လည်ချောင်းနာ လျှင် ဖြေရှင်း နည်းလေး များ

Posted on













ဘဝခါးခါး

unicode

အာသီးရောင်(Tonsi..llitis) ပြီး လည်ချောင်းနာသည့်သူများအတွက်

အာသီးရောင်ပြီး လည်ချောင်းနာသူများအတွက် သက်သာပျောက်ကင်းစေသည့် သဘာဝ ဆေးနည်းများ

ပူပြင်းတဲ့ ရာသီမှာ ရေများများ သောက်ပါ – ဝမ်း မချုပ်ပါစေနင့်. – အသီးအနှံ များများ စားပါ ။

အာသီး ရောင်သည့် လက္ခဏာတွေက အစာစားမြိုချပါက လည်ချာင်းအတွင်း နာကျင်စေပါတယ်။

ဒီလို ခံစားနေရပြီဆိုရင်…

၁ – ရေနွေးဖြူ ထဲကို အိမ်သုံးဆား ၁ ဇွန်း ထည့် မွှေပါ – ရရှိလာသည့်ဆားရည် နွေးနွေး ကို အာခေါင်တွင်းသို့ ရောက်အောင် ခေါင်းမော့ပြီး ပလုပ်ကျင်းပေးပါ။

၂ – နောက်တနည်း – သဘောင်္သီး နုနုထွတ်ထွတ် ၁ လုံးကို အပင်မှ ခူးပြီး ရေစင်အောင် ဆေး အလုံးလိုက် ကျေညက်အောင် ဝါးလိုက်ပြီး မြိုချလိုက်ပါ။

၃ – နောက်တနည်း -ပျားရည်စစ်စစ် . ချင်း နဲ့ သံပုရာသီး သို့ ရှောက်သီး လိုအပ်ပါတယ်

ချင်းကို ပါးပါးလှီးပါ ရှောက်သီးကို လှီးပါ (အစေ့မပါရ ) ၂ မျိုးပေါင်းကို ပုလင်းတခုတွင် ထည့်ပါ

ပျားရည်စစ်စစ်ကို ရှောက်ဖတ်နဲ့ချင်းဖတ်များ မြုပ်နေအောင်ထည့်ပါ

လေလုံအောင်ပိတ်ပါ – အချိန် တစ်ပတ် ထားပါ ။

တပတ်ကြာ ထားပြီးသည့် ဆေးရည်ကို အဖတ်ရောအရည်ပါ မနက် ည စားပါ။

ဘဝခါးခါး

Leave a Reply

Your email address will not be published. Required fields are marked *