crd
unicode
သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို Social Influencer တစ်ယောက်လည်းဖြစ်တဲ့ နေခြည်ဦး ကတော့ လတ်တလော မှာ ပရိသတ်တွေရဲ့ ဝေဖန်မှု ကို ရရှိနေတာပဲ ဖြစ် ပါ တယ်။ နေခြည်ဦးက စစ်မိသားစု ကနေ မွေးဖွားလာခဲ့သူ တစ်ယောက်ဖြစ်တာကြောင့် အခုလို နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုမှာ ပရိသတ်တွေက ဝေဖန်မှုတွေရှိသလို နြေ ခည်ကို ယ် တိုင် ကလ ည်း သူမကို အားပေးတဲ့ ပရိသတ်တွေ လျော့နည်း သွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် နေခြည်ဦး ကတော့ အသက်ပြည့်ပြီးတဲ့ လူတစ်ယောက် အနေနဲ့ ကိုယ်ပိုင် ဆုံးဖြ က်နဲ့ ရပ်တ ည်ပြီး ပြည်သူလူထုနဲ့ တသားတည်းရှိနေပေးတာ ဖြစ်ပါတယ်။
နေခြည်ဦးက မနေ့က ဖေဖော်ဝါရီလ (၂၁) ရက်နေ့မှာ မန္တလေးမြို့ စိန်ပန်းရပ်ကွက်က ပြည်သူတွေအတွက် ခြုံစောင်တွေ လှူဒါန်းပေးခဲ့သလို ဒီကနေ့ ဖေဖော်ဝါရီလ (၂၂) ရက်ေ န့ မှာလည်း (၂၂၂၂၂) သပိတ် အတွက် လမ်းပေါ် ထွက်လာတဲ့ မိဘပြည်သူတွေကို စားသောက်စရာများ လှူဒါန်းခဲ့ကြောင်း အခုလိုပဲ ပြောလာပါတယ်။ နေခြည်ဦးက လှည်းတန်းက ပြည် သူေ တွအတွက် ကြာဇံကြော်ပွဲ (၄၀၀၀) ကျော် ဘဲသားမုန့် (၁၀၀၀) Royal D Hype ရေသန့် ဘူး (၅၀၀၀) ကို ဒီနေ့ သူငယ်ချင်းတွေ စုပြီး လှူဖြစ်ကြ ပါတယ်။ အားလုံးပဲ ဂရုစိုက် ကြပါ။ နေခြည်တို့ အားလုံးနဲ့အတူတူရှိနေပါမယ်။” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပြောလာပါတယ်။
နေခြည်ဦးကတော့ လက်ရှိအချိန်မှာ သူမရဲ့ မိဘ အသိုင်းအဝိုင်းကို မေ့ထားပြီး ပြည်သူလူထုနဲ့ တသားတည်းရှိနေပေးမယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Conn ec tions ပရိသတ်ကြီး အားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက္ပါတယ်နော်။
crd