ဒီစာလေး ကတော့ ကိုဗစ် ဖြစ်ပြီး ဆေးရုံ (သို့မဟုတ်) ကုသရေးစင်တာမှာဖြစ်ဖြစ် ရောက်နေတဲ့သူတွေ အတွက်ပါ

Posted on

ဒီစာလေးကတော့ ကိုဗစ် ဖြစ်ပြီး ဆေးရုံ သို့မဟုတ် ကုသရေးစင်တာမှာ ဖြစ်ဖြစ် ရောက်နေတဲ့သူတွေ အတွက်ပါ..ကျွန်တော်ကိုယ်တိုင် ဧရာဝတီစင်တာမှာ ဆေးကုသခံခဲ့စဉ်က ကြုံတွေ့ရ တာေ လးတွေပါ… တာဝန်ရှိသူတွေက အင်းတိုက်အားတိုက် ဆောင်ရွက်ပေးကြတဲ့အပေါ် လူနာတွေဘက်ကလည်း စည်းကမ်းလိုက်နာမှု့လေးတွေရှိမယ်ဆို ကူညီရာ ရောက်ပါတယ်…

အစား အသောက်ကိစ္စ – စင်တာတွေမှာ လူနာတွေကို တနေ့ ထမင်း၃နပ်အပြင် ရေသန့်နဲ့ မုန့် တွေပါ ပေးပါတယ်…ထမင်း ဆိုလည်း တစ်ယောက်စာကိုဝဝလ င်လင်စားလို့ရေ အာင်လုံေ လာ က်ေ အာင်ပေးပါတယ် .. လူနာနဲ့ စေတနာဝန်ထမ်း တွေထိတွေ့မှု့နည်းအောင် အရှေ့စားပွဲပေါ်မှာပဲ လူအရေတွက်နဲ့ ချပေးခဲ့တာပါ..အဲ့လိုအခါမျိုးမှာ ကိုယ့်တစ်ယောက်စာကိုပဲ ယူေ ပးစေ ချင်ပါတယ်…ကိုယ်ကဦးလို့ပဲဆိုပြီး လောဘနဲ့ နေ့ဖို့ညစာတွေပိုယူတဲ့အခါကျ နောက်လူတွေမရတာမျိုးဖြစ်ရပါတယ်…အဲ့လိုအခါမျိုးတွေမှာဆို အပြင်ကလူတွေဆီထပ်တောင်းရ.. PPE တခါ ဝတ် ရ…နောက်တခါလာထက်ပေးရတာတွေဟာ တော်တော်ကို အလုပ်ပိုစေတယ်လို့မြင်မိပါတယ်…

အမှိုက်ကိစ္စ – Positive လူနာတွေဆီက ထွက်လာတဲ့အမှိုက်တွေက အန္တရာယ် အရမ်းများပါတယ်…ဒါတွေကို စေတနာဝန်ထမ်းတွေကသိမ်းပေး ပြစ်ပေးရတာပါ…အမှိုက်တွေကိုဖြစ်သလို ပစ်တာမျိုးမလုပ်ဘဲ သပ်သပ်ရပ်ရပ်ထုတ်ပိုးပြီး ပစ်ပေးသင့်ပါတယ်..maskတွေ.. လက်အိတ်တွေ..စားကြွင်းစားကျန်ဆိုလည်း အဖုံးလေးသေချာပိတ်ပြီး အမှိုက်အိတ်နဲ့လုံအောင်ထုတ်ပိုးပြီး ပစ်ပေးမယ်ဆို သိမ်းရတဲ့တွေအတွက် အရမ်းကိုအဆင်ပြေမှာပါ….

အညစ် အကြေးစွန့်တဲ့ကိစ္စ – ကျွန်တော် အထဲမှာ မြင်တွေ့ခဲ့ရသလောက် အမျိုးသားတွေက ညဘက်ဆီး သွားချင်ရင် ရေသန့်ဘူး နဲ့အလွယ်သွားတတ်ကြတယ်.. ဘာကြောင့်လဲဆိုတော့ စုေ ပါင်းအိမ်သာက အဆောင်ရဲ့အပြင်ဘက်အဝေးမှာရောက်နေလို့ပါ…ဒါပေမယ့်စွန့်ပစ်တဲ့အခါမှာ အိမ်သာထဲမှာ သေချာသွန်ပြီးဆေးကြောသင့်ပါတယ် ..အမှိုက်ထဲ ဆီးဘူးတွေပစ်တော့ သိမ်း ရတဲ့သူတွေကို အားနာ ဖို့ကောင်းသလို မတော်တဆ မှောက်ကျ ဖိတ်ကျခဲ့ရင်လည်း တော်တော်စိတ်ပျက်စရာကောင်းပါတယ်..

အခန်းရှင်းတဲ့ကိစ္စ – ဘယ်သူ ကမှတာဝန်မပေးထားပေမယ့် ကိုယ်ပြန်တဲ့အခါ ကိုယ့်အခန်းလေးကိုလာခဲ့စဉ်ကအတိုင်း ပြန်ရှင်းပေးခဲ့မယ်ဆို တခြားသူတွေအတွက် အလုပ်ရှုတ်တော်ေ တာ် သက် သာသွားမှာပါ..ကျွန်တော်တို့တုန်းကတော့ ပြန်သွားတဲ့သူတွေရဲ့အခန်းတွေကို ကျန်ခဲ့တဲ့သူတွေစုရှင်း ခဲ့ပါတယ်..မဟုတ်ရင်တော့ Volunteerတွေက PPEဝတ်ပြီးလာရှင်းရမှာပါ…တယောက်ချင်းဆီက ကိုယ့်တာဝန်ကိုယ်ယူတာကတော့ အကောင်းဆုံးပါပဲ..

လူနာချင်းရိုင်းပင်းခြင်းကိစ္စ – ကိုဗစ်လူနာတွေမှာ လူနာစောင့် မရှိပါဘူး..အားလုံးကိုယ်ထူ ကိုယ်ထပါပဲ…အဲ့တော့နေ ကောင်းကျန်းမာနေတဲ့ သူက ဖျားနာနေတဲ့သူ မောနေတဲ့လူနာတွေကို ပြန်ကူညီပေးဖို့လိုပါတယ်…

အစိုးရကရော အလှူရှင်တွေကရော အကုန်ပူး ပေါင်းပြီး ကိုဗစ်ကိုတိုက်ထုတ်တဲ့နေရာမှာ လူနာတွေကလည်း ပါဝင် ပေးမှရမှာပါ..ငါကလူနာပဲဆိုပြီ အပြစ်ထိုင်တင်ပြီး အခန့်သားေ နလို့မရပါ ဘူး…စည်းကမ်းလိုက်နာမှရပါမယ်…မြန်မာနိုင်ငံကြီးအမြန်ဆုံးကိုဗစ်ဒဏ်ကနေကင်းဝေးနိုင် ပါစေ…

Leave a Reply

Your email address will not be published. Required fields are marked *