ေဒၚေအာင္ဆန္းစုၾကည္ အမႈ အတြက္ အေကာင္းဆုံး ကိုေမွ်ာ္လင့္ အဆိုးဆုံး အတြက္ ျပင္ဆင္ (ေရွ႕ေန ဦးခင္ေမာင္ေဇာ္)

Posted on

စစ္တပ္က ဖမ္းၿပီး တရားစြဲဆိုခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ အမႈဟာ ၆ လ အတြင္းကေန ႏွစ္နဲ႔ခ်ီ ၾကာသြားႏိုင္တယ္လို႔ ေရွ႕ေနက ေျပာပါတယ္။ အခုအခ်ိန္ထိ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႕ခြင့္မရေသးေပမယ့္လည္း တရားေရး လုပ္ငန္းမွာ မွ်တမႈ ရွိဖို႔ ေမွ်ာ္လင့္ထားသလိုဘဲ အဆိုးဆုံး အတြက္လည္း ျပင္ဆင္ထားရမယ္လို႔ ေျပာပါတယ္။ မသိဂၤ ီထိုက္ စုစည္း တင္ျပေပးပါမယ္။

စစ္တပ္က ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ အာဏာသိမ္းၿပီး အရပ္သား အစိုးရ ေခါင္းေဆာင္ ေဒၚေအာင္ဆန္းစုၾကည္ကို ရာထူးက ျဖဳတ္ခ်၊ ေနာက္ သူမ အိမ္မွာ စကားေျပာစက္ – walkie-talkie ေတြေတြ႕လို႔ ဆိုၿပီး ပို႔ကုန္ သြင္းကုန္ ဥပေဒနဲ႔ တရားစြဲခဲ့တာပါ။ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔မွာေတာ့ ၿပီးခဲ့တဲ့ႏွစ္ ေ႐ြးေကာက္ပြဲ စည္း႐ုံးေရးဟာ ကို႐ိုနာဗိုင္းရပ္စ္ ဆိုင္ရာ တားျမစ္ ကန႔္သတ္ခ်က္ေတြကို ခ်ိဳးေဖာက္တယ္လို႔ စစ္အုပ္စုက စြပ္စြဲၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို သဘာ၀ ေဘးအႏၲရာယ္ တားဆီးကာကြယ္ေရးဆိုင္ရာ ဥပေဒေတြနဲ႔ ထပ္တိုး တရားစြဲပါတယ္။
“အခုေတာ့ ပို႔ကုန္ သြင္းကုန္ ဥပေဒ ပုဒ္မ ( ၈) နဲ႔ တမႈ။ အဲဒီအမႈက အမႈနံပတ္ (၃၈) ၂၀၂၁။ ေနာက္တမႈကေတာ့ သဘာဝေဘးအႏၲရာယ္စီမံမႈ ဥပေဒပုဒ္မ (၂၅) ေပါ့ေနာ္။”

အေကာင္းဆုံး ေမွ်ာ္လင့္ထားပါတယ္။ အဆိုးဆုံး အတြက္လည္း ျပင္ဆင္ထားပါတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က AFP ကို တယ္လီဖုန္းနဲ႔ ေျဖၾကားတာမွာ ထည့္သြင္း ေျပာဆိုခဲ့ၿပီး တရားေရး လုပ္ငန္းစဥ္ မွ်တမႈ ရွိဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာပါတယ္။ လာမယ့္ မတ္လ ၁ ရက္ေန႔မွာ ေဒၚေအာင္ဆန္းစုၾကည္ကို ဒုတိယ အႀကိမ္ ႐ုံးထုတ္ ၾကားနာဖို႔ ရွိေနၿပီး ဒီမတိုင္းခင္မွာ အမႈသည္နဲ႔ ေတြ႕ဆုံခြင့္ရဖို႔ ေလွ်ာက္ထားခဲ့ေပမယ့္လည္း ဘယ္အခ်ိန္မွာ ခြင့္ျပဳမယ္ ဆိုတာ မသိရဘူးလို႔ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လူကိုယ္တိုင္ ေတြ႕ဆုံခြင့္ မေပးတာေၾကာင့္ တကယ္လို႔ ဗြီဒီယို – ဖုန္းလိုင္းနဲ႔ ဆက္သြယ္ရမယ္ဆိုရင္ေတာ့ ေဆြးေႏြးခ်က္ေတြ ေပါက္ၾကားႏိုင္တာေၾကာင့္ ေရွ႕ေနနဲ႔ အမႈသည္ၾကား လြတ္လပ္စြာ ေဆြးေႏြးတိုင္ပင္ခြင့္ မရမယ့္ အေရးကိုလည္း သူက စိုးရိမ္ေနပါတယ္။ အေႏွာင့္အယွက္ မရွိဘဲ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကိုယ္တိုင္ေတြ႕ဆုံႏိုင္ေရးက ပိုၿပီး သင့္ေတာ္တယ္လို႔ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္က ေရွ႕ေနလိုအပ္ေၾကာင္း ေျပာေပမယ့္ သမၼတ ဦးဝင္းျမင့္ ကေတာ့ ကိုယ္တိုင္က ေရွ႕ေနျဖစ္တာေၾကာင့္ သူ႔ဘာသာ အမႈရင္ဆိုင္မယ္လို႔ ေျပာခဲ့တာပါ။ အခုေတာ့ ေရွ႕ေနေရွ႕ရပ္ လႊဲအပ္စာမွာ ေဒၚေအာင္ဆန္းစုၾကည္ လက္မွတ္ထိုးႏိုင္ေရးကိုပါ အေတာ္ေလး ႀကိဳးစားေနရတာပါ။

အခုလာမယ့္ မတ္လ ၁ ရက္ေန႔ တရား႐ုံး ၾကားနာမႈမွာေတာ့ တရားသူႀကီး၊ တရားလို ေရွ႕ေန ၊ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေနတို႔က အမႈေၾကာင္းနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးၾကမွာ ျဖစ္သလို တရား႐ုံး လုပ္ငန္းစဥ္ အခ်ိန္ကာလ သတ္မွတ္ခ်က္၊ သက္ေသေခၚဖို႔ ေတြကို ခ်ိန္းဆိုၾကရမွာပါ။
အမႈကို ႐ိုး႐ိုးရွင္းရွင္းဘဲ တည္ေဆာက္မယ္ဆိုရင္ေတာ့ ၆ လ အတြင္းမွာ အမႈၿပီးႏိုင္ေၾကာင္း ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ေျပာပါတယ္။ အမႈကို ပိုၿပီး ရႈပ္ရႈပ္ေထြးေထြး တည္ေဆာက္မယ္ဆိုရင္ေတာ့ တႏွစ္နဲ႔ အထက္ အခ်ိန္ဆြဲႏိုင္တယ္လို႔လည္း ေျပာပါတယ္။ အခ်ိန္ဆြဲႏိုင္တဲ့ အႏၲရာယ္ ရွိလားလို႔ ေမးတာမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဒီႏိုင္ငံမွာ ျဖစ္ခ်င္တာ ျဖစ္ေနတာလို႔ ေျပာပါတယ္။ ျပည္တြင္း ျပည္ပက ဥပေဒ ေရးရာ အႀကံေပးၾကဖို႔ ေရွ႕ေန ဦးခင္ေမာင္ေဇာ္က ဖိတ္ေခၚသြားတာပါ။

ကုလသမဂၢ၊ ၿဗိတိန္နဲ႔ အေမရိကန္ ျပည္ေထာင္စုဘက္ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ အေပၚ အမႈေတြ စြဲဆိုေနတဲ့ အေပၚ ကန႔္ကြက္ရႈတ္ ခ်ထားပါတယ္။ အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price က
“ႏိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို ေနာက္ထပ္ ျပစ္မႈ ဆိုင္ရာ ပုဒ္မေတြနဲ႔ ထပ္ၿပီး စစ္တပ္က တရားစြဲတဲ့ ကိစၥအေပၚ အေမရိကန္ဘက္က စိတ္ကသိကေအာက္ ျဖစ္ရပါတယ္တဲ့။ မေတာ္မတရား ဖမ္းဆီးခံထားရတဲ့ အရပ္သားေတြနဲ႔ ႏိုင္ငံေရး ေခါင္းေဆာင္ေတြ အားလုံးကို ျမန္မာ စစ္တပ္ဘက္က ခ်က္ခ်င္း ျပန္လႊတ္ေပးဖို႔ အေမရိကန္ဘက္က ထပ္ၿပီး ေတာင္း ဆိုပါတယ္” လို႔ ေဖေဖာ္ဝါရီလ ၁၆ ရက္ေန႔မွာ ေျပာဆိုခဲ့တာပါ။

ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ Tom Andrews ကေတာ့“ဒါက ဟန္ျပ အမႈဆင္တာပါ။ အာဏာ ရယူဖို႔ သက္သက္ လုပ္တာပါ” လို႔ ေျပာဆို ေဝဖန္ထားပါတယ္။

#aungsansuukyi #lawyer #khinmaungzaw #nld #law #charges #president #myanmar #statecounsellor #militarycoup #coup #casemanagementprogram #savemyanmar #voaburmese #arrest
#whatishappeninginmyanmar

unicode

စစ်တပ်က ဖမ်းပြီး တရားစွဲဆိုခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမှုဟာ ၆ လ အတွင်းကနေ နှစ်နဲ့ချီ ကြာသွားနိုင်တယ်လို့ ရှေ့နေက ပြောပါတယ်။ အခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရသေးပေမယ့်လည်း တရားရေး လုပ်ငန်းမှာ မျှတမှု ရှိဖို့ မျှော်လင့်ထားသလိုဘဲ အဆိုးဆုံး အတွက်လည်း ပြင်ဆင်ထားရမယ်လို့ ပြောပါတယ်။ မသိင်္ဂ ီထိုက် စုစည်း တင်ပြပေးပါမယ်။

စစ်တပ်က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းပြီး အရပ်သား အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရာထူးက ဖြုတ်ချ၊ နောက် သူမ အိမ်မှာ စကားပြောစက် – walkie-talkie တွေတွေ့လို့ ဆိုပြီး ပို့ကုန် သွင်းကုန် ဥပဒေနဲ့ တရားစွဲခဲ့တာပါ။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာတော့ ပြီးခဲ့တဲ့နှစ် ရွေးကောက်ပွဲ စည်းရုံးရေးဟာ ကိုရိုနာဗိုင်းရပ်စ် ဆိုင်ရာ တားမြစ် ကန့်သတ်ချက်တွေကို ချိုးဖောက်တယ်လို့ စစ်အုပ်စုက စွပ်စွဲပြီး ဒေါ်အောင်ဆန်းစုကြည်ကို သဘာ၀ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေတွေနဲ့ ထပ်တိုး တရားစွဲပါတယ်။
“အခုတော့ ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ( ၈) နဲ့ တမှု။ အဲဒီအမှုက အမှုနံပတ် (၃၈) ၂၀၂၁။ နောက်တမှုကတော့ သဘာဝဘေးအန္တရာယ်စီမံမှု ဥပဒေပုဒ်မ (၂၅) ပေါ့နော်။”

အကောင်းဆုံး မျှော်လင့်ထားပါတယ်။ အဆိုးဆုံး အတွက်လည်း ပြင်ဆင်ထားပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က AFP ကို တယ်လီဖုန်းနဲ့ ဖြေကြားတာမှာ ထည့်သွင်း ပြောဆိုခဲ့ပြီး တရားရေး လုပ်ငန်းစဉ် မျှတမှု ရှိဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။ လာမယ့် မတ်လ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဒုတိယ အကြိမ် ရုံးထုတ် ကြားနာဖို့ ရှိနေပြီး ဒီမတိုင်းခင်မှာ အမှုသည်နဲ့ တွေ့ဆုံခွင့်ရဖို့ လျှောက်ထားခဲ့ပေမယ့်လည်း ဘယ်အချိန်မှာ ခွင့်ပြုမယ် ဆိုတာ မသိရဘူးလို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကိုယ်တိုင် တွေ့ဆုံခွင့် မပေးတာကြောင့် တကယ်လို့ ဗွီဒီယို – ဖုန်းလိုင်းနဲ့ ဆက်သွယ်ရမယ်ဆိုရင်တော့ ဆွေးနွေးချက်တွေ ပေါက်ကြားနိုင်တာကြောင့် ရှေ့နေနဲ့ အမှုသည်ကြား လွတ်လပ်စွာ ဆွေးနွေးတိုင်ပင်ခွင့် မရမယ့် အရေးကိုလည်း သူက စိုးရိမ်နေပါတယ်။ အနှောင့်အယှက် မရှိဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကိုယ်တိုင်တွေ့ဆုံနိုင်ရေးက ပိုပြီး သင့်တော်တယ်လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေလိုအပ်ကြောင်း ပြောပေမယ့် သမ္မတ ဦးဝင်းမြင့် ကတော့ ကိုယ်တိုင်က ရှေ့နေဖြစ်တာကြောင့် သူ့ဘာသာ အမှုရင်ဆိုင်မယ်လို့ ပြောခဲ့တာပါ။ အခုတော့ ရှေ့နေရှေ့ရပ် လွှဲအပ်စာမှာ ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ထိုးနိုင်ရေးကိုပါ အတော်လေး ကြိုးစားနေရတာပါ။

အခုလာမယ့် မတ်လ ၁ ရက်နေ့ တရားရုံး ကြားနာမှုမှာတော့ တရားသူကြီး၊ တရားလို ရှေ့နေ ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတို့က အမှုကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြမှာ ဖြစ်သလို တရားရုံး လုပ်ငန်းစဉ် အချိန်ကာလ သတ်မှတ်ချက်၊ သက်သေခေါ်ဖို့ တွေကို ချိန်းဆိုကြရမှာပါ။
အမှုကို ရိုးရိုးရှင်းရှင်းဘဲ တည်ဆောက်မယ်ဆိုရင်တော့ ၆ လ အတွင်းမှာ အမှုပြီးနိုင်ကြောင်း ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။ အမှုကို ပိုပြီး ရှုပ်ရှုပ်ထွေးထွေး တည်ဆောက်မယ်ဆိုရင်တော့ တနှစ်နဲ့ အထက် အချိန်ဆွဲနိုင်တယ်လို့လည်း ပြောပါတယ်။ အချိန်ဆွဲနိုင်တဲ့ အန္တရာယ် ရှိလားလို့ မေးတာမှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ဒီနိုင်ငံမှာ ဖြစ်ချင်တာ ဖြစ်နေတာလို့ ပြောပါတယ်။ ပြည်တွင်း ပြည်ပက ဥပဒေ ရေးရာ အကြံပေးကြဖို့ ရှေ့နေ ဦးခင်မောင်ဇော်က ဖိတ်ခေါ်သွားတာပါ။

ကုလသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန် ပြည်ထောင်စုဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် အပေါ် အမှုတွေ စွဲဆိုနေတဲ့ အပေါ် ကန့်ကွက်ရှုတ် ချထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ Ned Price က
“နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ် ပြစ်မှု ဆိုင်ရာ ပုဒ်မတွေနဲ့ ထပ်ပြီး စစ်တပ်က တရားစွဲတဲ့ ကိစ္စအပေါ် အမေရိကန်ဘက်က စိတ်ကသိကအောက် ဖြစ်ရပါတယ်တဲ့။ မတော်မတရား ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ အားလုံးကို မြန်မာ စစ်တပ်ဘက်က ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန်ဘက်က ထပ်ပြီး တောင်း ဆိုပါတယ်” လို့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကတော့“ဒါက ဟန်ပြ အမှုဆင်တာပါ။ အာဏာ ရယူဖို့ သက်သက် လုပ်တာပါ” လို့ ပြောဆို ဝေဖန်ထားပါတယ်။

#aungsansuukyi #lawyer #khinmaungzaw #nld #law #charges #president #myanmar #statecounsellor #militarycoup #coup #casemanagementprogram #savemyanmar #voaburmese #arrest
#whatishappeninginmyanmar

Leave a Reply

Your email address will not be published. Required fields are marked *