ဆန္ဒသွားမပြခင်ကိုယ့်ကိုယ်ကိုလုံခြုံမှုရှိအောင်ပြင်ဆင်သွားရမည့်အချက်များ
Posted on
unicode
ဆန္ဒသွားမပြခင်…ကိုယ့်ကိုယ်ကို အရင်ဆုံး လုံခြုံ စိတ်ချမှုရှိအောင် ပြင်ဆင်ပါ။ ဆိုက်ကယ် ဦးထုပ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ဦးထုပ် စတဲ့ ဦးထုတ်မာမာတွေ ဆောင်း သွား ပါ။Covid 19 ကူးစပ်မှုရန်ကို ကာကွယ်ဖို့ အတွက် Maskတပ်ပါ။မျက်ရည်ယိုဗုံး နဲ့ ဓာတုဗေဒဆေးရည်တွေကြောင့် မျက်လုံးကို ကာကွယ်ဖို့ ရေကူးမျက်နှာရှိရင် ရေကူးမျက်မှန် တတ် သွားပါ။ မရှိရင်လဲ ရှိတဲ့ မျက်မှန်တတ်သွားပါ။[ဦးထုပ်ဆောင်း + Mask တတ်+ မျက်မှန်တတ် ထားရင် ကိုယ်ဘယ်သူလဲဆိုတာ မသိတော့တဲ့အတွက် နောက်ပိုင်း ဖမ်းဆီးချ င်ရင်တောင်မှ ဖမ်းလို့ရမှာ မဟုတ်ပါ။ ]ထီးယူသွားပါ။ နေပူဒဏ်ကို ခံနိုင်ဖို့နဲ့ ကိုယ်ဆီလာမယ့် ရေနဲ့ အရာဝတ္ထုတွေကို ကာနိုင်ဖို့ပါ။လုံချည်၊ ထမိန် မဝတ်ပါနဲ့။ ပြေးရ လွှားရ လွယ်အောင် ဘောင်းဘီဝတ်ပါ။ ဘွတ်ဖိနပ် စီးပါ။
ပတ်ဝန်းကျင် ကိုလေ့လာထားပါ။ အခြေအနေ မကောင်းတော့လို့ ပြန်ဆုတ်ခွာ ရတော့မယ်ဆိုရင် ဘယ်အပေါက်၊ ဘယ်လမ်းက ဆုတ်ခွာမလဲ ဆိုတာ အရင် ကြည့်ထား ပါ။သ တ္တိရှိ တ ယ်ဆိုပြီး အဖမ်းမခံပါနဲ့။ လွတ်အောင် ပြေးပါ။ နောက်တိုက်ပွဲတွေအတွက် ကိုယ့်ကို လိုအပ်ပါတယ်။ အင်အားလိုပါတယ်။ကျောပိုးလွယ်အိတ်လွယ်သွားပါ။ အထဲမှာ..ဖုန်း Powe r Ban k ရေသန့်ဘူးငွေအချို့ မုန့် နဲ့ကိုယ့်ရဲ့မိသားစု၊ သူငယ်ချင်းတွေကို အရေးပေါ်ဆက်သွယ်လို့ရမယ့် ဖုန်းနံပတ်တွေချရေးထားတဲ့ စာရွက်တစ်ရွက်ထည့်ထားပါ။ဖုန်း Bluetooth ဖွင့် ထားပါ။ အင်တာနက်မလိုပဲ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်နိုင်မယ့် Mesh Networking app တွေချိတ်ထားပါ။
ဘယ်လမ်းမှာ စစ်ကား တွေလာနေပြီး၊ ဘယ်လမ်းမှာ ရဲတွေပိတ်ထားပြီး စတဲ့ သတင်းတွေရေးပြီး အချင်းချင်း အသိပေးကြပါ။အကြမ်းမဖက်ပါနဲ့။ ပြည်သူပိုင်ပစ္စည်း၊ ဆိုင်ခန်းတွေကို မဖျက်ဆီးပါနဲ့။ အဖျက် လုပ်ငန်းတွေကိုလုပ်ဖို့ ဦးဆောင်မယ့်စစ်တပ် သူလျှိုတွေ ဆန္ဒပြ လူအုပ်ထဲမှာ ရှိပါတယ်။သူတို့ကို သတိထားပါ။ပြည်သူများကလဲ တိုင်းပြည်အတွက် ဆန္ ဒပြနေတဲ့ သူတွေကို တတ်နို င်သလောက် ကူညီထောက်ပံ့ပေးကြပါ။ရေ၊ အချိုရည် နဲ့ အစားအသောက်တွေ ကူညီထောက်ပံ့ပေးကြပါ။2021 မှာ ရည်မှန်းချက်တွေပြည့်နိုင်ဖို့၊ သွေး မြေမကျဖို့ ဦးနှောက်သုံးပြီး စမက်ကျကျ ဆန္ဒပြဖို့ လိုပါတယ်။စစ်အာဏာရှင်စနစ်ကြဆုံးပြီး တိုးတက်တဲ့ အနာဂတ်ကိုဖန်တီးကြရအောင်..အားလုံးပဲ ဘေးအ န္တရာယ်က င်းဝေး ကြပါ စေ ။စိတ်ပူခြင်းများစွာဖြင့်…
Leave a Reply
Your email address will not be published. Required fields are marked *