“ျမန္မာစစ္တပ္ကို အေရး မယူ ဘဲ ဘယ္ေလာက္ လႊတ္ေပးထားဦးမွာ လဲ လို႔ လုံၿခဳံ‌ေရးေကာင္စီ မွာ တင္ျပ”

Posted on

ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢအထူးကိုယ္စားလွယ္ ခရစၥတင္း ရွရန္နာ ဘာဂနာက အၾကမ္းဖက္မႈေတြရပ္ဖို႔နဲ႔ ဒီမိုကေရစီကိုအသက္ျပန္သြင္းဖို႔အတြက္ လုံၿခဳံေရးေကာင္စီအေနနဲ႔ ကိုင္တြယ္ေပးဖို႔ ဒီကေန႔ေသာၾကာေန႔မွာ တိုက္တြန္းလိုက္ပါတယ္။

“ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲရလဒ္အေပၚ ေထာက္ခံ အားေပးဖို႔၊ ျမန္မာျပည္သူေတြနဲ႔ အတူ ခိုင္မာစြာရပ္ဖို႔၊ ျမန္မာလုံၿခဳံေရးတပ္ဖြဲ႕ေတြ သတိျပဳမိလာေအာင္ကို လုံၿခဳံေရးေကာင္စီဟာ ဆုံးျဖတ္ခ်က္ျပတ္သားၿပီး ေရွ႕ေနာက္ညီၫြတ္တယ္ဆိုတာ အေရးႀကီးပါတယ္”လို႔ အဖြဲ႕ဝင္ ၁၅ႏိုင္ငံပါဝင္တဲ့ လုံၿခဳံေရးေကာင္စီ တံခါးပိတ္အစည္းအေဝးမွာ တင္ျပခဲ့တယ္လို႔ ႐ိုက္တာသတင္းဌာနက ဆိုပါတယ္။

“ဒီကိစၥဟာ စုစုစည္းစည္းနဲ႔ကိုင္တြယ္ဖို႔ အေရးေပၚအေျခအေနျဖစ္ပါတယ္။ ျမန္မာစစ္တပ္ကို အျပစ္ေပးအေရးမယူဘဲ က်မတို႔ဒီထက္ပိုၿပီး ဘယ္ေလာက္လႊတ္ေပးထားဦးမွာလဲ”လို႔ ခရစၥတင္း ဘာဂနာက လုံၿခဳံေရးေကာင္စီမွာ တင္ျပခဲ့ၿပီး ျမန္မာျပည္သူေတြ ကုလသမဂၢအေပၚ ပုံထားခဲ့တဲ့ ေမွ်ာ္လင့္ခ်က္ေတြ မွန္သမွ် က်ဆင္းလာေနၿပီလို႔လည္း ထည့္ေျပာခဲ့ပါတယ္။

ကုလသမဂၢ လုံၿခဳံေရးေကာင္စီအေနနဲ႔ အာဏာသိမ္းျမန္မာစစ္တပ္ကို အစိုးရအျဖစ္ လုံးဝ အသိအမွတ္မျပဳဖို႔၊ တရားဝင္မႈမေပးဖို႔ကိုပါ ထပ္ၿပီးသတိေပးလိုက္ၿပီး ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို အျပည့္အဝေထာက္ခံဖို႔ကိုပါ တိုက္တြန္းခဲ့ပါတယ္။

ျမန္မာျပည္ရဲ႕ လက္ရွိအေနအထားဟာ “ဆိုး႐ြားတဲ့ လူသားခ်င္းစာနာမႈဆိုင္ရာ အက်ပ္အတည္းႀကီးဆီ” ဦးတည္သြားေနၿပီလို႔လည္း တပ္လွန႔္ခဲ့ပါတယ္။ “စစ္တပ္ရဲ႕အာဏာသိမ္းမႈဟာ လုပ္သားထု၊ ရင္းႏွီးျမႇဳပ္ႏွံမႈ၊ တည္ၿငိမ္မႈ၊ ႀကိဳတင္ေမွ်ာ္မွန္းႏိုင္မႈ၊ ခ်ိတ္ဆက္မႈနဲ႔ လုံၿခဳံမႈေတြအားလုံးကို ဆိုး႐ြားသြားေစခဲ့ပါတယ္။ ျမန္မာ့ စီးပြါးေရးဟာ ေသြးဆိပ္တက္ေနတဲ့အေနအထားမ်ိဳးကို မ်က္ျမင္ေတြ႕ေနရပါၿပီ”လို႔ အထူးကိုယ္စားလွယ္က တင္ျပခဲ့ပါတယ္။

crd Kamayut Media
#MTKChannel #မိုးေသာက္ၾကယ္

unicode

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ခရစ္စတင်း ရှရန်နာ ဘာဂနာက အကြမ်းဖက်မှုတွေရပ်ဖို့နဲ့ ဒီမိုကရေစီကိုအသက်ပြန်သွင်းဖို့အတွက် လုံခြုံရေးကောင်စီအနေနဲ့ ကိုင်တွယ်ပေးဖို့ ဒီကနေ့သောကြာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

“နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်အပေါ် ထောက်ခံ အားပေးဖို့၊ မြန်မာပြည်သူတွေနဲ့ အတူ ခိုင်မာစွာရပ်ဖို့၊ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ သတိပြုမိလာအောင်ကို လုံခြုံရေးကောင်စီဟာ ဆုံးဖြတ်ချက်ပြတ်သားပြီး ရှေ့နောက်ညီညွတ်တယ်ဆိုတာ အရေးကြီးပါတယ်”လို့ အဖွဲ့ဝင် ၁၅နိုင်ငံပါဝင်တဲ့ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ တင်ပြခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။

“ဒီကိစ္စဟာ စုစုစည်းစည်းနဲ့ကိုင်တွယ်ဖို့ အရေးပေါ်အခြေအနေဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို အပြစ်ပေးအရေးမယူဘဲ ကျမတို့ဒီထက်ပိုပြီး ဘယ်လောက်လွှတ်ပေးထားဦးမှာလဲ”လို့ ခရစ္စတင်း ဘာဂနာက လုံခြုံရေးကောင်စီမှာ တင်ပြခဲ့ပြီး မြန်မာပြည်သူတွေ ကုလသမဂ္ဂအပေါ် ပုံထားခဲ့တဲ့ မျှော်လင့်ချက်တွေ မှန်သမျှ ကျဆင်းလာနေပြီလို့လည်း ထည့်ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ အာဏာသိမ်းမြန်မာစစ်တပ်ကို အစိုးရအဖြစ် လုံးဝ အသိအမှတ်မပြုဖို့၊ တရားဝင်မှုမပေးဖို့ကိုပါ ထပ်ပြီးသတိပေးလိုက်ပြီး မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အပြည့်အဝထောက်ခံဖို့ကိုပါ တိုက်တွန်းခဲ့ပါတယ်။

မြန်မာပြည်ရဲ့ လက်ရှိအနေအထားဟာ “ဆိုးရွားတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကြီးဆီ” ဦးတည်သွားနေပြီလို့လည်း တပ်လှန့်ခဲ့ပါတယ်။ “စစ်တပ်ရဲ့အာဏာသိမ်းမှုဟာ လုပ်သားထု၊ ရင်းနှီးမြှုပ်နှံမှု၊ တည်ငြိမ်မှု၊ ကြိုတင်မျှော်မှန်းနိုင်မှု၊ ချိတ်ဆက်မှုနဲ့ လုံခြုံမှုတွေအားလုံးကို ဆိုးရွားသွားစေခဲ့ပါတယ်။ မြန်မာ့ စီးပွါးရေးဟာ သွေးဆိပ်တက်နေတဲ့အနေအထားမျိုးကို မျက်မြင်တွေ့နေရပါပြီ”လို့ အထူးကိုယ်စားလှယ်က တင်ပြခဲ့ပါတယ်။

crd Kamayut Media
#MTKChannel #မိုးသောက်ကြယ်

Leave a Reply

Your email address will not be published. Required fields are marked *