ကိုယ္ရံေတာ္ ရဲ႕ “ေသတမ္းစာ”

အမိန႔္ေတာ္ မျပန္လိုက္ ပါနဲ႔အေမ..စိုးရိမ္ေၾကာ င့္က်စိတ္မခ်သမို႔၊အေ မ့အပါးကဖဝါးထက္ခ်ပ္ ၊အရိပ္လိုလိုက္ကပ္ၿပီးေ စာင့္ေရွာက္၊က်ီး ကန္းေ တာ င္းေမွာက္သဏၭန္၊ရန္အႏၲရာယ္ကိုဖယ္ခြာခ်င္လြန္းလို႔ပါ။

အေမ့ထံပါးမွာတာဝန္ေက်တဲ့၊ ကြၽန္ေတာ္ပင္ပန္းခဲ့သမွ်ကိုသိသမို႔၊နားပါေစေတာ့ရယ္လို႔အၾကင္နာပို၊အေဝးကိုမႏွင္လိုက္ပါနဲ႔အေမ…အေမ့ေဘးကအတူယွဥ္၊ ခရီးမႏွင္ဝံ့ေပမဲ့၊ ေနပူခ်ိန္မွာအေ မ့ကိုအရိပ္ကာေစခ်င္၊မိုး႐ြာရ င္ထီးေတာ္မိုး၊႐ိုက်ိဳးစြာဖိနပ္ကိုင္ ၊တတ္ႏိုင္ရင္ေ တာ့အေမ့ေျခဖဝါး အရာေ လးေတြကိုတခုစီေကာက္၊ပန္းလို သီကာလည္မွာဆြဲ၊ေလးစားသမႈနဲ႔သိမ္းဆည္းမွာဘဲအေမ။

ကံၾကမၼာရဟတ္ျခား၊တိမ္းပါးသြားလို႔ခြဲခြာ၊ အသည္းနာေပမဲ့၊ ဝိဉာဥ္ဘဝ၊ဘယ္မွမသြားခ်င္၊န တ္ျပည္ကိုလဲမႏွင္လိုက္ပါနဲ႔အေမ….န တ္တို႔ရဲ႕ကမၼစိတၱိ၊တန္ခိုးသတၱိရွိရ္ေတာ့၊ဝမ္းသာအားရနဲ႔အေမ့ေဘးနားမွာ ပိုမိုေစာင့္ေရွာက္၊ရန္မ်ိဳးစုံရွင္းေပ်ာက္ေအာင္၊ထြင္းေဖာက္ႏိုင္စြမ္း ရွိခ်င္လွတယ္အေမ။

အေမ့ကိုယုံၾကည္ေလးစားဗုဒၶတရားေတြ ဦးထိပ္ ထားသမို႔….အနိစၥ၊ ဒုကၡ၊အနတၱ၊ေရွာင္လႊဲမရတာသိသလို၊ပါရမီျဖည့္ဖက္ဆိုတာ၊ ရွင္အည နႏၵာ နဲ႔ဆႏၵအမတ္၊သူ႔အတတ္နဲ႔သူပညာ၊ အဆင့္ေတြကြာေပမဲ့၊ ဗုဒၶကိုခ်စ္တဲ့အရာမွာေတာ့ ပမာဏတူပါတယ္အေမ။

တသံသရာလုံး၊အေမ့ကိုပါရမီျဖည့္ၿပီး ၊ျပဳစုလုပ္ေကြၽးႏိုင္သူ ရဲ႕ဘဝ၊အၿမဲရပါရေစလို႔ ဆုေတာင္းရင္း..ႏႈတ္မဆက္လက္မျပ၊ ကြၽန္ေတာ္ ထြက္ခြာ မသြားပါရေစနဲ႔…အရိပ္ပမာ ဝိဉာဥ္ဘဝနဲ႔ခစားပါရေစအေမ။ ။

@Nilar Mya Thwe

unicode

အမိန့်တော် မပြန်လိုက် ပါနဲ့အမေ..စိုးရိမ်ကြော င့်ကျစိတ်မချသမို့၊အေ မ့အပါးကဖဝါးထက်ချပ် ၊အရိပ်လိုလိုက်ကပ်ပြီးေ စာင့်ရှောက်၊ကျီး ကန်းေ တာ င်းမှောက်သဏ္ဌန်၊ရန်အန္တရာယ်ကိုဖယ်ခွာချင်လွန်းလို့ပါ။

အမေ့ထံပါးမှာတာဝန်ကျေတဲ့၊ ကျွန်တော်ပင်ပန်းခဲ့သမျှကိုသိသမို့၊နားပါစေတော့ရယ်လို့အကြင်နာပို၊အဝေးကိုမနှင်လိုက်ပါနဲ့အမေ…အမေ့ဘေးကအတူယှဉ်၊ ခရီးမနှင်ဝံ့ပေမဲ့၊ နေပူချိန်မှာအေ မ့ကိုအရိပ်ကာစေချင်၊မိုးရွာရ င်ထီးတော်မိုး၊ရိုကျိုးစွာဖိနပ်ကိုင် ၊တတ်နိုင်ရင်ေ တာ့အမေ့ခြေဖဝါး အရာေ လးတွေကိုတခုစီကောက်၊ပန်းလို သီကာလည်မှာဆွဲ၊လေးစားသမှုနဲ့သိမ်းဆည်းမှာဘဲအမေ။

ကံကြမ္မာရဟတ်ခြား၊တိမ်းပါးသွားလို့ခွဲခွာ၊ အသည်းနာပေမဲ့၊ ဝိဉာဉ်ဘဝ၊ဘယ်မှမသွားချင်၊န တ်ပြည်ကိုလဲမနှင်လိုက်ပါနဲ့အမေ….န တ်တို့ရဲ့ကမ္မစိတ္တိ၊တန်ခိုးသတ္တိရှိရ်တော့၊ဝမ်းသာအားရနဲ့အမေ့ဘေးနားမှာ ပိုမိုစောင့်ရှောက်၊ရန်မျိုးစုံရှင်းပျောက်အောင်၊ထွင်းဖောက်နိုင်စွမ်း ရှိချင်လှတယ်အမေ။

အမေ့ကိုယုံကြည်လေးစားဗုဒ္ဓတရားတွေ ဦးထိပ် ထားသမို့….အနိစ္စ၊ ဒုက္ခ၊အနတ္တ၊ရှောင်လွှဲမရတာသိသလို၊ပါရမီဖြည့်ဖက်ဆိုတာ၊ ရှင်အည နန္ဒာ နဲ့ဆန္ဒအမတ်၊သူ့အတတ်နဲ့သူပညာ၊ အဆင့်တွေကွာပေမဲ့၊ ဗုဒ္ဓကိုချစ်တဲ့အရာမှာတော့ ပမာဏတူပါတယ်အမေ။

တသံသရာလုံး၊အမေ့ကိုပါရမီဖြည့်ပြီး ၊ပြုစုလုပ်ကျွေးနိုင်သူ ရဲ့ဘဝ၊အမြဲရပါရစေလို့ ဆုတောင်းရင်း..နှုတ်မဆက်လက်မပြ၊ ကျွန်တော် ထွက်ခွာ မသွားပါရစေနဲ့…အရိပ်ပမာ ဝိဉာဉ်ဘဝနဲ့ခစားပါရစေအမေ။ ။

@Nilar Mya Thwe

Add a Comment

Your email address will not be published. Required fields are marked *