena

Leave a Reply

Your email address will not be published. Required fields are marked *