Mask မတပ္သူေတြ ကို အလုပ္ၾကမ္း နဲ႔ ေထာင္ဒဏ္(၃)လ ခ်မွတ္မယ္ လို႔ ေျမာက္ကိုရီးယား ေၾကညာ

ေျမာက္ကိုရီးယား အာဏာပိုင္ေတြဟာ သူတို႔ႏိုင္ငံမွာ ကိုဗစ္ရဲ႕သက္ေရာက္မႈ မရွိဘူးလို႔ ဆိုထား ေသာ္လည္း၊ ကြၽမ္းက်င္သူေတြရဲ႕ ခန႔္မွန္း ခ် က္အရ ေျမာက္ကိုရီးယားဟာ ကိုဗစ္ေၾကာင့္ အဆိုးဆုံးဒဏ္ခံရတဲ့ ႏိုင္ငံေတြထဲမွာ ထိပ္သီးက ပါဝင္ဖို႔ရွိတယ္လို႔ မွတ္ခ်က္ ေပးေန ပါတယ္။

မၾကာေသးခင္ကမွ ေျမာက္ကိုရီးယား ဟာ ဖြင့္ထား ဆဲေက်ာင္းေတြ ျပန္ပိတ္ခဲ့ရၿပီး၊ အနည္းဆုံး(၃)လေလာက္ေတာ့ ေက်ာင္းေတြျပန္ဖြင့္ဖို႔ ဆိုင္းငံ့ထားရဦးမယ္လို႔ သိရပါတယ္။ သူတို႔ႏိုင္ငံမွာ ကိုဗစ္ဒဏ္ကို မခံရဘူးဆိုေ သာ္လည္း ေတာင္ကိုရီးယားအေျခစိုက္ သတင္းေတြက လူေထာင္ခ်ီ ေသဆုံးခဲ့ တယ္လို႔ ဆိုထား တာပါ။

ၿပီးခဲ့တဲ့လအနည္းငယ္ကလည္း ေခါင္းေဆာင္ကင္ ဟာ ဆိုး႐ြားတဲ့ က်န္းမာေရး အေျခအေနကို ရင္ဆိုင္ခဲ့ရတယ္လို႔ ေကာလာဟလေတြ ထြက္ေ ပၚခဲ့သလို၊ ႏိုင္ငံပိုင္႐ုပ္သံေတြမွာ ျမင္ေတြ႕ရတာ ကေတာ့ သူဟာ Social distancing ေကာင္းေကာင္း လိုက္နာေနတာကို ေတြ ႕ရပါတယ္။

အခုလည္း ေျမာက္ကိုရီးယား အာဏာပိုင္ေတြဟာ Mask မတပ္တဲ့ ျပည္သူေတြ ကို အလုပ္ၾကမ္းနဲ႔ေ ထာင္ဒဏ္(၃)လအထိ ခ်မွတ္ဖို႔ စည္း ကမ္းသတ္မွတ္လိုက္ၿပီလို႔ သိရပါတယ္။ ဒီအေျခအေနကို ေထာက္ဆျ ခင္းအားျဖင့္ ေျမာက္ကိုရီးယား ဟာ တကယ္ကို ကိုဗစ္ေၾကာင့္ ဒုကၡေရာက္ ခဲ့ရပုံရွိတယ္လို႔ ေကာက္ ခ်က္ခ် ရပါတယ္။

လက္တေလာမွာေတာ့ ေက်ာင္းသား ေက်ာင္းသူေတြကို လမ္းေပၚထြက္ဖို႔ အထူးတာဝန္ ေပးထားၿပီး၊ သူတို႔တစ္ေတြဟာ ျပည္သူျပ ည္သားေတြ Mask တပ္ျခင္းရွိမရွိဆိုတာကို အလွည့္က် ေစာင့္ၾကည့္ရမွာပါ။ တကယ္လို႔ Mask မတပ္ထားသူေတြ႕ရွိပါက မည္သူမဆို အထက္ပါ ႀကီးေလးတဲ့ျပစ္ဒဏ္ ကို ႁခြင္းခ်က္မရွိ က်ခံရမွာ လို႔ သိရပါတယ္။

ဘာသာျပန္-လင္းသုတ

Ref ; Mirror

unicode

မြောက်ကိုရီးယား အာဏာပိုင်တွေဟာ သူတို့နိုင်ငံမှာ ကိုဗစ်ရဲ့သက်ရောက်မှု မရှိဘူးလို့ ဆိုထား သော်လည်း၊ ကျွမ်းကျင်သူတွေရဲ့ ခန့်မှန်း ချ က်အရ မြောက်ကိုရီးယားဟာ ကိုဗစ်ကြောင့် အဆိုးဆုံးဒဏ်ခံရတဲ့ နိုင်ငံတွေထဲမှာ ထိပ်သီးက ပါဝင်ဖို့ရှိတယ်လို့ မှတ်ချက် ပေးနေ ပါတယ်။

မကြာသေးခင်ကမှ မြောက်ကိုရီးယား ဟာ ဖွင့်ထား ဆဲကျောင်းတွေ ပြန်ပိတ်ခဲ့ရပြီး၊ အနည်းဆုံး(၃)လလောက်တော့ ကျောင်းတွေပြန်ဖွင့်ဖို့ ဆိုင်းငံ့ထားရဦးမယ်လို့ သိရပါတယ်။ သူတို့နိုင်ငံမှာ ကိုဗစ်ဒဏ်ကို မခံရဘူးဆိုေ သာ်လည်း တောင်ကိုရီးယားအခြေစိုက် သတင်းတွေက လူထောင်ချီ သေဆုံးခဲ့ တယ်လို့ ဆိုထား တာပါ။

ပြီးခဲ့တဲ့လအနည်းငယ်ကလည်း ခေါင်းဆောင်ကင် ဟာ ဆိုးရွားတဲ့ ကျန်းမာရေး အခြေအနေကို ရင်ဆိုင်ခဲ့ရတယ်လို့ ကောလာဟလတွေ ထွက်ေ ပါ်ခဲ့သလို၊ နိုင်ငံပိုင်ရုပ်သံတွေမှာ မြင်တွေ့ရတာ ကတော့ သူဟာ Social distancing ကောင်းကောင်း လိုက်နာနေတာကို တွေ့ရပါတယ်။

အခုလည်း မြောက်ကိုရီးယား အာဏာပိုင်တွေဟာ Mask မတပ်တဲ့ ပြည်သူတွေ ကို အလုပ်ကြမ်းနဲ့ေ ထာင်ဒဏ်(၃)လအထိ ချမှတ်ဖို့ စည်း ကမ်းသတ်မှတ်လိုက်ပြီလို့ သိရပါတယ်။ ဒီအခြေအနေကို ထောက်ဆြ ခင်းအားဖြင့် မြောက်ကိုရီးယား ဟာ တကယ်ကို ကိုဗစ်ကြောင့် ဒုက္ခရောက် ခဲ့ရပုံရှိတယ်လို့ ကောက် ချက်ချ ရပါတယ်။

လက်တလောမှာတော့ ကျောင်းသား ကျောင်းသူတွေကို လမ်းပေါ်ထွက်ဖို့ အထူးတာဝန် ပေးထားပြီး၊ သူတို့တစ်တွေဟာ ပြည်သူပြ ည်သားတွေ Mask တပ်ခြင်းရှိမရှိဆိုတာကို အလှည့်ကျ စောင့်ကြည့်ရမှာပါ။ တကယ်လို့ Mask မတပ်ထားသူတွေ့ရှိပါက မည်သူမဆို အထက်ပါ ကြီးလေးတဲ့ပြစ်ဒဏ် ကို ခြွင်းချက်မရှိ ကျခံရမှာ လို့ သိရပါတယ်။

ဘာသာပြန်-လင်းသုတ

Ref ; Mirror

Add a Comment

Your email address will not be published. Required fields are marked *