သွေးလှူရှင် အံ့သြလောက်အောင် ခေါင်းထောင်ကြည့် ခဲ့ရသည့် အဖြစ်အပျက်လေး တစ်ခု
Posted on
unicode
ကြည်နူးစရာပုရိပ်တစ်ခု…ဤပုံကိုကြည့်ပါ…..တန်ဖိုးသိသူတိုင်း မြင်နိုင်ပါသည်။ သွေးသည်အသက် အသက်သည်သွေး မိမိအသက်ရှင်ရေးအတွက် လာရောက်လှူဒါန်းပေးသော သွေးလှူရှင်အား လာေ ရာက်ကန်တော့နေသည်မှာ အရွယ်နှင့်မမျှ ကျေးဇူးတရား သိတက်ပုံကိုပြသလိုက်သည်မှာ သွေးလှူရှင် အံ့သြလောက် အောင်ခေါင်းထောင် ကြည့်ပြီး ဝမ်းသာပီတိဖြစ်ရမည်မှာ မလွဲဧ က န်ပါ ဆင်းရဲပေမဲ့ကျေးဇူးတရားသိတက်လှပေသည်။သွေးတစက်၏တန်ဖိုးကို သိတက်သည့် လူဆင်းရဲ၏ မိသားစုက ပေါက်ဖွားလာသော သမီးဖြစ် နိုင်ပါသည်
တန်ဖိုးသိမှ တန်ဖိုးရှိနိုင်ပါသည်။တန်ဖိုးမသိက တန်ဖိုးဆုံရှုးနိုင်ပါသည်။တချို့သော သူများသည် မိမိအခက်အခ ဲမိမိအတ္တကိုရှေ့တန်းတင်ကြသည်။တချို့ကငွေဂုဏ်မောက်ပြီး မာန်တက်နြေ ကသ ည်။ တချို့က မတူသလို မတန်သလိုဆက်ဆံကြသည်
တချို့က လိုသုံးလုပ်ကြသည်။တချို့က မယုံကြည်သလိုနှင့်မေးခွန်း ပေါင်းများစွာ မေးကြသည်။တချို့က ရန်တွေ့ကြသည်။လူအမျိုးမျိုးရှိကြသည်။ကျေးဇူတင်ရကောင်းမှန်း မသိကြပါ။ဤနေရာ ကျွန်ုပ်သာဆိုလျင် ဝမ်းသာပီတိမျက်ရည်ကျမိမှာ အမှန်ပင်…..ကလေးမိဘများလည်း ဝမ်းသာပီတိ မျက်ရည်ကျမိမယ် ထင်ပါသည်
ဒါဟာ ပရဟိတသမားများနှင့်သွေးလှူ ရှင်တို့ပီတိကိုစားအားရှိပါ၏။ သမီးလေးဘယ်မှာနေ၍ ဘယ်ဆေးရုံတက်နေသည်တော့ မသိပါ….နာမည်လဲ မသိပါ။ဤပုံကိုတွေ့၍ တန်ဖိုးမသိတဲ့သူများ သိအော င်သင်ခန်းစာယူစေချင်တဲ့ဆန္ဒဖြင့် တင်ပြခြင်းဖြစ်ပါသည်
မည်သူကိုမျှ ထိခိုက်စေသောဆန္ဒဖြင့် ရိူးသားစွာတင်ပြပါသည်။သမီးလေးရဲ့ အသိတရားကိုမြင်တွေ့လိုက်ရသည့်အတွက်ကျမ်းမာ ချမ်သာပြီး ရောဂါဘယများ ဝေးကွာကင်းစင်ပြီး မိဘကို အ လုပ် အကျွေးပြုနိုင်သော သမီးကောင်းရတနာလေးဖြစ်ပါစေလို့ ဦးကဆုတောင်မေတ္တာပိုသအပ်ပါသည်။ပရဟိသမားစစ်သည် ငွေမလိုပါ
မည်သည့် အရာမျှမလိုပါ….တန်ဖိုးသိတက်မှုတော့ရှိစေချင်ကြသည်။တန်ဖိုးသိမှ တန်ဖိုးရှိပါသည်။တန်ဖိုးမသိလျှင် တန်ဖိုးဆုံးရှုံးတက်ပါသည်။လူနာ၏ အသက်သည် လူနာရှင်များ၏ လက်ထဲတွင် ရှိကြသည်ကိုေ တာ့သတိလေးရှိစေချင်ပါ သည်။သွေး သည်အသက် အသက်သည်သွေး ဆိုတဲ့ ဆောင်ပုဒ်ရှိပါသည်။သွေးလှူရှင်များမှာလည်း အသက်ရှိပါသည်
အတ္တကိုရှေ့တန်းမတင်မိပါစေနှင့်…..။မွန်မြတ်
Leave a Reply
Your email address will not be published. Required fields are marked *