ေခ်ာက္နဲ႔ ေရနံေခ်ာင္း က ေတာင္ယာေတြ မိုးေခါင္ လို႔ ဧက ေသာင္းနဲ႔ ခ်ီပ်က္စီး

ျမန္မာႏိုင္ငံအလယ္ပိုင္းေဒသေတြျဖစ္တဲ့ ေခ်ာက္ၿမိဳ႕နဲ႔ ေရနံေခ်ာင္းၿမိဳ႕ေတြမွာ မိုးေခါင္တာေၾကာင့္ ႏွစ္လအတြင္း ႏွမ္းနဲ႔ ပဲခင္းဧက ခုႏွစ္ေ သာင္း ရွစ္ေထာင္နီးပါး ပ်က္စီးခဲ့ပါတယ္။မေကြးတိုင္း ေခ်ာက္နဲ႔ ေရနံေခ်ာင္းၿမိဳ႕နယ္ေတြမွာ ဒီႏွစ္အတြင္း သိသိသာသာ မိုးေခါင္ေန တာေၾကာ င့္ ႏွမ္းနဲ႔ ပဲခင္းေတြ ဧက ေသာင္းနဲ႔ခ်ီၿပီး ပ်က္စီးေနပါတယ္ ။ႏွမ္းခင္းေတြ ဆိုရင္ အားလုံးနီးပါး ပ်က္စီးသြားၿပီး ေျမပဲေ တြဆိုရင္လည္း ေနာက္ႏွစ္အတြက္ မ်ိဳးေတာင္ရပါ့မ လားဆိုတာကို စိတ္ပူေနၾ ကရတယ္လို႔ ေခ်ာက္ၿမိဳ႕နယ္ ေၾကာင္လ်ာေ တာေက်း႐ြာက ေတာင္သူ ဦးျမင့္ သိန္းက ေျပာပါတယ္။

အရင္ႏွစ္ေတြတုန္းကဆိုရင္ ေမ၊ ဇြန္ ေလာက္မွာ မိုး႐ြာတတ္ေပမယ့္ ဒီႏွစ္ မွာေတာ့ အခုဇူလိုင္အထိ မိုးမ႐ြာေသးတာ ႏွစ္လေက်ာ္ရွိေ နတာေၾကာင့္ ႏွမ္းခင္းေတြ နဲ႔ ပဲခင္းေတြမွာ ေျမအစိုဓာတ္မရွိေတာ့ဘဲ ေျခာက္ေသြ႕ကုန္တာပါ။ေခ်ာက္ၿမိဳ႕နယ္ထဲ ထိန္ကန္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးဘိုႀကီးက မိုးမရလို႔ စိုက္ပ်ိဳးရ တဲ့ အခက္ အခဲအေျခအေနေတြ ကို ေျပာပါတယ္။ေခ်ာက္ၿမိဳ႕နယ္ အတြင္းမွာ ႏွမ္း ထိခိုက္ဧက တစ္ေသာင္း ရွစ္ေထာင္ေက်ာ္၊ ပ်က္စီးဧက ၇၇၀၀ ေက်ာ္ရွိၿပီး ေျမပဲ ထိခိုက္ ဧက ေလးေထာင္ေက်ာ္ ၊ ပ်က္စီးဧက ၃၅၊ ပဲတီစိမ္း ထိခိုက္ဧက ငါးရာေက်ာ္ ရွိတယ္လို႔ ၿမိဳ႕န ယ္ေျမစာရင္းဦးစီး ဌာနကေန သိ ရပါတယ္။

အခုစာရင္းေတြဟာ ဒီႏွစ္မိုးရရွိမႈနည္းတဲ့ ဇြန္လေလာက္ကစၿပီး ဆက္တိုက္ေကာက္ယူထားတဲ့ စာရင္းေတြျဖစ္ပါတယ္။ဒီလို ထိခိုက္ပ်က္စီးတဲ့ အေရအတြက္မ်ိဳး အရင္ကမျဖစ္ဖူးဘူးလို႔လည္း ၿမိဳ႕နယ္ေျမ စာရင္းဌာန ဦးစီးမႉး ဦးစိုးသိန္းက ေျပာပါတယ္။ႏွမ္းစိုက္ဖို႔အတြက္ တစ္ဧကကို မ်ိဳးဖိုး၊ ထြန္ယက္ခ၊ စိုက္ပ်ိဳး စရိတ္ေ တြေပါင္းရင္ က်ပ္ တစ္သိန္း ေျခာက္ေသာင္းဝန္းက်င္ေလာက္ရွိပါတယ္။ ေျမပဲဆိုရင္ေတာ့ တစ္ဧကကို ကုန္က်စရိတ္ တစ္သိန္း ေလးေသာင္း ဝန္းက်င္ေလာ က္ရွိတယ္လို႔ ေတာင္သူေတြက ေျပာပါတယ္။

အခုဆိုရင္ အဲဒီစိုက္ပ်ိဳးထားတဲ့ အရင္းအႏွီးေတြ ဆုံးရႈံးရမယ့္ အခက္ခဲကို ရင္ဆိုင္ေနရၿပီး တခ်ိဳ႕ေတာင္ သူေတြ ဆိုရင္ ေခ်းငွားၿပီး စိုက္ပ်ိဳးထားတာေၾကာင့္ အေႂကြးေတြအတြက္ပါ ေတြးပူေနရတာေတြလည္း ရင္ဆိုင္ေနၾကရပါတယ္။ေရနံေခ်ာင္းၿမိဳနယ္မွာလည္း ပဲ၊ ႏွမ္း စိုက္ဧက ရွစ္ေ သာင္းကေန တစ္သိန္းဝန္း က်င္ေလာက္ရွိၿပီး အခုခ်ိန္မွာ တစ္ဝက္ေ လာက္က ထိခိုက္ပ်က္စီးတာေတြ ရွိေန တယ္လို႔ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စား လွယ္ ဦးတင့္လြင္က ေျပာပါတယ္။

ေခ်ာက္၊ ေရနံေခ်ာင္းၿမိဳ႕နယ္ေတြမွာ ပဲ၊ ႏွမ္း စိုက္ခင္းေတြ ထိခိုက္ပ်က္စီးတာသာမကဘဲ တျခားၿမိဳ႕နယ္ေတြျဖစ္တဲ့ နတ္ေမာက္၊ မေကြး၊ မင္းဘူးနဲ႔ မင္းလွၿမိဳ႕နယ္ေတြမွာလည္း ထိခိုက္ပ်က္စီးတာေတြ ရွိေနတယ္လို႔ မေကြးတိုင္းေဒသႀကီး စိုက္ပ်ိဳးေရးဦးစီးဌာနကေန သိရပါတ ယ္။တိုင္း စိုက္ပ်ိဳးေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးခင္ေမာ င္ဝင္းက အဲဒီထိခိုက္ပ်က္စီးတာေတြကို စာရင္းေတြေကာက္ယူေနၿပီး ဝန္ႀကီးခ်ဳပ္ အပါအဝင္ သက္ဆိုင္ရာဝန္ႀ ကီးဌာနေတြကို တင္ျပသြားမယ္လို႔ ေျပာပါတယ္။ဒီႏွစ္ပိုင္းအတြင္းမွာ မုတ္သုံေလအားနည္းတာအျပင္ ေလဖိ အားနည္းရပ္ဝန္းျဖစ္တာ၊ မုန္တိုင္းျဖ စ္တာေတြလည္း နည္းတာေၾကာင့္ ျမန္မာႏိုင္ငံ အလယ္ပိုင္း တခ်ိဳ႕ေဒသေတြမွာ မိုးရရွိမႈနည္းေနတာလို႔ မိုးေလဝသနဲ႔ ဇလေဗ ဒၫႊန္ၾကားမႈဦးစီးဌာန ၫႊန္ၾကားေရး မႉးခ်ဳပ္ ဦးေက်ာ္မိုးဦးက ေျပာပါတယ္။

မိုးေခါင္တာေၾကာင့္ အခုခ်ိန္မွာ စားေသာက္ကုန္ျဖစ္တဲ့ ပဲ၊ ႏွမ္း စိုက္ဧကေတြ ထိခိုက္ပ်က္စီးသြားသလို ႏြားစာ အတြက္ စိုက္ပ်ိဳးထားတဲ့ ေျပာင္း၊ ဆတ္ အပင္ေတြလည္း ေသကုန္ တာေၾကာင့္ ႏြားစာေကြၽးဖို႔ေတာင္ အခက္ခဲျဖစ္ေနၾကပါတယ္။အရင္က ႏြားစာ ကို ကိုယ့္ယာ စိုက္ခင္းအပင္ေတြကေန ေကြၽးေနက်ျဖစ္ေပမယ့္ ဒီႏွစ္မွာေတာ့ စလင္း၊ ပြင့္ျဖဴ စတဲ့ တျခားၿမိဳ႕နယ္ေတြအထိ ႏြားစာလိုက္ ဝယ္ေနၾက တယ္လို႔ ေတာင္သူေတြက ေျပာၾကပါတယ္။ထိခိုက္ ပ်က္စီးေနတဲ့ ႏွမ္းခင္းနဲ႔ ပဲစိုက္ခင္းေတြအျပင္ ႏြားစာအတြက္၊ အေႂကြးေတြအတြက္၊ ေနာင္ႏွစ္ အရင္းအႏွီး အတြက္ေတြပါ ႐ုန္းကန္ေနရတဲ့ ေတာင္ သူေတြကေတာ့ မိုးမွန္မွ န္သာ ႐ြာေပးဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

Credit RFA

unicode

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ ချောက်မြို့နဲ့ ရေနံချောင်းမြို့တွေမှာ မိုးခေါင်တာကြောင့် နှစ်လအတွင်း နှမ်းနဲ့ ပဲခင်းဧက ခုနှစ်ေ သာင်း ရှစ်ထောင်နီးပါး ပျက်စီးခဲ့ပါတယ်။မကွေးတိုင်း ချောက်နဲ့ ရေနံချောင်းမြို့နယ်တွေမှာ ဒီနှစ်အတွင်း သိသိသာသာ မိုးခေါင်နေ တာကြော င့် နှမ်းနဲ့ ပဲခင်းတွေ ဧက သောင်းနဲ့ချီပြီး ပျက်စီးနေပါတယ် ။နှမ်းခင်းတွေ ဆိုရင် အားလုံးနီးပါး ပျက်စီးသွားပြီး မြေပဲေ တွဆိုရင်လည်း နောက်နှစ်အတွက် မျိုးတောင်ရပါ့မ လားဆိုတာကို စိတ်ပူနြေ ကရတယ်လို့ ချောက်မြို့နယ် ကြောင်လျာေ တာကျေးရွာက တောင်သူ ဦးမြင့် သိန်းက ပြောပါတယ်။

အရင်နှစ်တွေတုန်းကဆိုရင် မေ၊ ဇွန် လောက်မှာ မိုးရွာတတ်ပေမယ့် ဒီနှစ် မှာတော့ အခုဇူလိုင်အထိ မိုးမရွာသေးတာ နှစ်လကျော်ရှိေ နတာကြောင့် နှမ်းခင်းတွေ နဲ့ ပဲခင်းတွေမှာ မြေအစိုဓာတ်မရှိတော့ဘဲ ခြောက်သွေ့ကုန်တာပါ။ချောက်မြို့နယ်ထဲ ထိန်ကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဘိုကြီးက မိုးမရလို့ စိုက်ပျိုးရ တဲ့ အခက် အခဲအခြေအနေတွေ ကို ပြောပါတယ်။ချောက်မြို့နယ် အတွင်းမှာ နှမ်း ထိခိုက်ဧက တစ်သောင်း ရှစ်ထောင်ကျော်၊ ပျက်စီးဧက ၇၇၀၀ ကျော်ရှိပြီး မြေပဲ ထိခိုက် ဧက လေးထောင်ကျော် ၊ ပျက်စီးဧက ၃၅၊ ပဲတီစိမ်း ထိခိုက်ဧက ငါးရာကျော် ရှိတယ်လို့ မြို့န ယ်မြေစာရင်းဦးစီး ဌာနကနေ သိ ရပါတယ်။

အခုစာရင်းတွေဟာ ဒီနှစ်မိုးရရှိမှုနည်းတဲ့ ဇွန်လလောက်ကစပြီး ဆက်တိုက်ကောက်ယူထားတဲ့ စာရင်းတွေဖြစ်ပါတယ်။ဒီလို ထိခိုက်ပျက်စီးတဲ့ အရေအတွက်မျိုး အရင်ကမဖြစ်ဖူးဘူးလို့လည်း မြို့နယ်မြေ စာရင်းဌာန ဦးစီးမှူး ဦးစိုးသိန်းက ပြောပါတယ်။နှမ်းစိုက်ဖို့အတွက် တစ်ဧကကို မျိုးဖိုး၊ ထွန်ယက်ခ၊ စိုက်ပျိုး စရိတ်ေ တွပေါင်းရင် ကျပ် တစ်သိန်း ခြောက်သောင်းဝန်းကျင်လောက်ရှိပါတယ်။ မြေပဲဆိုရင်တော့ တစ်ဧကကို ကုန်ကျစရိတ် တစ်သိန်း လေးသောင်း ဝန်းကျင်လော က်ရှိတယ်လို့ တောင်သူတွေက ပြောပါတယ်။

အခုဆိုရင် အဲဒီစိုက်ပျိုးထားတဲ့ အရင်းအနှီးတွေ ဆုံးရှုံးရမယ့် အခက်ခဲကို ရင်ဆိုင်နေရပြီး တချို့တောင် သူတွေ ဆိုရင် ချေးငှားပြီး စိုက်ပျိုးထားတာကြောင့် အကြွေးတွေအတွက်ပါ တွေးပူနေရတာတွေလည်း ရင်ဆိုင်နေကြရပါတယ်။ရေနံချောင်းမြိုနယ်မှာလည်း ပဲ၊ နှမ်း စိုက်ဧက ရှစ်ေ သာင်းကနေ တစ်သိန်းဝန်း ကျင်လောက်ရှိပြီး အခုချိန်မှာ တစ်ဝက်ေ လာက်က ထိခိုက်ပျက်စီးတာတွေ ရှိနေ တယ်လို့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးတင့်လွင်က ပြောပါတယ်။

ချောက်၊ ရေနံချောင်းမြို့နယ်တွေမှာ ပဲ၊ နှမ်း စိုက်ခင်းတွေ ထိခိုက်ပျက်စီးတာသာမကဘဲ တခြားမြို့နယ်တွေဖြစ်တဲ့ နတ်မောက်၊ မကွေး၊ မင်းဘူးနဲ့ မင်းလှမြို့နယ်တွေမှာလည်း ထိခိုက်ပျက်စီးတာတွေ ရှိနေတယ်လို့ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနကနေ သိရပါတ ယ်။တိုင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်မော င်ဝင်းက အဲဒီထိခိုက်ပျက်စီးတာတွေကို စာရင်းတွေကောက်ယူနေပြီး ဝန်ကြီးချုပ် အပါအဝင် သက်ဆိုင်ရာဝန်ြ ကီးဌာနတွေကို တင်ပြသွားမယ်လို့ ပြောပါတယ်။ဒီနှစ်ပိုင်းအတွင်းမှာ မုတ်သုံလေအားနည်းတာအပြင် လေဖိ အားနည်းရပ်ဝန်းဖြစ်တာ၊ မုန်တိုင်းဖြ စ်တာတွေလည်း နည်းတာကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်း တချို့ဒေသတွေမှာ မိုးရရှိမှုနည်းနေတာလို့ မိုးလေဝသနဲ့ ဇလဗေ ဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

မိုးခေါင်တာကြောင့် အခုချိန်မှာ စားသောက်ကုန်ဖြစ်တဲ့ ပဲ၊ နှမ်း စိုက်ဧကတွေ ထိခိုက်ပျက်စီးသွားသလို နွားစာ အတွက် စိုက်ပျိုးထားတဲ့ ပြောင်း၊ ဆတ် အပင်တွေလည်း သေကုန် တာကြောင့် နွားစာကျွေးဖို့တောင် အခက်ခဲဖြစ်နေကြပါတယ်။အရင်က နွားစာ ကို ကိုယ့်ယာ စိုက်ခင်းအပင်တွေကနေ ကျွေးနေကျဖြစ်ပေမယ့် ဒီနှစ်မှာတော့ စလင်း၊ ပွင့်ဖြူ စတဲ့ တခြားမြို့နယ်တွေအထိ နွားစာလိုက် ဝယ်နေကြ တယ်လို့ တောင်သူတွေက ပြောကြပါတယ်။ထိခိုက် ပျက်စီးနေတဲ့ နှမ်းခင်းနဲ့ ပဲစိုက်ခင်းတွေအပြင် နွားစာအတွက်၊ အကြွေးတွေအတွက်၊ နောင်နှစ် အရင်းအနှီး အတွက်တွေပါ ရုန်းကန်နေရတဲ့ တောင် သူတွေကတော့ မိုးမှန်မှ န်သာ ရွာပေးဖို့ မျှော်လင့်နေကြပါတယ်။

Credit RFA

Add a Comment

Your email address will not be published. Required fields are marked *