ဒုတိယနေ့ အင်တာနက် ထပ်ပျက်မယ် ဆိုတာကို ပထမနေ့ ကလောက် စိတ်မလှုပ်ရှားတော့ ဘူးမလား

Posted on

ပထမနေ့က ဘာမှမဖြစ်ခဲ့တော့ ဒီနေ့ ထပ်ပျက်လည်း မနေ့ ကလောက် မတုန်လှုပ်မိတော့ဘူးမလား

မနက် ၉:၀၀ နာရီ အချိန်တန် လာမယ်ဆိုပြီး ထင်နေပြီဆိုရင် အဲ့လိုပဲ တရက်ပြီး တရက် အင်တာနက် ကို ည ၁:၀၀ နာရီကနေ ၉:၀၀ နာရီထိ ဖျက်တာဟာ ပုံမှန်လိုဖြစ်လာမယ် ..

ငါတို့ အခွင့်အရေး ဆုံးရှုံးနေတယ်ဆိုတာ မသိတော့ဘဲ ရသလောက် အခွင့်အရေးလေးနဲ့ ကျေနပ်လာမယ် သူတို့ ပေးသလောက် အခွင့်အရေးလေးနဲ့ နေသားကျလာတဲ့အခါ ကျွန်ဘဝထဲ ပြန်ရောက်သွားမှာပဲ … ဖတ်ဖူးမှာပေါ့ 5 Monkey Experiment ဆိုတာ

မျောက် ၅ ကောင်ကို လှောင်အိမ်တခုထဲထည့် လှေကားထောင်ထားပြီး မျောက်တစ်ကောင် လှေကားပေါ်တက်လာတာနဲ့ ရေခဲရေနဲ့ ဖြန်းတယ် …ပြီးရင် မျောက်တိုင်းကိုလည်း ရေခဲရေနဲ့ ဖြန်းတယ် ကြာလာတော့ မျောက်တွေက လွတ်မြောက်ဖို့ဖြစ်တဲ့ လှေကားပေါ်တက်တာနဲ့ ရေခဲရေနဲ့ ဖြန်းခံရတယ်ဆိုတာ သိလာတယ် ….အဲ့တော့ တက်တဲ့ကောင်ရှိရင် အဲ့ကောင်ကို ဝိုင်းရိုက်ကြတယ် …

ကြာလာတော့ လှောင်အိမ်တံခါးဖွင့်ပေးထား တာတောင် လှေကားပေါ်မတက်တော့ဘူး .. အဲ့လိုနဲ့ မျောက်အသစ်တစ်ကောင်ကို ထည့်တယ် မျောက်အသစ်က ဘာမှန်းမသိသေးတော့ လှေကားပေါ်တက်တာနဲ့ ကျန်တဲ့မျောက်တွေက ဝိုင်းဆွဲချပြီး ရိုက်တော့တယ်…. ဒီလိုနဲ့ ကြာလာတော့ မျောက်အသစ်က ဘာကြောင့် လှေကားပေါ်ကို မတက်ရဘူးဆိုတဲ့ အကြောင်းကိုတောင် မသိတော့ပေမယ့် လှေကားပေါ်မတက်ရဘူးဆိုတာပဲ နားလည်တော့တယ်

ဒါဟာ အကြောက်တရားနဲ့ အမူအကျင့်တွေကို ပြောင်းလဲပစ်လိုက်တာပဲ..
ခုချိန်မှာ မရဲရင့်ပဲ ခုကထဲက ကြောက်နေပြီဆိုရင် …နောက်ထပ် ငါတို့အကုန်လုံးရော ငါတို့ကလေးတွေရော ငါတို့ရဲ့ နောက်ထပ် နောက်ထပ်မျိုးဆက်တွေပါ သူတို့ရဲ့ အကြောက်တရားနဲ့ အုပ်ချုပ်နေတဲ့ နိုင်ငံကြီးမှာ လူ့အခွင့်အရေးဆိုတာ ဘာမှန်းလုံးဝ မသိဘဲ နေရတော့မယ် ..

ဘာကြောင့် No …ဘာကြောင့် Yes ဆိုတာကို မသိတော့ဘဲ
No ဆို No
Yes ဆို Yes နဲ့
သူတို့ အမိန့်တွေအောက်မှာ နေကြရမယ်

ဒါကို လုံးဝ တော်လှန်နိုင်ဖို့ဆိုတာ
သေနတ်မရှိတဲ့ ငါတို့မှာ CDM ပဲရှိတယ် ..

လူကြီးတွေ ရုံးမတက်ကြပါနဲ့ …

ကလေးတွေကို သနားပါ …
ဘာမှမဖြစ်ဘူးဆိုပြီး ရုံးသွားလိုက်တာဟာ လွတ်လပ်ရေးရဖို့ တရက်နောက်ဆုတ်ခံလိုက်ရတာနဲ့ အတူတူပါပဲ …

အနူးအညွတ်တောင်းပန်ပါတယ်
ကြောက်ခေတ်တွေ ကို ပြန်မရောက်ဖို့
ရုံးမသွားဘဲ ခဏလေး အိမ်မှာနေပေးပါ …

Credit

Leave a Reply

Your email address will not be published. Required fields are marked *