မြန်မာပြည် ကို ကာကွယ်ဆေး ရောက်ရင် ဦးစားပေးရမယ့် သူများ

Posted on

ကာကွယ်ဆေးရခဲ့ရင်တောင် ခုလက်ရှိ ဆောင်ရွက်နေတဲ့ ရောဂါကာကွယ်ရေး နည်းလမ်းတွေ ဆက်လက်လုပ်ဆောင်နေရအုံးမှာဖြစ်ပါတယ် ဘာလို့ဆိုတော့ ကာကွယ်ဆေးက လူအားလုံးကို ပေးနို င်မှာမဟုတ်ေ သးလို့ပါပဲ။

သို့သော် အန္တရာယ်နဲ့အမြဲရင်ဆိုင်နေရတဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အသက်ကြီးသူတွေ နောက်ခံ ရောဂါရှိသူတွေ နိုင်ငံတော်ယန္တရားအတွက် မရှိမဖြစ်သူတွေကတော့ ပထမဦးစားပေး ဖြစ် ပါ တယ်။ နိုင်ငံလူဦးရေရဲ့ ၂၀% ကတော့ ရဖို့ရှိပါတယ် ဒါဆိုရင်တော့ ဖြစ်ပွားမှု သေဆုံးမှု လျော့ကျမှာ အသေအချာ ပါပဲ ။ ဆက်ပြီး အားတင်းထားကြစို့ရဲ့..။

“ကိုဗစ်အတွက် ကာကွယ်ဆေး အလှမ်းမဝေးတော့ပါ”

ကိုဗစ်ရောဂါအ တွက် ကာကွယ်ဆေး ကို ယခု ၂၀၂၀ နှစ်ကုန်ပိုင်း တွင် ရရှိနိုင် လိမ့်မည်ဟု WHO ၏ အကြီးအကဲ Dr. Tedros က ဆိုင်းမဆင့်ဗုံမပါ ပြောကြားလိုက်သည်ဟု CGTN သတ င်းဌာနက ယနေ့ (၆/၁၀/၂၀၂၀) ၂၂:၁၂ အချိန်တွင် ဖော်ပြထားသည်ကို တွေ့ရပါသည်..။ WHO အကြီးအကဲသည် နှစ်ရက်ကြာကျင်းပသည့် ကိုဗစ် ကာ ကွယ်ထိန်း ချုပ်ရေးအ တွ က် ထိပ်တန်း အစည်းအဝေးတွင် ပြောကြားလိုက်ခြင်းဖြစ်ပါသည်။

‘ကျွန်တော်တို့အားလုံး ကာကွယ်ဆေးကို လိုအပ်နေကြတယ် ခုဆိုရင် ဒီနှစ်ကုန်ပိုင်းမှာ ကာကွယ်ဆေးရရှိဖို့ မျှော်လင့်လို့ရနေပါပြီ’ ဟု ပြောကြားလိုက်ခြင်းဖြစ်ပါသည်.. ဒါ့ကြော င့်မျှော် လ င့်ချ က်ကတော့ အမှန်တကယ်ဖြစ်လာတော့မှာပါ..။ လက်ရှိအချိန်တွင် ကာကွယ်ဆေး ၉ မျိုးသည် WHO ဦးဆောင်သည့် ကမ္ဘာလုံးဆိုင်ရာ ကာကွယ်ဆေးရရှိရေးဆောင်ရွက်နေသည့် COV AX အဖွဲ့အစည်း၏ ဦးဆောင်မှုအောက်တွင် ရရှိရန် နီးစပ်လျက်ရှိပြီး ၂၀၂၁ အကုန် တွင် ကာကွယ်ဆေး ၂ ဘီလီယမ် ဖြန့်ဖြူးနိုင်ဖို့ ရည်ရွယ်ထားပါသည်

(တသုတ်ပြီးတသုတ် ဖြန့်မည်ဖြစ်ပါသည် ၂၀၂၁ ကုန်တွင် စီးပွားရေးအသင့်အတင့်နှင့် ဖွံ့ဖြိုးမှုနည်းသောတိုင်းပြည် ၉၂ နိုင်ငံကို နှစ်ဘီလီယံ ဖြန့်ဖြူးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်ပါသည်)(ဤနေရာ တွင် ကာကွယ်ေ ဆးကို ရရှိသည်နှင့် အခြားနိုင်ငံများနည်းတူ အမြန်ဆုံးရရှိနိုင်ဖို့အတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်း နိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ထားရှိပါသည်)

Source: Dr Khin Khin Gyi

Leave a Reply

Your email address will not be published. Required fields are marked *