နွေဦးတော်လှန်ရေး တွင် ကျဆုံးသွားသော သူရဲကောင်းများအတွက် အနုပညာကြေးတွေ စုကာ လှူဒါန်းခဲ့တဲ့ “မေလသံစဉ်”

Posted on





unicode

ပရိသတ်ကြီးရေ……အမျိုးသမီး တေးသံရှင် မေလသံစဉ် ကတော့ ကြည်လင်ပြတ်သားတဲ့ အသံချိုချိုလေးနဲ့ လူအများ ကြိုက်နှစ်သက်ကြတဲ့ သီချင်းကောင်းလေးတွေကို သီဆိုဖျော်ဖြေလေ့ ရှိတာ ပဲဖြစ်ပါတ ယ်။ေ မလက အသက်ငယ်ပေမယ့်လည်း ဂီတလောကမှာ အောင်မြင်မှုတွေကို သရဖူဆောင်း ထားနိုင်တာ ဖြစ်ပြီး ချီးမြှင့်တဲ့ ထူးချွန်ဆုတွေကိုလည်း ရရှိပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ အစကနေ ဖြစ်ပေ ါ်ခဲ့ တာနဲ့ ပက်သက်ပြီး ပြည်သူတွေက နိုင်သလောက် ကြိုးစားအားထုတ်ကာ လူထုလှုပ်ရှားမှုတွေကို ဆက်တိုက်ပြုလုပ်နေကြတာ လည်းဖြစ်ပါတယ်။

မေလက လတ်တလောမှာတော့ အနုပညာ အလုပ်တွေကို ရပ်နားထားကာ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေတဲ့ အခြေအနေ တွေကြောင့် သူမကလည်း ပြည်သူထဲက ပြည်သူတစ်ယောက်ပဲမို့ အမှန်တရား ဘက်ကနေ ရဲရင့်စွာ ရပ်တည် ပါဝင် အားဖြည့် နေတာ ပဲဖြစ်ပါတယ်။ဒါ့အပြင် လူထု လှုပ်ရှားမှုကို ငြိမ်းချမ်းစွာ ဖော်ထုတ်နေသူတွေကိုလည်း သူမ တတ်နိုင်သလောက် စားစရာသောက်စရာ များကို ကိုယ်တိုင် လမ်းမေ ပါ် ထွက်ကာ လှူဒါန်းနေတာလည်း တွေ့ရပါတယ်။မမျှော်လင့်ပဲ ကျဆုံးသွားတဲ့ အာဇာနည် သူရဲကောင်းများ အတွက်လည်း စိတ်မကောင်းဖြစ်ကာ သူမရဲ့ အနုပညာကြေးလေးတွေ စုကာ လှူဒါန်းနေတာ ဖြစ်ပါတယ်။

မေလက”နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသောသူရဲကောင်းများ အတွက် သန့်ရှင်းစွာ ရရှိထားတဲ့ အနုပညာကြေးထဲမှ တစ်ဦး (၁)သိန်းစီ လေးစားစွာဖြင့် လှူဒါန်းခဲ့ပါတယ် မိမိပြုသမျှ ကုသိုလ်တိုင်းလဲ အမျှေ ပးဝေပါတယ် 🙏🙏🙏သူရဲကောင်းတို့ ဖြစ်လေရာဘဝမှာ စိတ်ချမ်းသာစွာဖြင့် သက်တန်းစေ့ နေထိုင် ကြရပါစေလို့ 😢😢😢”ဆိုတဲ့ စာသားကို ရေးသားဖော်ပြကာ မေတ္တာပို့ ဆုတောင်းနေတာ ပဲဖြစ်ပါတ ယ်။ချ စ်ပရိသတ်တွေ အတွက် မေလရဲ့အလှူလေးကို သာဓုခေါ်နိုင်ဖို့အတွက် တစ်ဆင့်ပြန်လည်ကူးယူ မျှဝေပေးလိုက်ပါတယ်။

Photo Credit -May Melody FB page

Leave a Reply

Your email address will not be published. Required fields are marked *