
Posted on










unicode

ခုခေတ် ၁၅ ၁၆ ဝန်းကျင် မိန်းကလေးတချို့ ရိုင်းတာကို ဂေါ်တယ်ထင်နေကြတယ် အပြောအဆိုတွေက ထဘီထဲကမထွက်ဘူး

ကိုယ့်နှုတ်ထွက်စကား ညစ်ညမ်းမ ှအထာကျတယ် ထင်နေကြတယ် ။အင်္ဂလိပ်စကား ညှပ်သုံးရင်တောင် What the Fuck နဲ့ Fuck You Bitch ပဲပြောတယ်။ကိုယ့်ကိုယ်ကိုတောင် တန်ဖိုးမထားတာ ဘယ်ယောက်ျားကမှလဲ ကိုယ့်ကိုတန်ဖိုးထားမှာမဟုတ်ဘူး ။

အနား အားပေးတဲ့သူ ရှိကောင်းရှိလိမ့်မယ ်ဝိုင်းပြီးပင့်ပေးနေတဲ့သူ ရှိကောင်းရှိလိမ့်မယ် ကိုယ်ပေါင်းတဲ့ တခြားသူတွေကလဲ အဲ့လို အသုံးအနှုန်းလောက် ကိုအရမ်းဂေါ်တယ်လို့ တလွဲတွေးနေတဲ့သူတွေ ဖြစ်လိမ့်မယ်။

ဒီလို အောက်လုံးတွေ ပြောနေတဲ့ မိန်းကလေးက အလွယ်ရမယ်ဆိုတာ ယောက်ျားတိုင်း သိတယ်။ဘာရရ စားမယ်ဆိုတဲ့ကောင်တွေလောက်ပဲ ရလိမ့်မယ်။ဒါကို ဆရာကျတယ် ထင်ရင် ညေးတို့ မှားလိမ့်မယ်။

သုတ်ကြောင်တွေကလွဲရင် နှုတ်ရိုင်းတဲ့မိန်းကလေး ဘယ်သူမှ အထင်မကြီးပါ ….ဆရာကျတယ်လား sry ပါ …..သနားစရာကလေးတွေလို့ပဲ မြင်တယ်….ရုပ်ကလေးတွေနဲ့မှမလိုက် ပေါက်ကရ အသုံးအနှုန်းတွေနဲ့ ကိုယ့်သိက္ခာကို ချနင်းနေတာ မမြင်ကြဘူး…..

အထာကျတယ်လား sry ပါ ….လမ်းဘေးမှာ ပန်းရောင်းတဲ့ကလေးတောင် ယဉ်ကျေးမှုဆိုတာ နားလည်တယ်။ကိုယ့်တန်းဖိုး ကိုယ်သိပါ…..လမ်းဘေးအဆင့်တောင် မရှိဘူးဆိုတာ တအားတွေ ကိုယ့်ကိုယ်ကို စွတ်အထင်ကြီးနေတယ်…..။

ကိုယ့်အဖေကိုယ့်အမေ သိက္ခာ ပြန်စဉ်းစားတတ်ရင် ဒီကလေးဟာ Facebook မှာ ရိုင်းစိုင်းတဲ့စကားတွေနဲ့ဂေါ်လီလုပ်မှာမဟုတ်ဘူး…။အဖြေက ရှင်းရှင်းလေး တန်ဖိုးဆိုတာ ရှင်းပြလဲနားလည်မှာမဟုတ်ဘူး…။တန်ဖိုးဆိုတာ မသိရင်သိမ်မွေ့တဲ့ မိန်းကလေးတစ်ယောက်ကိုကြည့်ပါ ။

သူ့ရဲ့ ပတ်ဝန်းကျင် ကိုကြည့်ပါ။သူ့ ကိုပိုင်ဆိုင်ထားတဲ့ကောင်လေးရဲ့ဆက်ဆံပုံကိုကြည့်ပါ။သူ့အပြောအဆို သူ့နေထိုင်ပုံ ကိုယ်နဲ့ယှဉ်ကြည့်ပါ။မင်းကိုယ်မင်း သိမ်ငယ်လာလိမ့်မယ် ။babeအတုယူမှားရင် ပြင်ပါ။ကိုယ်ထက် ရင့်ကျက်တဲ့သူတွေနဲ့ ပေါင်းပါ။

အရိုင်းအစိုင်းတောထဲကနေ အပြင် အလင်းကိုထွက်ကြည့်ပါ ။ကိုယ့်တန်ဖိုးကိုယ် နားလည်တတ်ပါစေ ….နောင်တဆိုတာ နောက်ကျသွားရင် ဒီစော်ကလွယ်လွယ်လေးပါ ဆိုတဲ့စကား တသက်လုံး မင်းနာမည် နောက်တွဲလုံးဖြစ်သွားလိမ့်မယ် ။မုန်းလဲမတတ်နိုင်ဘူးကွယ် ပြင်စေချင်တာအမှန်ပဲ။

ယဉ်ကျေးသော မိန်ကလေးတွေဖြစ်ဖို့ ရှဲလ်ပေးကြပါဗျာ….။photo;fb / orginal writer

Leave a Reply

Your email address will not be published. Required fields are marked *