v အလွ မျပင္ေပးတတ္ေပမယ့္ လည္း သမီးေလး ေတြလွ ဖို႔အတြက္ ပိေတာက္ပန္းေလးေတြ ကို ေခါင္းမွာေသခ်ာ ပန္ေပးေန ၾကတဲ့ ဘုန္းဘုန္းမ်ား

Posted on

ျမန္မာႏိုင္ငံမွာဆိုရင္ ျပည္သူ အခ်င္းခ်င္းကူညီေပးဖို႔အတြက္ ေဖာင္ေဒးရွင္းေတြ ဖြဲ႕စည္းထားၾကသလို မိဘမဲ့ကေလးငယ္ေလးေတြ အတြက္ လည္း ေဂဟာေလးေတြေဆာက္ၿပီး ေစာင့္ေရွာက္ေပးၾကတာျဖစ္ပါတယ္။ျပည္သူလူထု ကလည္း မိဘေမတၱာငတ္မြတ္ ေနၾက တဲ့ ကေလး ငယ္ေလးေတြ အတြက္ ေဂဟာေတြကိုသြားေရာက္ၿပီးတတ္ႏိုင္သေလာက္ လႉဒါန္းၾကတာ ျဖစ္ပါ တယ္။မႏၲေလးၿမိဳ႕ မွာရွိတဲ့ YGW ပရဟိတ မိဘမဲ့ေက်ာင္းေလးမွာဆိုရင္လည္း ကေလးငယ္ေလးေတြအမ်ားအျပားကို ဘုန္းဘုန္းတို႔က ျပဳစုေစာင့္ေရွာက္ထားၾကတာ ျဖစ္ပါတယ္။

ဘုန္းဘုန္းတို႔က ကေလးေတြကို ေမတၱာအျပည့္အဝေပးၿပီး ေကြၽးေမြး ေစာင့္ေရွာက္လာခဲ့လို႔ ကေလးေတြကလည္းက်န္းက်န္းမာမာနဲ႔ ခ်စ္စ ရာေကာင္းေအာင္ ႀကီးျပင္းလာခဲ့ၾကတာ ျဖစ္ပါတယ္။အလႉရွင္ေတြကလည္း YGW ပရဟိတမိဘမဲ့ေက်ာင္းကိုသြားေရာက္ ၿပီး ခ်စ္စရာက ေလး ငယ္ေလးေတြ အတြက္ လႉဒါန္းေပးၾကတာျဖစ္ပါတယ္။ အခုဆိုရင္ေတာ့ ဘုန္းဘုန္းတို႔က အလွမျပင္ေပးတတ္ၾကေပမယ့္လည္း သမီး ေလးေတြလွဖို႔အတြက္ ေခါင္းမွာပိေတာက္ပန္းေတြ ေသေသခ်ာခ်ာပန္ေပးေနတာ ျဖစ္ပါတယ္။

ကေလးေတြအကုန္လုံး ကလည္း မ်က္ႏွာမွာသနပ္ခါးေတြလိမ္းျခယ္ထားၿပီး ပိေတာက္ပန္း ေလးပါပန္ထားၾကေတာ့အရမ္းခ်စ္စရာ ေကာင္း ေနၾက တာျဖစ္ပါတယ္။ကေလးေတြကေတာ့ ဘုန္းဘုန္းတို႔ရဲ႕ေမတၱာတရားေတြေၾကာင့္ ေန႔ရက္တိုင္းကို စိတ္ခ်မ္းသာစြာ ျဖတ္သန္းေနရတာ ျဖစ္ ပါတယ္။ ကေလးငယ္ေလး ေတြအတြက္ လႉဒါန္းခ်င္တယ္ဆိုရင္ေတာ့ မႏၲေလးတိုင္း၊ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ စက္မႈ(၂)၊ကေနာင္မင္းသား ႀကီး လမ္း (၅၈)လမ္းကို သြားေရာက္ကူညီေပးလို႔ရေၾကာင္းကို ႏႈိးေဆာ္ရင္း ခ်စ္စရာပုံရိပ္ေလးေတြကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။

Source&Photo Credit:YGW ပရဟိတမိဘမဲ့ေက်ာင္း မႏၲေလး

unicode

မြန်မာနိုင်ငံမှာဆိုရင် ပြည်သူ အချင်းချင်းကူညီပေးဖို့အတွက် ဖောင်ဒေးရှင်းတွေ ဖွဲ့စည်းထားကြသလို မိဘမဲ့ကလေးငယ်လေးတွေ အတွက် လည်း ဂေဟာလေးတွေဆောက်ပြီး စောင့်ရှောက်ပေးကြတာဖြစ်ပါတယ်။ပြည်သူလူထု ကလည်း မိဘမေတ္တာငတ်မွတ် နေကြ တဲ့ ကလေး ငယ်လေးတွေ အတွက် ဂေဟာတွေကိုသွားရောက်ပြီးတတ်နိုင်သလောက် လှူဒါန်းကြတာ ဖြစ်ပါ တယ်။မန္တလေးမြို့ မှာရှိတဲ့ YGW ပရဟိတ မိဘမဲ့ကျောင်းလေးမှာဆိုရင်လည်း ကလေးငယ်လေးတွေအများအပြားကို ဘုန်းဘုန်းတို့က ပြုစုစောင့်ရှောက်ထားကြတာ ဖြစ်ပါတယ်။

ဘုန်းဘုန်းတို့က ကလေးတွေကို မေတ္တာအပြည့်အဝပေးပြီး ကျွေးမွေး စောင့်ရှောက်လာခဲ့လို့ ကလေးတွေကလည်းကျန်းကျန်းမာမာနဲ့ ချစ်စ ရာကောင်းအောင် ကြီးပြင်းလာခဲ့ကြတာ ဖြစ်ပါတယ်။အလှူရှင်တွေကလည်း YGW ပရဟိတမိဘမဲ့ကျောင်းကိုသွားရောက် ပြီး ချစ်စရာက လေး ငယ်လေးတွေ အတွက် လှူဒါန်းပေးကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဘုန်းဘုန်းတို့က အလှမပြင်ပေးတတ်ကြပေမယ့်လည်း သမီး လေးတွေလှဖို့အတွက် ခေါင်းမှာပိတောက်ပန်းတွေ သေသေချာချာပန်ပေးနေတာ ဖြစ်ပါတယ်။

ကလေးတွေအကုန်လုံး ကလည်း မျက်နှာမှာသနပ်ခါးတွေလိမ်းခြယ်ထားပြီး ပိတောက်ပန်း လေးပါပန်ထားကြတော့အရမ်းချစ်စရာ ကောင်း နေကြ တာဖြစ်ပါတယ်။ကလေးတွေကတော့ ဘုန်းဘုန်းတို့ရဲ့မေတ္တာတရားတွေကြောင့် နေ့ရက်တိုင်းကို စိတ်ချမ်းသာစွာ ဖြတ်သန်းနေရတာ ဖြစ် ပါတယ်။ ကလေးငယ်လေး တွေအတွက် လှူဒါန်းချင်တယ်ဆိုရင်တော့ မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၂)၊ကနောင်မင်းသား ကြီး လမ်း (၅၈)လမ်းကို သွားရောက်ကူညီပေးလို့ရကြောင်းကို နှိုးဆော်ရင်း ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Source&Photo Credit:YGW ပရဟိတမိဘမဲ့ကျောင်း မန္တလေး

Leave a Reply

Your email address will not be published. Required fields are marked *