
Posted on










လက်တွေ့လုပ်ဆောင်ကြည့်ပြီး ဝေဒနာများ အန်ြဆုံးသက်သာ ချမ်းသာကြပါစေလို့ ဆုမွန်ချွေ ဝေဒနာကုသရေး နည်းစနစ်ကို ကုသိုလ်ဖြစ်မှဝေလိုပါတယ် ။

Unicode

လက်ပြင်ကြောငုပ်လျှင် ကိုယ်တိုင်ကုသသက်သာစေမည့်နည်း

လက်ပြင်ကြောငုပ်နေလျင်မည်သို့ကုသသင့်သလဲ

လက်ပြင်ကြောငုပ်ခြင်းအတွက် ကတော့ မိမိရဲ့ ဝေဒနာ အပြင်းအနိမ့်ပေါ်မူတည်ပြီး မိမိကိုယ်တိုင် လေ့ကျင့်ခန်း အဖိ အဖော့ကို လုပ်ကြည့်ရမှာပါ။

ဝေဒနာခံစားနေရတဲ့ လက်ကို ကြက်တောင်ပံ ပုံသဏ္ဍာန် ခပ်ကွေးကွေးလေး လုပ်ပါ။

(၁) ကြက်တောင်ပံခတ်သလို ညင်ညင်သာသာ အထက် နှင့် အောက် ခတ်ပါ။

(၂) ကြက်တောင်ပံ ပုံသဏ္ဍာန်အတိုင်း လက်ကို ဘေးဘက်သို့ တန်း၍ ပုခုံးဖြင့် တတန်းတည်း ကပ်ထား၍၊ ပုခုံးတစ်ခုတည်းကိုသာ အနောက်မှ အရှေ့သို့ခပ်ဖြည်းဖြည်း စက်ဝိုင်းလှည့်ပေးပါ။

(၃) ပြီးရင် အမှတ်စဉ် ၂ နှင့် ပြောင်းပြန် လားရာအတိုင်း ပုခုံးကို စက်ဝိုင်းလှည့်ပေးပါ။

(၄) တစ်ယောက်ယောက်ကို အကူအညီဖြင့် ငုပ်နေသောလက်ပြင်ကြောနေရာကို အကြောပြေ ဒဏ်ကြေလိမ်းဆေးဖြင့် လိမ်းပေးပါ။

ဆေးလိမ်းပေးသောသူက ငုပ်နေသော လက်ပြင်ကြောနေရာကို လက်မလေးဖြင့် ခပ်သာသာ စက်ဝိုင်းပုံသဏ္ဍာန် အကြောဖြေ လိမ်းပေးပါ။

(၅) သွေးလေ ဖောက်ပြန်ခြင်း၊ ပူလွန်း အေးလွန်းရောဂါ၊ အကြောညက် အကြောကပ် ဝေဒနာများအတွက် ပရုတ်ပါဝင်သော အရည် အဆီ လိမ်ဆေးက အထူးကောင်းမွန်ပါတယ်။

လက်တွေ့လုပ်ဆောင်ကြည့်ပြီး ဝေဒနာများ အြန်ဆုံးသက်သာ ချမ်းသာကြပါစေလို့ ဆုမွန်ချွေ ဝေဒနာကုသရေး နည်းစနစ်ကို ကုသိုလ်ဖြစ်မှဝေလိုပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *