ျမန္မာႏိုင္ငံႀကီး အျမန္ဆုံးေအးခ်မ္းေစရန္ နဲ႔ အသက္ေပးသြားတဲ့ သူရဲေကာင္းေတြအတြက္ ပ႒ာန္း႐ြတ္ဖတ္ ပူေဇာ္ရင္း ကုသိုလ္ျပဳ ခဲ့တဲ့ ခိုင္သင္းၾကည္

Posted on

ျမန္မာႏိုင္ငံမွာခုဆိုရင္ အေျခအေနေတြက တစ္ေန႔ထက္တစ္ေန႔ပိုမိုတင္းမာလာၿပီး အိုးအိမ္ပစၥည္းဥစၥာေတြ ပ်က္စီးဆုံးရႈံးမႈေတြ ရွိလာသလို လူထုလႈပ္ရွားမႈႀကီးဟာဆိုရင္လည္း ၾကားရသတင္းတိုင္းက ေၾကကြဲဝမ္းနည္းစရာေကာင္းလြန္းတာေတြ မ်ားျပားတာေၾကာင့္ ျပည္သူေတြကလည္း စိုးရိမ္ ထိန႔္လန႔္မႈမ်ားစြာၾကားမွာ ေန႔စဥ္နဲ႔အမွ်ေနထိုင္ေနၾကရပါတယ္။ဒီလိုစိုးရိမ္ထိန႔္လန႔္မႈေတြ အႏၲရာယ္ ေတြၾကားကေနပဲ ယုံၾကည္ခ်က္ပန္းတိုင္ကိုေရာက္ဖို႔ အားမေလ်ာ့ဘဲ ဒီေန႔ထိလႈပ္ရွားမႈေတြျပဳလုပ္ေနၾကဆဲပါ။

လႈပ္ရွားမႈေတြကို အႏၲရာယ္ၾကားကေန ဒီေန႔ထိ ရဲရင့္စြာျပဳလုပ္ေနၾကတဲ့ ျပည္သူအခ်င္းခ်င္းကလည္း တစ္ေယာက္ကို တစ္ေယာက္ ကူညီေဖးမေစာင့္ေရွာက္ရင္း ဆႏၵထုတ္ေဖာ္ေနၾကတာ တကယ္ကိုေလးစားစရာပါပဲေနာ္။အဲ့လို အႏၲရာယ္ၾကားမွာလႈပ္ရွားပါဝင္ရင္း အသက္ေပးသြားၾကတဲ့ သူရဲေကာင္းေတြကိုလည္း ျပည္သူေတြက ဝမ္းနည္းေၾကကြဲစြာ ဂုဏ္ျပဳခဲ့ၾကတာလည္းျဖစ္ပါတယ္။ အႏုပညာရွင္ေတြကလည္း ရရာေနရာကေန ပုံစံ အမ်ိဳးမ်ိဳးနဲ႔ ကူညီေထာက္ပံ့မႈေတြေပးေနၾကတာလည္းတကယ္ကိုေလးစားစရာပါပဲ။

အခုလည္း မခိုင္ေလးက ျမန္မာႏိုင္ငံႀကီးအျမန္ဆုံးေအးခ်မ္းေစရန္နဲ႔ အသက္ေပးသြားတဲ့ သူရဲေကာင္းေတြအတြက္ ပ႒ာန္း႐ြတ္ဖတ္ပူေဇာ္ရင္း ကုသိုလ္ျပဳခဲ့ေၾကာင္း ခုလိုေရးသားေဝမွ် လာပါတယ္။” ပ႒ာန္း႐ြတ္ဖတ္ပူေဇာ္အရပ္ဆယ္မ်က္ႏွာေနအားလုံးေသာသတၱဝါေတြ ေဘးရန္ကင္းၾကပါေစ စိတ္ဆင္းရဲကင္းၾကပါေစ ကိုယ္ဆင္းရဲကင္းၾကပါေစ ကိုယ္စိတ္ႏွစ္ျဖာက်န္းမာခ်မ္းသာၾကပါေစ ျမန္မာႏိုင္ငံႀကီးအျမန္ဆုံးေအးခ်မ္းရပါလို၏ အမွန္တရား ဓမၼဘက္ကအျမန္ဆုံးအႏိုင္ရရပါလို၏ဘုရား ယေန႔ျပဳသမွ်ေကာင္းမႉ႔ကုသိုလ္ႏွင့္ျပဳျပဳသမွ်ကုသိုလ္တို႔ကိုေႏြဦးေတာ္လွန္ေရးတြင္အသက္ေပးသြားၾကသည့္သူရဲေကာင္းတို႔အားအမွ်ေပးေဝပါတယ္ ကုသိုလ္အမွ်အမွ်အမွ်ယူေတာ္မူၾကပါ”ဆိုတဲ့ စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Source & Photo Credit : Khine Thin Kyi Facebook Page

unicode

မြန်မာနိုင်ငံမှာခုဆိုရင် အခြေအနေတွေက တစ်နေ့ထက်တစ်နေ့ပိုမိုတင်းမာလာပြီး အိုးအိမ်ပစ္စည်းဥစ္စာတွေ ပျက်စီးဆုံးရှုံးမှုတွေ ရှိလာသလို လူထုလှုပ်ရှားမှုကြီးဟာဆိုရင်လည်း ကြားရသတင်းတိုင်းက ကြေကွဲဝမ်းနည်းစရာကောင်းလွန်းတာတွေ များပြားတာကြောင့် ပြည်သူတွေကလည်း စိုးရိမ် ထိန့်လန့်မှုများစွာကြားမှာ နေ့စဉ်နဲ့အမျှနေထိုင်နေကြရပါတယ်။ဒီလိုစိုးရိမ်ထိန့်လန့်မှုတွေ အန္တရာယ် တွေကြားကနေပဲ ယုံကြည်ချက်ပန်းတိုင်ကိုရောက်ဖို့ အားမလျော့ဘဲ ဒီနေ့ထိလှုပ်ရှားမှုတွေပြုလုပ်နေကြဆဲပါ။

လှုပ်ရှားမှုတွေကို အန္တရာယ်ကြားကနေ ဒီနေ့ထိ ရဲရင့်စွာပြုလုပ်နေကြတဲ့ ပြည်သူအချင်းချင်းကလည်း တစ်ယောက်ကို တစ်ယောက် ကူညီဖေးမစောင့်ရှောက်ရင်း ဆန္ဒထုတ်ဖော်နေကြတာ တကယ်ကိုလေးစားစရာပါပဲနော်။အဲ့လို အန္တရာယ်ကြားမှာလှုပ်ရှားပါဝင်ရင်း အသက်ပေးသွားကြတဲ့ သူရဲကောင်းတွေကိုလည်း ပြည်သူတွေက ဝမ်းနည်းကြေကွဲစွာ ဂုဏ်ပြုခဲ့ကြတာလည်းဖြစ်ပါတယ်။ အနုပညာရှင်တွေကလည်း ရရာနေရာကနေ ပုံစံ အမျိုးမျိုးနဲ့ ကူညီထောက်ပံ့မှုတွေပေးနေကြတာလည်းတကယ်ကိုလေးစားစရာပါပဲ။

အခုလည်း မခိုင်လေးက မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းစေရန်နဲ့ အသက်ပေးသွားတဲ့ သူရဲကောင်းတွေအတွက် ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ရင်း ကုသိုလ်ပြုခဲ့ကြောင်း ခုလိုရေးသားဝေမျှ လာပါတယ်။” ပဋ္ဌာန်းရွတ်ဖတ်ပူဇော်အရပ်ဆယ်မျက်နှာနေအားလုံးသောသတ္တဝါတွေ ဘေးရန်ကင်းကြပါစေ စိတ်ဆင်းရဲကင်းကြပါစေ ကိုယ်ဆင်းရဲကင်းကြပါစေ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ မြန်မာနိုင်ငံကြီးအမြန်ဆုံးအေးချမ်းရပါလို၏ အမှန်တရား ဓမ္မဘက်ကအမြန်ဆုံးအနိုင်ရရပါလို၏ဘုရား ယနေ့ပြုသမျှကောင်းမှူ့ကုသိုလ်နှင့်ပြုပြုသမျှကုသိုလ်တို့ကိုနွေဦးတော်လှန်ရေးတွင်အသက်ပေးသွားကြသည့်သူရဲကောင်းတို့အားအမျှပေးဝေပါတယ် ကုသိုလ်အမျှအမျှအမျှယူတော်မူကြပါ”ဆိုတဲ့ စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Source & Photo Credit : Khine Thin Kyi Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *