မင်းသားချော မင်းမော်ကွန်းကတော့ သရုပ်ဆောင်ပိုင်း မှာသာမက အဆိုပိုင်းမှာပါ အရည်အချင်း ပြည့်ဝသူတစ်ဦး ဖြစ်ပါတယ် ။ ပရိသတ်တွေကိုလည်း ဖော်ရွေရင်းနှီးစွာ ဆက်ဆံတတ်တဲ့ မင်းေ မ်ာကွန်းက အခုအချိန်မှာ အားလုံးနဲ့အတူ တစ်သားတည်းရပ်တည်နေတာ ဖြစ်ပါတယ် ။ မင်းမော်ကွန်းက နေ့တိုင်းလမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေကို ရဲဝင့်တက်ကြွစွာ လုပ်ဆော င်နေ တာကြောင့် ပရိသတ်တွေကပါ သူ့ရဲ့ကြိုးစားမှုကို အသိအမှတ်ပြုကာ ချီးကျူးနေရတာပဲ ဖြစ်ပါတယ် ။
မင်းမော်ကွန်းက သူ့ရဲ့ဖခင်ကြီးဦးဇင်ဝိုင်း ပါဝင်တဲ့ အနုပညာရှင်များအဖွဲ့နဲ့အတူ အရေးကြီးတဲ့နေရာတွေကို အုပ်စုလိုက်သွားရောက်ပြီး လူထုလှုပ်ရှားမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ် ။ မေ န့ကလည်း မင်းမော်ကွန်းက ထိုင်းသံရုံးကနေ မြေနီကုန်း ကိုသွားေ ရာက်ရင်း ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကို ပြောပြထားတာ ဖြစ်ပါတယ် ။ မင်းမော်ကွန်းက “အမှတ်တရ ၄၂ ဒီနေ့ ထိုင်း သံ ရုံးရောက်တယ် ရဲကားတွေလာနေပြီလူစုခွဲပါလို့ ဘယ်သူ ကဘယ်လို စလိုက်မှန်းမသိဘူး တစ်ချို့ကစိုးရိမ်ပြီးထကြ တောင်တစ်ဖွဲ့မြောက်တစ်ဖွဲ့တွေပေါ့ ပြီးတော့မှလူပြန်စု ကိုယ့် ကားပေါ်ကိုယ်တက် မြေနီကုန်းဘက်ဆက်ချီတက်တယ်ပေါ့ မြေနီကုန်းေ ရာက်တော့မှ အဖေနဲ့ ကိုလွင်မိုးက အားလုံးစု ခိုင်းပြီး စကားပြောတယ် အဖေ့စကားခုထိ နားထဲကမထွက်ဘူး မင်း တို့ဘာလို့ဖရိုဖရဲဖြစ်ကြတာလဲ ငါတို့လူကြီးတွေကိုသတင်းပို့ပြီး သွားသင့်တယ်ဆိုသွား ရွှေ့သင့်တယ်ဆိုမှရွှေ့ကြပေါ့ ခုတော့ဟိုလူကတစ်လမ်း ဒီလူကတစ်လမ်းနဲ့ မင်းတို့ကိုထိပ်တိုက်တွေ့ရမယ် ပြောေ နတာမဟုတ်ဘူး လူကြီးတွေ စကားနားထောင်ပြီး တညီတညွတ်တည်း လုပ်သင့်တာလုပ်ဖို့ပြောနေတာ မတရားတဲ့အာဏာမှန်သမျှ ရသလောက်တော့ဖီဆန်ကြရမှာပဲတဲ့ ပြီးတော့ ရှင်ေ စ လမ်းက စချီတက်တယ် တံတားကိုပတ်ပြီးကြွေးကြော်သံတွေအော်”
“တံတားအောက်ရှင်စောပုလမ်းဘက် အခြမ်း အပြန်လမ်းနဲ့ အနီးဆုံးမှာ နေရာယူဖို့ ကိုလွင်မိုးကသတိပေးတယ် မကြာပါဘူးရဲကားတွေ အများကြီးရောက်လာပြီး ပွဲကြမ်းကြတော့တာပဲ အဖေ နဲ့ကိုလွင်မိုးက အရမ်းမပြေးဖို့ လူစုမကွဲဖို့အော်ပြီး သတိပေးတယ် အဲ့ဒီတော့မှမြေနီကုန်းမှာစုနေတဲ့ ဆေးကျောင်းသားလေးတွေ CDM သမားတွေ ကျွန်တော်တို့ အနုပညာရှင်တွေ သတိဝင်ြ အရ မ်းမပြေးပဲ ခပ်သုတ်သုတ် လူစုခွဲလိုက်ကြတယ် တစ်ချို့လည်းစမ်းချောင်းထဲဝင်ပုန်းကြပေါ့ ကားပေါ်ရောက်တော့ Live တွေချက်ချင်းတက်လာတယ် လက်န ကျာင်းသားပြည်သူတွေကို အတင်းအဓ္ဓမရိုက်နှက်ဖမ်းဆီးကြ သတင်းထောက်တစ်ချို့လည်းအဖမ်းခံရပေါ့ အားလုံးစုရပ်ကိုပြန်ရောက်လို့ အကုန်ဘေးကင်းတော့မှပဲ သက်ပြင်းချနိုင်တာပါ အဲ့တော့မှ အဖေနေမ င်းတဲ့ကြား က အရမ်းပင်ပန်းနေတဲ့ကြားထဲက ဘာလို့နေ့တိုင်း လိုက်နေရတာလဲဆိုတာကို ကျွန်တော် သဘောပေါက်သွားတယ်ကျွန်တော်အပါအဝင် သူ့သားသမီးတွေလိုသဘောထားတဲ့ သူ့လော က သားေ တွကိုစိတ်မချလို့ပေါ့ လူငယ်တွေအတွေးအခေါ်ကောင်းကြပေမယ့် အတွေ့အကြုံရှိတဲ့လူကြီးတွေကြောင့်သာ ကျွန်တော်တို့ သီသီလေးလွတ်မြောက်လာတာပါ ကျေးဇူးပါအဖေ ကျေး ဇူး ပါကိုလွင်မိုး၂၆.၂.၂၀၂၁ အမှတ်တရ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ် ။ မင်းမော်ကွန်းကတော့ ဖခင်ကြီးဇင်ဝိုင်းနဲ့ ဦးလွင်မိုးတို့ကို ကျေးဇူးတင်စကားဆိုထားတာပဲ ဖြစ်ပါတယ် ။
Source & Photo Credit -Kyaw Kyaw Htay Lwin’s FB Acc