ကိုယ္ခံစြမ္းအားျမင့္မားေစတဲ့ အတြက္ေၾကာင့္ အေအးမိဖ်ားနာျခင္းနဲ႔ တုပ္ေကြးတို႔ရန္ ကင္းေ၀းေစတဲ့ ခ်ည္ေပါင္ဖူး

Posted on

ခ်ဥ္ေပါင္႐ြက္ကကိုယ္ခံစြမ္းအားျမင့္မားေစတဲ့အတြက္ေၾကာင့္ အေအးမိဖ်ားနာျခင္းနဲ႔ တုပ္ေကြးတို႔ရန္မွ ကင္းေဝးပါလိမ့္မယ္။

ခ်ဥ္ေပါင္႐ြက္က ပုံမွန္အားျဖင့္ သြားကိုက္ျခင္း၊ ဆီးလမ္းေၾကာင္းဆိုင္ရာ ေရာဂါပိုးဝင္ျခင္းနဲ႔ အရက္နာက်ျခင္းတို႔ကို ကုသေပးႏိုင္ပါတယ္။ တခ်ိဳ႕ေနရာေတြမွာဆိုရင္ ခ်ဥ္ေပါင္႐ြက္ကို ေထာင္းၿပီး ညႇစ္လိုက္ကာ ရရွိလာတဲ့အရည္ကို မ်က္စိအတြင္းသာေရာင္ရမ္းျခင္းအတြက္ အသုံးျပဳသလို ေနလွန္းအေျခာက္ခံၿပီး အမႈန႔္ႀကိတ္ေခ်လိုက္တဲ့အခါမွာေတာ့ ပြန္းပဲ့ဒဏ္ရာမ်ား၊ ျပည္တည္နာမ်ားအတြက္ အသုံးျပဳၾကပါတယ္။

သူ႔ရဲ႕ အားသာခ်က္ေတြက ဒီမွာတင္ ရပ္မသြားပါဘူး။ အျခားက်န္းမာေရးအတြက္ ေကာင္းက်ိဳးအေျမာက္အျမားလည္း ေပးစြမ္းႏိုင္ပါေသးတယ္။

ဓမၼတာနာက်င္ကိုက္ခဲျခင္းကို သက္သာေစျခင္း

ခ်ဥ္ေပါင္႐ြက္ စားသုံးျခင္းက ဓမၼတာစဥ္ ႂကြက္သားမ်ားနာက်င္ကိုက္ခဲျခင္းကို သက္သာေစပါတယ္။ ထိုအခ်ိန္မွာ အမ်ိဳးသမီးမ်ား ခံစားရေလ့ရွိတဲ့ စိတ္အေျပာင္းအလဲအတက္အက်ျမန္ျခင္း၊ စိတ္ဓာတ္က်ျခင္း၊ အစား အလြန္အကြၽံစားသုံးျခင္း စတဲ့ လကၡဏာမ်ားကို ေလ်ာ့ပါးသက္သာေစၿပီး ခႏၶာကိုယ္တြင္းရွိ ေဟာ္မုန္းမ်ား ညီမွ်မႈရွိေအာင္ ကူညီေပးပါတယ္။

ဘက္တီးရီးယားမ်ားကို တိုက္ဖ်က္ေပးၿပီး ေရာင္ရမ္းမႈကို ေလ်ာ့ခ်ေပးျခင္း

ခ်ဥ္ေပါင္႐ြက္ကို ေၾကာ္စား၊ ခ်က္စား႐ုံသမကာ ဟင္းရည္လုပ္ေသာက္ႏိုင္သလို လက္ဖက္ရည္ကဲ့သို႔လည္း ေသာက္သုံးႏိုင္ပါေသးတယ္။ ခ်ဥ္ေပါင္ လက္ဖက္ရည္မွာဆိုရင္ ဗီတာမင္စီဓာတ္ႂကြယ္ဝစြာပါဝင္ၿပီး ထိုဗီတာမင္စီက သင့္ ခႏၶာကိုယ္အတြက္ မရွိမျဖစ္လိုအပ္တဲ့ အာဟာရဓာတ္ကို ပံ့ပိုးေပးတဲ့အျပင္ ခုခံစြမ္းအားျမင့္မားလာေအာင္လည္း ကူညီေပးပါေသးတယ္။

ကိုယ္ခံစြမ္းအားျမင့္မားတဲ့အတြက္ေၾကာင့္ အေအးမိဖ်ားနာျခင္းနဲ႔ တုပ္ေကြးတို႔ရန္မွ ကင္းေဝးပါလိမ့္မယ္။

အစာေခ်စနစ္ကို ကူညီေပးျခင္း

ခ်ဥ္ေပါင္႐ြက္စားသုံးျခင္းက ဝမ္းခ်ဳပ္ျခင္းကို သက္သာေစၿပီး အူမႀကီးကင္ဆာ မျဖစ္ပြားေအာင္ ႀကိဳတင္ကာကြယ္ေပးႏိုင္ပါတယ္။

ကိုယ္အေလးခ်ိန္က်ေစျခင္း

သၾကားဓာတ္၊ ကစီဓာတ္နဲ႔ ကာဘိုဟိုက္ၿဒိဳက္ဓာတ္မ်ားတဲ့ အစားအစာမ်ားကို အလြန္အကြၽံစားသုံးမိမယ္ဆိုရင္ သင့္ ခႏၶာကိုယ္က ဝိတ္တက္လာပါလိမ့္မယ္။ ခ်ဥ္ေပါင္႐ြက္ကေတာ့ ထိုကစီဓာတ္နဲ႔ ကလူးကို႔စ္ဓာတ္ ပါဝင္မႈမ်ားကို စုပ္ယူပစ္ႏိုင္တဲ့ အစြမ္းသတၱမ်ား ပိုင္ဆိုင္ထားတာေၾကာင့္ ဝိတ္က်ခ်င္သူေတြအတြက္ အသင့္ေတာ္ဆုံးအစားအစာေတြထဲက တစ္ခုပဲျဖစ္ပါတယ္။

စိတ္က်ေရာဂါကို ကုသေပးႏိုင္ျခင္း

ခ်ဥ္ေပါင္႐ြက္ထဲမွာ Flavonoids လို႔ေခၚတဲ့ စိတ္က်ေရာဂါကို ဆန႔္က်င္တိုက္ဖ်က္ေပးႏိုင္တဲ့ ဓာတ္တစ္မ်ိဳးပါဝင္ပါတယ္။ ထိုဓာတ္က အာ႐ုံေၾကာစနစ္ကို ေကာင္းမြန္စြာ အလုပ္လုပ္ေဆာင္ႏိုင္ေအာင္ ကူညီေပးၿပီး ကိုယ္ စိတ္ႏွလုံး ေအးခ်မ္းတည္ၿငိမ္ေအာင္ ကူညီေပးႏိုင္ပါတယ္။ ခ်ဥ္ေပါင္႐ြက္တင္ က်န္းမာေရးအတြက္အက်ိဳးျပဳတာမဟုတ္ပါဘူး။ ခ်ဥ္ေပါင္သီးကလည္း က်န္းမာေရးအတြက္ အက်ိဳးေက်းဇူးေပးစြမ္းတာေၾကာင့္ ယိုထိုးၿပီးလည္း စားသုံးႏိုင္သလို အရည္ေဖ်ာ္ေသာက္လို႔လည္း ရပါတယ္

Crd original writter
Posted in ကျန်းမာရေးဗဟုသုတ

unicode

ချဉ်ပေါင်ရွက်ကကိုယ်ခံစွမ်းအားမြင့်မားစေတဲ့အတွက်ကြောင့် အအေးမိဖျားနာခြင်းနဲ့ တုပ်ကွေးတို့ရန်မှ ကင်းဝေးပါလိမ့်မယ်။

ချဉ်ပေါင်ရွက်က ပုံမှန်အားဖြင့် သွားကိုက်ခြင်း၊ ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါပိုးဝင်ခြင်းနဲ့ အရက်နာကျခြင်းတို့ကို ကုသပေးနိုင်ပါတယ်။ တချို့နေရာတွေမှာဆိုရင် ချဉ်ပေါင်ရွက်ကို ထောင်းပြီး ညှစ်လိုက်ကာ ရရှိလာတဲ့အရည်ကို မျက်စိအတွင်းသာရောင်ရမ်းခြင်းအတွက် အသုံးပြုသလို နေလှန်းအခြောက်ခံပြီး အမှုန့်ကြိတ်ချေလိုက်တဲ့အခါမှာတော့ ပွန်းပဲ့ဒဏ်ရာများ၊ ပြည်တည်နာများအတွက် အသုံးပြုကြပါတယ်။

သူ့ရဲ့ အားသာချက်တွေက ဒီမှာတင် ရပ်မသွားပါဘူး။ အခြားကျန်းမာရေးအတွက် ကောင်းကျိုးအမြောက်အမြားလည်း ပေးစွမ်းနိုင်ပါသေးတယ်။

ဓမ္မတာနာကျင်ကိုက်ခဲခြင်းကို သက်သာစေခြင်း

ချဉ်ပေါင်ရွက် စားသုံးခြင်းက ဓမ္မတာစဉ် ကြွက်သားများနာကျင်ကိုက်ခဲခြင်းကို သက်သာစေပါတယ်။ ထိုအချိန်မှာ အမျိုးသမီးများ ခံစားရလေ့ရှိတဲ့ စိတ်အပြောင်းအလဲအတက်အကျမြန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အစား အလွန်အကျွံစားသုံးခြင်း စတဲ့ လက္ခဏာများကို လျော့ပါးသက်သာစေပြီး ခန္ဓာကိုယ်တွင်းရှိ ဟော်မုန်းများ ညီမျှမှုရှိအောင် ကူညီပေးပါတယ်။

ဘက်တီးရီးယားများကို တိုက်ဖျက်ပေးပြီး ရောင်ရမ်းမှုကို လျော့ချပေးခြင်း

ချဉ်ပေါင်ရွက်ကို ကြော်စား၊ ချက်စားရုံသမကာ ဟင်းရည်လုပ်သောက်နိုင်သလို လက်ဖက်ရည်ကဲ့သို့လည်း သောက်သုံးနိုင်ပါသေးတယ်။ ချဉ်ပေါင် လက်ဖက်ရည်မှာဆိုရင် ဗီတာမင်စီဓာတ်ကြွယ်ဝစွာပါဝင်ပြီး ထိုဗီတာမင်စီက သင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်ကို ပံ့ပိုးပေးတဲ့အပြင် ခုခံစွမ်းအားမြင့်မားလာအောင်လည်း ကူညီပေးပါသေးတယ်။

ကိုယ်ခံစွမ်းအားမြင့်မားတဲ့အတွက်ကြောင့် အအေးမိဖျားနာခြင်းနဲ့ တုပ်ကွေးတို့ရန်မှ ကင်းဝေးပါလိမ့်မယ်။

အစာချေစနစ်ကို ကူညီပေးခြင်း

ချဉ်ပေါင်ရွက်စားသုံးခြင်းက ဝမ်းချုပ်ခြင်းကို သက်သာစေပြီး အူမကြီးကင်ဆာ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

သကြားဓာတ်၊ ကစီဓာတ်နဲ့ ကာဘိုဟိုက်ဒြိုက်ဓာတ်များတဲ့ အစားအစာများကို အလွန်အကျွံစားသုံးမိမယ်ဆိုရင် သင့် ခန္ဓာကိုယ်က ဝိတ်တက်လာပါလိမ့်မယ်။ ချဉ်ပေါင်ရွက်ကတော့ ထိုကစီဓာတ်နဲ့ ကလူးကို့စ်ဓာတ် ပါဝင်မှုများကို စုပ်ယူပစ်နိုင်တဲ့ အစွမ်းသတ္တများ ပိုင်ဆိုင်ထားတာကြောင့် ဝိတ်ကျချင်သူတွေအတွက် အသင့်တော်ဆုံးအစားအစာတွေထဲက တစ်ခုပဲဖြစ်ပါတယ်။

စိတ်ကျရောဂါကို ကုသပေးနိုင်ခြင်း

ချဉ်ပေါင်ရွက်ထဲမှာ Flavonoids လို့ခေါ်တဲ့ စိတ်ကျရောဂါကို ဆန့်ကျင်တိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တစ်မျိုးပါဝင်ပါတယ်။ ထိုဓာတ်က အာရုံကြောစနစ်ကို ကောင်းမွန်စွာ အလုပ်လုပ်ဆောင်နိုင်အောင် ကူညီပေးပြီး ကိုယ် စိတ်နှလုံး အေးချမ်းတည်ငြိမ်အောင် ကူညီပေးနိုင်ပါတယ်။ ချဉ်ပေါင်ရွက်တင် ကျန်းမာရေးအတွက်အကျိုးပြုတာမဟုတ်ပါဘူး။ ချဉ်ပေါင်သီးကလည်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးပေးစွမ်းတာကြောင့် ယိုထိုးပြီးလည်း စားသုံးနိုင်သလို အရည်ဖျော်သောက်လို့လည်း ရပါတယ်

Crd original writter
Posted in ကနြျးမာရေးဗဟုသုတ

Leave a Reply

Your email address will not be published. Required fields are marked *