ဒေါက်တာဒေါ်ခင်ခင်ကြီး ရေးတဲ့ “ကိုဗစ်အတွက် ကာကွယ်ဆေး အလှမ်း မဝေးတော့ပါ”

Posted on

ကာကွယ်ဆေးရခဲ့ရင်တောင် ခုလက်ရှိ ဆောင်ရွက်နေတဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေ ဆက်လက်လုပ်ဆောင်နေရအုံးမှာ ဖြစ်ပါတယ် ဘာလို့ဆိုတော့ ကာကွယ်ဆေးက လူအားလုံးကို ပေးနို င်မှာ မဟုတ်သေးလို့ပါပဲ။ သို့သော် အန္တရာယ်နဲ့ အမြဲရင်ဆိုင်နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အသက်ကြီးသူတွေ နောက်ခံ ရောဂါရှိသူတွေ နိုင်ငံတော် ယန္တရားအတွက် မရှိမဖြစ် သူေ တွကတော့ ပထမဦးစားပေး ဖြစ်ပါတယ်။

နိုင်ငံလူဦးရေရဲ့ ၂၀% ကတော့ ရဖို့ရှိပါတယ် ဒါဆိုရင်တော့ ဖြစ်ပွားမှု သေဆုံးမှု လျော့ကျမှာ အသေအချာပါပဲ ။ဆက်ပြီး အားတင်းထား ကြစို့ရဲ့ ။ ကိုဗစ်ရောဂါအတွက် ကာကွယ်ဆေးကို ယ ခု ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ရရှိနိုင်လိမ့်မည်ဟု WHO ၏ အကြီးအကဲ Dr. Tedros က ဆိုင်းမဆင့်ဗုံမပါ ပြောကြားလိုက်သည်ဟု CGTN သတင်းဌာနက ယနေ့ (၆/၁၀/၂၀၂၀) ၂၂: ၁၂ အချိန်တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်။

WHO အကြီးအကဲသည် နှစ်ရက်ကြာ ကျင်းပသည့် ကိုဗစ် ကာကွယ် ထိန်းချုပ်ရေးအတွက် ထိပ်တန်းအစည်းအဝေးတွင် ပြောကြားလိုက်ခြင်းဖြစ်ပါသည်။’ကျွန်တော်တို့အားလုံး ကာကွ ယ်ေ ဆးကို လိုအပ်နေကြတယ် ခုဆိုရင် ဒီနှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေးရရှိဖို့ မျှော်လင့်လို့ရနေပါပြီ’ ဟု ပြောကြားလိုက်ခြင်းဖြစ်ပါသည် ဒါ့ကြောင့်မျှော်လင့်ချက်ကတော့ အမှန်တက ယ်ဖြစ်လာေ တာ့ မှာပါ။

လက်ရှိအချိန်တွင် ကာကွယ်ဆေး ၉ မျိုးသည် WHO ဦးဆောင် သည့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးရရှိရေးဆောင်ရွက်နေသည့် COVAX အဖွဲ့အစည်း၏ ဦးဆောင်မှုအောက်တွင် ရရှိရန် နီးစပ်လျက်ရှိပြီး ၂၀၂၁ အကုန်တွင် ကာကွယ်ဆေး ၂ ဘီလီယမ် ဖြန့်ဖြူးနိုင်ဖို့ ရည်ရွယ်ထားပါသည် (တသုတ်ပြီး တသုတ် ဖြန့်မည်ဖြစ်ပါသည် ၂၀၂၁ ကုန်တွင် စီးပွားရေး အသင့် အတ င့်နှင့် ဖွံ့ဖြိုးမှုနည်းသောတိုင်းပြည် ၉၂ နိုင်ငံကို နှစ်ဘီလီယံ ဖြန့်ဖြူးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ပါသည်)

(ဤနေရာတွင် ကာကွယ်ဆေးကို ရရှိသည်နှင့် အခြားနိုင်ငံများနည်းတူ အမြန်ဆုံး ရရှိနိုင်ဖို့အတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်း နိုင်ငံများနှင့် ချိတ်ဆက် ဆောင်ရွက်ထားရှိပါသည်)

ဖတ်ရန်လင့် https://news.cgtn.com/news/2020-10-06/COVID-19-vaccine-may-be-ready-by-year-end-WHO-s-Tedros-UnhoquQl0I/index.html

Dr Khin Khin Gyi
Swelsone News

Leave a Reply

Your email address will not be published. Required fields are marked *