crd
unicode
စိတ်ဓာတ်ကျ နေကြပြီလား
အားလျော့သွားမှာ စိုးရိမ်လို့ ပြန်တင်ပြီး သတိပေးပါရစေ
စိတ်ဓာတ်ကျ နေကြ ပြီလား ၇၆ နှစ်အရွယ် အမေအိုကြီးရဲ့ မျက်နှာ ကို စူးစူး စိုက်စိုက် ပြန်ကြည့်ပါ
စိတ်ဓာတ်ကျ နေကြပြီ လား သူ တစ်ရက်လေးမှ ငါတို့အတွက် စိတ်ဓာတ် မကျခဲ့တာကို သတိရပါ
စိတ်ဓာတ်ကျ နေကြပြီလား နိမ့်ကျနေတဲ့ ငါတို့ ဘဝတွေကို အမြဲ စူးစိုက် ကြည့်နေ ခဲ့တဲ့ မျက်လုံး အစုံကို သတိရပါ
စိတ်ဓာတ်ကျ နေ ကြပြီလား သူ့ဘဝတစ်ခုလုံး ပစ်ပြီး ငါတို့ဘဝတွေ အတွက် တိုက်ပွဲ ဝင်ပေးခဲ့တာတွေ သတိရပါ
စိတ်ဓာတ်ကျ နေကြပြီလား ငါတို့ အတွက် နိုင်ငံတကာ အလယ်မှာ တရားစွဲ ခံထားရမှုကို ရင်ကော့ ပြီး ဖြေရှင်းပေးခဲ့တာ သတိရပါ
စိတ်ဓာတ်ကျ နေကြပြီလား နေပူပူမှာ ထီးမပါပဲ တစ်ရွာဝင် တစ်ရွာထွက် ငါတို့ အသံတွေ နားထောင်ပေး ခဲ့တာကို သတိရပါ
စိတ်ဓာတ်ကျ နေကြပြီလား ဘုရား တရား လုပ်ပြီး မြေးမြစ်တွေ နဲ့ ပျော်ရွှင်နေရမယ့် အရွယ်မှာ ငါတို့နဲ့ အတူ ပူလောင် ပေးနေရတာကို သတိရပါ
စိတ်ဓာတ်ကျ နေကြပြီလား ည ၈ နာရီတိုင်း ” ကျမတို့ ပြည်သူ တွေ covid ရန်က ကင်းဝေးပြီး ကျန်းမာ ချမ်းသာကြပါစေ ” ဆိုတဲ့ သူမ ရဲ့ အသံ နဲ့ အပြုံးလေး ကို သတိရပေးပါ
crd